စက်တင်ဘာ ၁၉ ရက် ပြင်ပစျေးကွက်တွင်  ပြည်တွင်းရွှေစျေးနှုန်း တစ်ကျပ်သားလျှင် ကျပ် ၂၈၇၀၀၀၀ ဝန်းကျင်ထိ ပြန်လည်ကျဆင်း

စက်တင်ဘာ ၁၉ ရက် ပြင်ပစျေးကွက်တွင်  ပြည်တွင်းရွှေစျေးနှုန်း တစ်ကျပ်သားလျှင် ကျပ် ၂၈၇၀၀၀၀ ဝန်းကျင်ထိ ပြန်လည်ကျဆင်း
Published 19 September 2022

စက်တင်ဘာ ၁၉ ရက် ပြင်ပစျေး ကွက်တွင် ပြည်တွင်းရွှေစျေးနှုန်း တစ်ကျပ် သားလျှင် ကျပ် ၂၈၇၀၀၀၀ ဝန်းကျင်ထိ ပြန်လည်ကျဆင်းလာကြောင်း သိရသည်။

စက်တင်ဘာ ၁၉ရက် ပြင်ပစျေးကွက် တွင်  ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၂၈၇၀၀၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့သော်လည်း ရန်ကုန် ရွှေအသင်းက တစ်ကျပ်သားလျှင် ကျပ် ၁၉၆၀၀၀၀ ဝန်းကျင်ရည်ညွှန်း စျေးသတ် မှတ်ခဲ့ကြောင်း ရွှေရောင်း ဝယ်သူများ ထံမှ သိရသည်။

ပြီးခဲ့သည့်စက်တင်ဘာ၁၇ ရက်တွင် အခေါက်ရွှေစျေး  နှုန်းမှာ တစ်ကျပ်သားလျှင် ကျပ် ၂၉၃၀၀၀၀ ဝန်းကျင်ဖြင့် စတင်စျေးဖွင့် ခဲ့ပြီး၊ ကျပ် ၂၉၃၀၀၀၀ ဝန်းကျင်ဖြင့် စျေးပိတ်ခဲ့ကာ အနိမ့်ဆုံး ကျပ် ၂၉၁၀၀၀၀ နှင့် အမြင့်ဆုံး ကျပ် ၂၉၄၀၀၀၀ ဝန်းကျင်  ရှိခဲ့ကြောင်း သိရသည်။

စံချိန်တင်စျေးနှုန်းအနေဖြင့် သြဂုတ်၁၂ ရက်တွင် အခေါက်ရွှေစျေး  နှုန်းမှာ တစ်ကျပ် သားလျှင် ကျပ် ၂၆သိန်း သို့ ရောက်ရှိခဲ့ပြီး၊ သြဂုတ်၁၃တစ်ရက်တည်း တွင် နံနက် ပိုင်း ၌၂၇ သိန်း၊ နေ့လည်ပိုင်းတွင်၂၈ သိန်း  ကျော် အထိစံချိန်တင် မြင့်တက်ခဲ့ပြီး ၊ သြဂုတ် ၃၁ ရက်က ၃၆၇၀၀၀၀ ထိစံချိန်တင် မြင့်တက် ခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန် တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တို ဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်း ကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင် ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့် တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံး နှင့် အမြင့်ဆုံးကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ်ဧပြီတွင် ၁၅၆၈-၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၇၆၉-၁၉၇၅ ဒေါ်လာ၊ သြဂုတ်တွင် ၁၈၅၉-၂၀၇၅ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၈၄၈-၁၉၇၅ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၈၅၈- ၁၉၃၃ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၇၆၄- ၁၉၆၆ ဒေါ် လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ဝန်းကျင်ရှိ ခဲ့ခြင်းဖြစ်သည်။

  ရွှေစျေးနှုန်းအား သတ်မှတ်နိုင်ငံခြားငွေ လဲနှုန်းအပေါ်မူတည်၍ အရောင်းအဝယ် ပြု လုပ်ရန်  ညွှန်ကြားထားသော်လည်း ရွှေဆိုင် အများစုမှာ ပြင်ပပေါက်စျေးဖြင့်သာအရောင်း  အဝယ်ပြုလုပ်နေကြကြောင်း သိရသည်။

Most Read

Most Recent