မြန်မာ့မီးရထားက ယခင်ပြေးဆွဲခဲ့သည့် တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းရှိ တောင်ကြီး-ဘန်းယဉ် အဆန်၊ အစုန်ရထား ခရီးစဉ်အား ပြန်လည်ပြေးဆွဲ

မြန်မာ့မီးရထားက ယခင်ပြေးဆွဲခဲ့သည့် တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းရှိ တောင်ကြီး-ဘန်းယဉ် အဆန်၊ အစုန်ရထား ခရီးစဉ်အား ပြန်လည်ပြေးဆွဲ
Published 2 September 2022

မြန်မာ့မီးရထားက ယခင်ပြေးဆွဲခဲ့သည့် တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းရှိ တောင်ကြီး-ဘန်းယဉ် အဆန်၊ အစုန်ရထားခရီးစဉ်အား ပြန်လည်ပြေးဆွဲခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

တောင်ကြီး-ဆိုက်ခေါင်လမ်းပိုင်းရှိ တောင်ကြီး-ဘန်းယဉ်ခရီးစဉ်အမှတ်(၁၅၃) အဆန်၊ အမှတ်(၁၅၄)အစုန်ရထားပြန်လည် ပြေးဆွဲခြင်းအခမ်းအနားကို စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက တောင်ကြီးဘူတာစင်္ကြ၌ ကျင်းပခဲ့သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် တောင်ကြီး-ဆိုက်ခေါင် ရထားလမ်းပိုင်းရှိ တောင်ကြီးဘူတာမှ ဘန်းယဉ်ဘူတာအထိ ၃၃ ဒသမ ၇၁ မိုင်ရှိ ရထားလမ်းပိုင်းတွင် ရထားပြန်လည်ပြေးဆွဲခြင်းဖြစ်ရာ တောင်ကြီး-ဆိုက်ခေါင်ရထားလမ်းပိုင်း၌ ရထားပြေးဆွဲခြင်းကို ၂၀၂၁ ခုနှစ် ေဖေဖာ်ဝါရီလ ဒုတိယပတ်ခန့် ကိုဗစ်-၁၉ ကာလတွင် ယာယီရပ်နားခဲ့ကြောင်း သိရသည်။

ယခုအခါဒေသခံတိုင်းရင်းသားပြည်သူများ၏ တောင်းဆိုချက်အရ မြန်မာ့မီးရထားက ရထားလမ်းပိုင်း ကြံ့ခိုင်တောင့်တင်းမှုရှိစေရေး ပြုပြင်ဆောင်ရွက်ပေးခဲ့ပြီး ရထားစီးခရီး သွားတိုင်းရင်းသားပြည်သူများ စိတ်ချမ်းမြေ့ လုံခြုံစွာသွားလာအသုံးပြုနိုင်စေရန် ဆောင်ရွက်ထားပြီး ပြည်သူများ၏ လိုအပ်ချက်ပေါ်မူတည်၍ ခရီးဆုံးဘူတာဖြစ်သည့် ဆိုက်ခေါင်အထိ ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရထားပြေးဆွဲရာတွင် အမှတ် (၁၅၃) အဆန် လူစီးကုန်တင်ရထားသည် တောင်ကြီးဘူတာမှ မွန်းလွဲ ၂ နာရီခွဲတွင် ထွက်ခွာ၍ ဘန်းယဉ်ဘူတာသို့ ညနေ ၄ နာရီ မိနစ် ၅၀ တွင်လည်းကောင်း၊ အမှတ် (၁၅၄)အစုန် လူစီးကုန်တင်ရထားသည် ဘန်းယဉ်ဘူတာမှ နံနက် ၅ နာရီခွဲတွင် ထွက်ခွာ၍ တောင်ကြီးဘူတာသို့ နံနက် ၈ နာရီတွင် လည်းကောင်းရောက်ရှိမည်ဖြစ်ရာ ဖာမွန်းဘူတာ၊ နောင်ကားဘူတာ၊ ဟမ်းဆီးဘူတာ၊ ကက္ကူဘူတာနှင့် ဘန်းယဉ်ဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

အဆိုပါရထားပြန်လည်ပြေးဆွဲခြင်း အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အမှာစကားပြောကြားပြီး မြန်မာ့မီးရထားဦးဆောင်ညွှန်ကြားရေးမှူးက တောင်ကြီး-ဘန်းယဉ်ရထား ပြန်လည်ပြေးဆွဲမှုအခြေအနေများကို ရှင်းလင်းတင်ပြကြောင်း သိရသည်။

Most Read

Most Recent