ပေါင်မြို့နယ် ဇင်းကျိုက်မြို့ရှိ ဇင်းကျိုက် တောင်တက်လမ်း ခြင်္သေ့နှစ်ကောင်မုခ်ဝ အ နီးရှိ နဂါးဥစေတီမှ အထက်ဘက်သို့သွယ်တန်း ထားသော လျှပ်စစ်မီးကြိုးများ ဖြုတ်ခိုးခံရ ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
“ဆံတော်ရှင် ဇင်းကျိုက်တောင်တက် လမ်း ခြင်္သေ့နှစ်ကောင်မုခ်ဝအနီးမှာ တည်ထား တဲ့ နဂါးဥစေတီကနေ အပေါ်ဘက်ကို သွယ် တန်းထားတဲ့ မီးကြိုးတွေ မနေ့ (သြဂုတ် ၂၂) နေ့လယ်ပိုင်းက ဖြုတ်ခိုးခံလိုက်ရတယ်။ အ ရှည်က ဓာတ်မီးတိုင် လေးတိုင်စာလောက်ရှိ တယ်။ မီးကြိုးတွေက နှစ်ချောင်းလိုင်းကြေးကြိုးတွေပါ။ တန်ဖိုးကတော့ နားလည်တဲ့သူ တွေပြောတာက ကျပ် ၁၂ သိန်းခွဲလောက်ရှိ တယ်” ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ဇင်းကျိုက်တောင်ရိုးတစ်လျှောက်ရှိ စေ တီ၊ ဘုရား၊ ဘုန်းတော်ကြီးကျောင်းများသို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများမှာ လည်း မကြခဏ ဖြုတ်ခိုးခံရမှုများရှိကြောင်း နှင့် ဇင်းကျိုက်မြို့တွင်လည်း ဆိုင်ကယ်၊ ဖုန်း အစရှိသည့်ပစ္စည်းများ မကြာခဏခိုးယူခံရမှုများရှိနေကြောင်း ဇင်းကျိုက်မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။















