တရုတ်အစိုးရပိုင် CITIC က ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆက်လက်လုပ်ကိုင်ရန်စီစဉ်နေပြီး သြဂုတ် ၂၇ ရက်နှင့် ၂၉ ရက်တွင် လူထုတွေ့ဆုံမှုများ ဆောင်ရွက်မည်

တရုတ်အစိုးရပိုင် CITIC က ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆက်လက်လုပ်ကိုင်ရန်စီစဉ်နေပြီး သြဂုတ် ၂၇ ရက်နှင့် ၂၉ ရက်တွင် လူထုတွေ့ဆုံမှုများ ဆောင်ရွက်မည်
ကျောက်ဖြူဒေသရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
ကျောက်ဖြူဒေသရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
Published 20 August 2022

တရုတ်အစိုးရပိုင် CITIC က  ကျောက် ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဆက်လက်လုပ်ကိုင်ရန် စီစဉ်နေပြီး သြဂုတ် ၂၇ နှင့် ၂၉ ရက်တွင်လူထုတွေ့ဆုံမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း သြဂုတ်လ ၁၉ ရက်က နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

တရုတ်အစိုးရပိုင် CITIC Consortium Myanmar Port Invesement Ltd.(CITIC Consortium) နှင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ (KPSEZ-MC) တို့က ဖက်စပ်စာချုပ်တစ်ခုချုပ်ဆိုပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပ ဏီလီမိတက်(စီမံကိန်းကုမ္ပဏီ)ကို ၂၀၂၀ ခု နှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါကုမ္ပဏီက အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ပုံဖော်ခြင်း၊ ဒီဇိုင်းဆွဲခြင်း၊ ဆောက်လုပ်ခြင်း၊ ဘဏ္ဍာရေး၊လုပ်ငန်းလည်ပတ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ လုပ်ငန်း လွှဲပြောင်းခြင်းကိစ္စများ ပြုလုပ်ဆောင်ရွက်နေခြင်းကြောင်း သိရသည်။

စာချုပ်တွင် သဘောတူထားသည့် အတိုင်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းနှင့် ရမ်းဗြဲကျွန်းတို့တွင် မဒေကျွန်းကို ဆက်သွယ်မည့် ရေနက်ဆိပ်ကမ်းနှင့် ရမ်းဗြဲကျွန်း ရေနက်ဆိပ်ကမ်းစီမံကိန်းအစိတ်အပိုင်းများ၊ ယင်းစီမံကိန်းများရှိရာ ကျွန်းနှစ်ကျွန်းကို ဆက်သွယ်မည့် ၁၅-ကီလိုမီတာအရှည်၊ လေးလမ်းမောင်းနှင့် တံတားတည်ဆောက် ရေးလုပ်ငန်းများအတွက် စီမံကိန်းကုမ္ပဏီ၏ ကိုယ်စားသဘာဝပတ်ဝန်းကျင်နှင့် လူမှုစီး ပွားရေးအပေါ် အကျိုးသက်ရောက်မှုလေ့လာဆန်းစစ်ခြင်းကို CITIC Consortium မှ ဆောင်ရွက်ခွင့်ရရှိပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု လေ့လာဆန်းစစ် ခြင်းလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံတကာစံနှုန်းများတွင် ဖော်ထားသည့်အ ချက်များနှင့်အညီ ထိခိုက်မှုဆန်းစစ်ခြင်းကို ဆောင်ရွက်မည့် တတိယအဖွဲ့အစည်းဖြစ်သော Myanmar Survey Research(MSR) Consortium က လူထုတွေ့ဆုံဆွေးနွေးမှုများကို သြဂုတ် ၂၇ ရက်တွင် ကျောက်ဖြူမြို့နှင့် သြဂုတ် ၂၈ ရက်တွင် မဒေကျွန်းတို့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့် ခွဲမှုကော်မတီ(စီမံကိန်းကော်မတီ)၊ CITIC Consortium Hatch (စီမံကိန်းစီမံခန့်ခွဲမှုအကြံပေးနှင့် MSR တို့က စီမံကိန်းအကြောင်း၊ ပတ်ဝန်းကျင်နှင့် လူမှုစီးပွားရေးအပေါ် ထိခိုက်နိုင်မှုများနှင့် ယင်းထိခိုက်နိုင်မှုများကို လျော့ပါးစေမည့်နည်းလမ်းများကို လေ့လာဆန်းစစ်ဆောင်ရွက်သွားမည့် အစီအစဉ်များအား အဓိကရှင်းလင်တင်ပြသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent