ပြီးခဲ့သည့် ဇွန်လတစ်လအတွင်း ပြည်တွင်းသို့ ဟောင်ကောင်နှင့် တရုတ်နိုင်ငံတို့မှ  ဒေါ်လာရှစ်သန်းတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသုံးခု  MIC ခွင့်ပြု

ပြီးခဲ့သည့် ဇွန်လတစ်လအတွင်း ပြည်တွင်းသို့ ဟောင်ကောင်နှင့် တရုတ်နိုင်ငံတို့မှ  ဒေါ်လာရှစ်သန်းတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသုံးခု  MIC ခွင့်ပြု
နိုင်ငံတကာမှလုပ်ငန်းရှင်များ ဝင်ရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန်တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)
နိုင်ငံတကာမှလုပ်ငန်းရှင်များ ဝင်ရောက်ရင်းနှီးမြှုပ်နှံလျက်ရှိသည့် သီလဝါအထူးစီးပွားရေးဇုန်တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ-အောင်မျိုးသန့်)
Published 20 August 2022

ပြီးခဲ့သည့် ဇွန်လတစ်လအတွင်း ပြည် တွင်းသို့ ဟောင်ကောင်နှင့် တရုတ်နိုင်ငံတို့မှ ဒေါ်လာရှစ်သန်းတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုလုပ်ငန်းသုံးခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် က ခွင့်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန မှ ထုတ်ပြန်ထားသည့် စာရင်း များအရ သိရသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ တစ်လအတွင်း မြန် မာနိုင်ငံအနေဖြင့် တ ရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသုံးခုကို ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁ ဒသမ ၂ သန်းကျော်ရှိ သည်။ ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှုလုပ် ငန်းတစ်ခုကို ခွင့်ပြုပေးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုပ မာဏ ဒေါ်လာ ၄ ဒသမ ၅၅၄ သန်းရှိသည်။

ပြီးခဲ့သည့် ဇွန်လတစ်လအတွင်း နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု သုံးခွင့်ပြုပေးခဲ့ပြီး ရင်းနှီး မြှုပ်နှံမှုပမာဏ ဒေါ်လာ ၈ ဒသမ ၇ သန်း ကျော်ရှိကြောင်း သိရသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၂ ခု နှစ်၊ ဇွန်လအထိ မြန်မာနိုင်ငံအတွင်း နိုင်ငံ ပေါင်း ၅၂ နိုင်ငံက မြန်မာနိုင်ငံအတွင်း လာ ရောင်ရင်းနှီီးမြှုပ်နှံထားသည်။ အဆိုပါကာလအတွင်း မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၉၃ ဒသမ ၂၉၄ ဘီလျံတန် ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၃၀၀ ကျော်ရှိကြောင်း  မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

အဆိုပါကာလအတွင်း စင်ကာပူနိုင်ငံ မှ ရင်းနှီးမြှုပ်နှံမှုပမာဏ ၂၄ ဒသမ ၆၇၇ ဘီလျံ တန်ဖိုးရှိ လုပ်ငန်းပေါင်း ၃၅၁ ခုဖြင့် အများဆုံး ခွင့်ပြုထားခြင်း ဖြစ်သည်။

တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၁ ဒသမ ၇၂၁ ဘီလျံတန်ဖိုးရှိ လုပ် ငန်းပေါင်း ၅၅၃ ခုဖြင့် ဒုတိယအများဆုံးဖြစ် သည်။

ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၁ ဒသမ ၅ ဘီလျံကျော်ဖြင့် တတိယအများဆုံး နှင့် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉ ဒသမ ၈ ဘီလျံကျော်ဖြင့် စတုတ္ထ အများဆုံးဖြစ်သည်။

ခြောက်လအတွင်း မြန်မာနိုင်ငံအတွင်း သို့ နိုင်ငံအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင် ရောက်မှုအနေဖြင့် စင်ကာပူက ဒေါ်လာ ၂၉၇ သန်းကျော်ဖြင့် အများဆုံးဖြစ်သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်   ခြောက်လအတွင်း နိုင်ငံအလိုက် ဝင် ရောက်မြှုပ်နှံမှုအနေဖြင့် စင်ကာပူက ရင်းနှီး မြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၂၉၇ ဒသမ ၃၄၉ သန်း၊ တရုတ်နိုင်ငံက ရင်းနှီးမြှုပ် နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၄၂ ဒသမ ၁၃၇ သန်း၊တိုင်ပေက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ၈ ဒသမ ၆၄၁ သန်း၊ပြင်သစ်က ဒေါ်လာ ၀ ဒသမ ၄၉၇ သန်း၊ ဟောင်ကောင်က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ်လာ ၁၀၉ ဒသမ  ၁၄၀ သန်း၊အိန္ဒိယနိုင်ငံက ဒေါ် လာ ၀ ဒသမ ၅၅၀ သန်း၊အင်ဒိုနီးရှားနိုင်ငံ ကဒေါ်လာ ၅ ဒသမ ၁ သန်း၊ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ဒေါ် လာ၄ ဒသမ ၅၃၀ သန်း၊မလေးရှားကရင်းနှီး မြှုပ်နှံမှုတိုး မြှင့်ခြင်းအပါအဝင် ဒေါ်လာ ၀ ဒသမ ၃၁၂ သန်း၊ က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၆၂ ဒသမ ၆၉၃ သန်း၊ က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါ အဝင် ဒေါ်လာနှစ်သန်း၊  က ဒေါ်လာ ၁ ဒသမ ၃၄၃ သန်း၊ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ် လာ ခုနစ်သန်း၊နယ်သာလန်က ရင်းနှီးမြှုပ် နှံမှုတိုးမြှင့်ခြင်းအပါ အဝင် ဒေါ်လာလေး သန်း၊ကရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အ ပါအဝင် ဒေါ်လာ ၀ ဒသမ ၃၃၅ သန်း၊နီပေါက ဒေါ်လာ ၁ ဒသမ ၅ သန်း ဝင်ရောက်ထား ကြောင်း  မှ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

 

Most Read

Most Recent