Commercial Flightများ ဆင်းသက်မှု စတင်နေပြီဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် NOK Air လေကြောင်းလိုင်းက ဘန်ကောက်-ရန်ကုန်ခရီးစဉ် ညခရီးစဉ်ကိုပါ ထပ်တိုးပျံသန်းမည်

Commercial Flightများ ဆင်းသက်မှု စတင်နေပြီဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် NOK Air လေကြောင်းလိုင်းက ဘန်ကောက်-ရန်ကုန်ခရီးစဉ် ညခရီးစဉ်ကိုပါ ထပ်တိုးပျံသန်းမည်
မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ခရီးသွားများအားတွေ့ရစဉ်
မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ခရီးသွားများအားတွေ့ရစဉ်
Published 19 August 2022

Commercial Flight များ ဆင်းသက်မှု စတင်နေပြီဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်NOK Air လေကြောင်း လိုင်းက ဘန်ကောက်-ရန်ကုန်ခရီးစဉ်အား ညခရီးစဉ်ကိုပါ တိုးချဲ့ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။ NOK Air လေကြောင်း လိုင်းသည် လက်ရှိတွင် ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား နေ့ဘက်ခရီးစဉ်များ ပျံသန်းနေရာမှ လာမည့်စက်တင်ဘာ မှစတင်ကာ ည Flight များကို တစ်ပတ်လေးရက် ထပ်တိုး ပျံ သန်းသွားမည်ဟု သိရသည်။

လေးလတာအတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှ Bussiness Flight အပါအဝင်ဗီဇာအမျိုးအစားအလိုက် နိုင်ငံ ခြားသားခရီးသွား နှစ်သောင်းကျော်ဝင် ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကမ္ဘာလှည့်ဗီဇာဖြင့် ဝင်ရောက်ခဲ့သည့် နိုင်ငံ ခြားသားခရီးသွားများမှာ ထိုင်း၊ ကိုရီးယား၊ အိန္ဒိယ၊ မလေးရှား၊ ဂျပန်၊ စင်ကာပူ၊ အမေရိ ကန်၊ ထိုင်ဝမ်၊ သီရိလင်္ကာနှင့် ဗီယက်နမ် စသည့်နိုင်ငံများမှဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်နိုင်ငံခြားသားများအား စတင်လည်ပတ်ခွင့်ပြုပေးခဲ့သည့် ကာလမှ စတင်ပြီး သုံးလတာအတွင်း  ကမ္ဘာလှည့်ဗီဇာဖြင့် ဝင်ရောက်လာသည့် နိုင်ငံခြား သားခရီးသွား သုံးထောင်ကျော်ရှိကြောင်း သိရသည်။

ကမ္ဘာလှည့်ဗီဇာအား ၂၀၂၂ ခုနှစ်၊ မေလ ၂ဝရက်နေ့မှစတင် ခွင့်ပြုပေးခဲ့ပြီး သြဂုတ် ၁၂ရက်အထိ ရန်ကုန်လေဆိပ်တစ်ခုတည်းမှ ကမ္ဘာလှည့်ဗီဇာဖြင့် ဝင်ရောက်လာသည့် ခရီးသွား သုံးထောင်ကျော်ရှိခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအားလုံး COVID-19 ကာကွယ်ဆေးအား အကြိမ်ပြည့်ထိုးနှံပြီးမှသာ ဝင်ရောက် ခွင့်ရမည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၁ ရက် မှစတင်ကာ နိုင်ငံတကာ ပုံမှန် လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေး ဆိုင်ရာ သတ်မှတ်ချက်များအား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်အရ သြဂုတ် ၁ ရက်မှစတင်ကာ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအားလုံးသည် မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက အသိမှတ် ပြုထားသည့် COVID-19  ရောဂါကာကွယ် ဆေးတစ်မျိုးမျိုးအနက် တစ်မျိုးမျိုးကို မြန်မာ နိုင်ငံသို့ဆိုက်ရောက်သည့်နေ့ရက် မတိုင်မီ လွန်ခဲ့သော ၁၄ ရက်ကျော်က အကြိမ်ပြည့် ထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်၊ RTPCR နည်းဖြင့် စစ်ဆေးထုတ်ပေးထားသည့် ဓာတ်ခွဲအဖြေ၊ နိုင်ငံခြားသားခရီးသွားများအတွက် မြန်မာ့အာမခံလုပ်ငန်းထံမှ COVID-19  ဆိုင်ရာ ကျန်းမာရေး အာမခံစသည်ဖြင့် စာရွက်စာတမ်း အထောက်အထားများလို အပ်မည်ဖြစ်ကြောင်း သိရသည်။

ခရီးသွားများအနေဖြင့် COVID-19  Antigen Rapid Diagnostic Test (RTD)နည်းဖြင့် COVID-19 စစ်ဆေးခြင်းကို ခံယူရမည်ဖြစ်ပြီး ကုန်ကျစရိတ်အဖြစ် ခရီးသည်တစ်ဦးလျှင် မြန်မာကျပ် ၁၅၀၀၀ မိမိအစီအစဉ်ဖြင့် ကျခံရမည်ဖြစ်သည်။ ဓာတ်ခွဲအဖြေတွင် ရောဂါပိုးမတွေ့ရှိပါက ခရီးသွားများအ နေဖြင့် မိမိတို့၏ခရီးစဉ်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ပုံမှန်အားဖြင့် ဓာတ်ခွဲအဖြေကို နှာခေါင်းတို့ဖတ်ရယူအပြီး တစ်နာရီအတွင်း ကျန်းမာရေးဌာနက ခရီးသည်အား ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

ခရီးသွားများတွင် ကိုယ်အပူချိန်မြင့် တက်ခြင်းအပါအဝင် COVID-19 ရောဂါ လက္ခဏာများ တွေ့ရှိလျှင် သို့မဟုတ် RTD နည်းဖြင့် စစ်ဆေးစဉ်အတွင်း COVID-19  ရောဂါရှိကြောင့် တွေ့ရှိလျှင် ၎င်းတို့ကို ကျန်းမာရေးအစီအမံများနှင့်အညီ ချက်ချင်း သီးခြားထားရှိမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီး ဌာနက သတ်မှတ်ထားသည့် ဆေးရုံ(သို့မ ဟုတ်)ကုသရေးစင်တာ (သို့မဟုတ်) ဟိုတယ် သို့လွှဲပြောင်းပို့ဆောင်ကာ ကုသမှုခံယူရမည် ဖြစ်ကြောင်းသိရသည်။ နိုင်ငံတကာခရီးသွား များအား မြန်မာနိုင်ငံတွင် ခရီးတစ်ထောက် ရပ်နားခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

Most Read

Most Recent