နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း ၇၄ နှစ်ပြည့်အဖြစ် ပြည်တွင်းပြည်ပခရီးစဉ်များကို ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂၀ စျေးလျှော့ရောင်းချမည့် MNA 74th Anniversary Promotion စတင်

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း ၇၄ နှစ်ပြည့်အဖြစ် ပြည်တွင်းပြည်ပခရီးစဉ်များကို ၁၅ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂၀ စျေးလျှော့ရောင်းချမည့် MNA 74th Anniversary Promotion စတင်
Published 18 August 2022

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်း လိုင်း ၇၄ နှစ်ပြည့်အဖြစ် ပြည်တွင်း ပြည်ပခရီးစဉ်များကို ၁၅ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း စျေးလျှော့ရောင်းချမည့် MNA 74th Anniversary Promotion အားသြဂုတ် ၁၇ ရက်တွင် စတင်ခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ခရီးစဉ်များကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း စျေးလျှော့ရောင်းချမည့် MNA 74th Anniversary Promotion အား  သြဂုတ် ၁၇ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ MNA 74th Anniversary Promotion ကာလအတွင်း ဝယ်ယူသော လေယာဉ်လက်မှတ်များအတွက် ခရီးသွား ကာလကို ၂၀၂၂ခုနှစ်၊ သြဂုတ် ၁၇ မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ သတ်မှတ်ပေး ထားသည့်အပြင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၉ ရက်မတိုင်ခင်အထိ တစ်ကြိမ်အခမဲ့ ရက်ချိန်းနိုင်ကြောင်း သိရသည်။

အထူးအစီအစဉ်အနေဖြင့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၅ ရက်ခရီးစဉ်များတွင် လိုက် ပါစီးနင်းမည့်ခရီးသည်များအား လေယာဉ်ပေါ်တွင် လက်မှတ်များကို မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထပ်မံ၍ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁  ရက်မှ ၁၅ ရက်အတွင်း ပျံသန်းထားသော ပြည်ပခရီးစဉ်၏ အသွားအပြန် Boarding Pass နှစ်စောင်ကို စက်တင်ဘာ ၃၀ ရက် မတိုင်မီ မြန်မာအမျိုးသားလေကြောင်း လက် မှတ်အရောင်းကောင်တာများတွင် ပြသ၍ ပြည်တွင်းခရီးစဉ် One Way Ticket အား 20% လျှော့စျေးဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်း လိုင်း၏ လေယာဉ်လက်မှတ်များကို MNA website www.flymna.com  ၊Mobile Application ၊ MNA Ticketing Counters နှင့် Authorized Travel Agent များတွင် ဒေါ်လာနှင့် မြန်မာကျပ်ငွေများဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းက ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့သို့ ဇူလိုင် ၂၂ ရက်မှစ၍ ခရီးစဉ်တစ်ကြောင်းလျှင် ဒေါ်လာ ၄၉၀ မှစတင်ကာ ပျံသန်းမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံတကာခရီးစဉ်သစ်ပျံသန်းမှုအဖြစ် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့သို့  ဇူလိုင် ၂၂ ရက်မှစတင်ကာ Boeing 737-800NG လေယာဉ်ဖြင့် ပျံသန်းခဲ့ကြောင်း သတင်းရရှိသည်။                                     

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံတကာခရီးစဉ်သစ်ပျံသန်းမှုအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့နှင့်ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့များသို့ ခရီးစဉ်များပျံသန်းရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် နိုင်ငံတကာခရီးစဉ်သစ် ပျံသန်းမှုအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ ၂၀၂၂ ခုနှစ် ဇူလိုင် ၄ ရက်မှစတင်ကာ အပတ် စဉ်တနင်္လာနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ် Terminal-1 မှပျံသန်းခဲ့ခြင်းဖြစ်သည်။

ကျွန်တော်တို့ နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းအနေနဲ့ ပြည်ပခရီးစဉ် တွေအနေနဲ့ ဗုဒ္ဓဂယာဘုရားဖူးရာသီမှာ ဂယာကိုလည်းပျံသန်းဖို့အတွက် စီမံဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ဟောင်ကောင်နဲ့ ဒူဘိုင်းကိုလည်း ပျံသန်းနိုင်ဖို့စီစဉ်နေပါတယ်”ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီအီးအိုကပ္ပတိန်ခုပ်ခန့်မုံက ပြောကြားသည်။

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ၏ပြည်တွင်းခရီးစဉ်များတွင်  Mobile Application မှ တစ်ဆင့် Online Check-in  ပြုလုပ်ပြီး E-Boarding Pass ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent