kpay၊ Wave  စသည့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများတွင် ငွေလွှဲ၊ ငွေထုတ်သူအား မှတ်တမ်းတင်ထားနိုင်ရန် Agent ဆိုင်များတွင် CCTV တပ်ဆင်ရန်၊ လျှို့ဝှက်ဓာတ်ပုံရိုက်ယူထားရန် ဗဟိုဘဏ် ညွှန်ကြား

kpay၊ Wave  စသည့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများတွင် ငွေလွှဲ၊ ငွေထုတ်သူအား မှတ်တမ်းတင်ထားနိုင်ရန် Agent ဆိုင်များတွင် CCTV တပ်ဆင်ရန်၊ လျှို့ဝှက်ဓာတ်ပုံရိုက်ယူထားရန် ဗဟိုဘဏ် ညွှန်ကြား
Published 18 August 2022

kpay၊ Wave  စသည့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများတွင် ငွေလွှဲ၊ ငွေထုတ်သူအား မှတ်တမ်းတင်ထားနိုင်ရန် Agent ဆိုင်များတွင် CCTV တပ်ဆင်ရန်၊  ငွေလွှဲ၊ ငွေထုတ်သူအား လျှို့ဝှက်ဓာတ်ပုံရိုက်ယူထားရန် ၂၀၂၂ ခုနှစ် သြဂုတ် ၁၅ ရက်စွဲဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် မိုဘိုင်းငွေရေးကြေး ရေးဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ စည်းမျဉ်းအခန်း ၅ ပါ မိုဘိုင်းငွေကြေးစာရင်းများ အတွက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင် ရာသတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အောက်ပါအချက် များကို အမြန်ဆုံးလိုက်နာဆောင်ရွက်ရန် အကြောင်းကြားသည်ဟု ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် သြဂုတ် ၁၅ ရက်မှစတင်ပြီး မိုဘိုင်းငွေကြေးစာရင်းအသစ်ဖွင့်လှစ်ခြင်းကို အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်၊ နိုင်ငံသားစိစစ်ရေးကတ် (အရှေ့/အ နောက်) ပုံ၊ ဖုန်းနံပါတ်၊ face ID (Live Photo) စသော Know You Customer(KYC) အချက်အလက်အပြည့်အစုံရယူပြီးမှသာ ဖွင့်လှစ်ပေးရန်၊ လက်ရှိစာရင်းဖွင့်ပေးထားသော Data Base အတွင်းရှိ Level အကောင့်များအား အထက်အပိုဒ်(က)ပါအတိုင်း KYC အချက်အလက်အပြည့်အစုံရယူ၍ Level 2 အကောင့်သို့ အဆင့်မြှင့်တင်ခြင်းကို သုံးလအတွင်း အပြီးဆောင်ရွက်ရန်၊ Mobile App Application မှတစ်ဆင့် မိုဘိုင်းငွေကြေးစာရင်း ဖွင့်လှစ်ထားသူအချင်းချင်း ငွေလွှဲရာတွင် ငွေလွှဲပို့သူမှငွေလက်ခံမည့်သူ၏ ဖုန်းနံပါတ်ကို Application တွင် ထည့်သွင်းသည်နှင့် တပြိုင်နက်တစ်ဖက်စာရင်းပိုင်ရှင်(လက်ခံသူ)၏အမည်ကို ဖော်ပြထားနိုင်ရေးအတွက် System တွင်လိုအပ်သည့် ပြင်ဆင်မှုများ အ မြန်ဆုံးဆောင်ရွက်ရန်၊ ကိုယ်စားလှယ်မှတစ်ဆင့် ငွေလွှဲ/ငွေထုတ်ရာတွင် ဖုန်းနံပါတ်ထည့် သွင်းခြင်း၊ လျှို့ဝှက်နံပါတ်အသုံးပြုခြင်းအပေါ် ငွေလွှဲပို့သူနှင့် ငွေလက်ခံသူ၏အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နိုင်ငံ သားစိစစ်ရေးကတ်(အရှေ့/အနောက်)ပုံ၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ၊ ငွေလွှဲပို့သည့် အ ကြောင်းအရင်းတို့ကို ကိုယ်စားလှယ်မှအပြည့် အစုံရယူထားရန် ဖြစ်သည်။

ကိုယ်စားလှယ်များအနေဖြင့် ငွေထုတ်ပေးရာတွင် အထက်ပါအချက်အလက်များ အပြင် ငွေတုတ်ယူသူ၏ ဖုန်း SMS မှ ငွေလွှဲ ပြေစာအမှတ်၊ လျှို့ဝှက်နံပါတ်တို့အား တိုက် ဆိုင်စစ်ဆေးပြီး  SMS လက်ခံရရှိသည့် မူရင်း ဖုန်းနံပါတ်ပိုင်ရှင်ကိုသာ ငွေထုတ်ပေးနိုင်ရေး ဆောင်ရွက်ရန်ဖြစ်သည်။

ငွေလွှဲ၊ ငွေထုတ်သူအား မှတ်တမ်းတင်ထားနိုင်ရန် Agent ဆိုင်များတွင် CCTV တပ် ဆင်ရန် (သို့မဟုတ်) ငွေလွှဲ၊ ငွေထုတ်သူအား လျှို့ဝှက်ဓာတ်ပုံရိုက်၍ ရယူထားရန်၊ မိုဘိုင်း ငွေကြေးစာရင်းကို ဘဏ်ငွေစာရင်းနှင့် ချိတ်ဆက်ဆောင်ရွက်ပါက ဘဏ်စာရင်းပိုင်ရှင် အမည်၊ ဘဏ်အမည်၊ ဘဏ်ငွေစာရင်းအမှတ် တို့ကို ထည့်သွင်းဖော်ပြရန်၊ ကိုယ်စားလှယ်များနှင့် မိုဘိုင်း ငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းများဆိုင်ရာ စည်းမျဉ်း၊ အခန်း ၅၊ အပိုဒ် ၁၇(ဂ)အရ ဖွင့်လှစ်ပေးထားသည့် Level 3 အကောင့် User များအတွက် အမှန်တကယ် နေထိုင်ကြောင်း သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်နှင့် ပြစ် မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်တို့ ကို ရယူထားရန်၊ အထက်ပါအချက်များကို Agent များက သိရှိလိုက်နာဆောင်ရွက်စေ ရန်အတွက် မိမိ၏ Agent များသို့ အသိပညာပေးခြင်း၊ စိစစ်ခြင်းများဆောင်ရွက်ပြီး ကြီးကြပ်သွားရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent