၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပေါ့ဘာ ပါဝင်နိုင်မည်ဟု ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့် ယုံကြည်

 ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပေါ့ဘာ ပါဝင်နိုင်မည်ဟု ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့် ယုံကြည်
Photo: Getty Images
Photo: Getty Images
Published 10 August 2022

 

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်က လာမည့်  ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကွင်းလယ်ကစားသမား ပေါ့ဘာ ပါဝင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

ပေါ့ဘာ(၂၉ နှစ်)သည် ယခုနွေရာသီတွင် မန်ယူအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရောက်ရှိခဲ့သော်လည်း ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွင် ဒူးဒဏ်ရာရရှိခဲ့ပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။ 

ယင်းအတွက် နိုဝင်ဘာလတွင် စတင်ကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်ဖွယ်ရှိကြောင်း ခန့်မှန်းသုံးသပ်ခဲ့ကြသော်လည်း လက်ရှိအချိန်တွင်မူ ဒဏ်ရာအခြေအနေမှာ တိုးတက်မှုရှိနေသည့်အတွက် စက်တင်ဘာလအတွင်းမှာပင် ပြန်ကစား နိုင်ဖွယ်ရှိကြောင်း သုံးသပ်မှုများလည်းရှိနေသည်။ 

ယင်းအတွက် ဒေးရွှမ့်က "ပေါ့ဘာနဲ့ ကျွန်တော် အဆက်အသွယ်ရှိပါတယ်။ သူ ကမ္ဘာ့ဖလားမှာ ပါဝင်နိုင်မယ်ဆိုတာ သံသယ မရှိပါဘူး။ သူနဲ့ ကွန်တေက အသင်းရဲ့ သော့ချက်ကစားသမားတွေပါ"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent