လီဗာပူးလ်ကွင်းလယ်လူ သီယာဂို ဖူလ်ဟမ်နှင့်ပွဲမှ တံကောက်ကြောဒဏ်ရာကြောင့် ခြောက်ပတ်အထိအနားယူရဖွယ်ရှိ

လီဗာပူးလ်ကွင်းလယ်လူ သီယာဂို ဖူလ်ဟမ်နှင့်ပွဲမှ တံကောက်ကြောဒဏ်ရာကြောင့် ခြောက်ပတ်အထိအနားယူရဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 10 August 2022

 

လီဗာပူးလ်အသင်းမှ စပိန်ကွင်းလယ်လူ သီယာဂိအယ်လ်ကန်တာရာသည် ဖူလ်ဟမ် နှင့်ကစားခဲ့သည့် ပရီးမီးယားလိဂ်ရာသီအဖွင့် ပွဲစဉ်တွင် ရရှိခဲ့သည့် တံကောက်ကြောဒဏ်ရာကြောင့် ရက်သတ္တပတ်ခြောက်ပတ်အထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။

သီယာဂိုသည် ယင်းပွဲ၌ ပွဲချိန် ၅၀ မိနစ် တွင် ဒဏ်ရာရရှိမှုကြောင့် လူစားလဲခံခဲ့ရပြီး ဗြိတိန်အားကစားဝက်ဘ်ဆိုက် The Athletic က စက်တင်ဘာလအလယ်အထိ အသင်း၏ ပွဲစဉ်များတွင် ဝင်ရောက်ကစားနိုင်မည်မဟုတ်ကြောင်း ရေးသားခဲ့သည်။ ထို့ကြောင့် ၎င်းင်းအနေဖြင့် ခရစ္စတယ်ပဲလေ့စ်၊ မန်ယူ၊ ဘုန်းမောက်၊ နယူးကာဆယ်၊ အဲဗာတန်၊ ဝုလ်ဗ်အသင်းများနှင့်ကစားမည့် ပရီးမီးယား လိဂ်ပွဲစဉ်များကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။ 

လီဗာပူးလ်အသင်းတွင် ကွင်းလယ်လူများဖြစ်သည့် ချိန်ဘာလိန်၊ ကာတစ်ဂျုံးစ်တို့လည်း ဒဏ်ရာပြဿနာများ ရှိနေသဖြင့် သီယာဂို ထပ်မံဒဏ်ရာရရှိမှုသည် နည်းပြ ယာဂန်ကလော့ပ်အတွက် ထိုးနှက်ချက်ဖြစ်စေခဲ့သည်။ ကစားသမားတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိမှုအတွက် အစားထိုးရန် စျေးကွက်အတွင်းရှာဖွေမှုကို အပူတပြင်းလုပ်ဆောင်မည်မဟုတ်ဟု ယာဂန်ကလော့ပ်က ပြောကြားခဲ့သည်။ 

သီယာဂိုသည် ၂၀၁၉ နွေ ရာသီက အသင်းသို့ရောက်လာပြီးနောက် ဒဏ်ရာပြဿနာနှင့် မကြာခဏ ကြုံတွေ့ရ လေ့ရှိပြီး ၂၀၂၀-၂၁ ဘောလုံးရာသီတွင် ပ ရီးမီးယားလိဂ်ပွဲစဉ် ၂၄ ပွဲနှင့် ၂၀၂၁-၂၂ ရာ သီတွင် ပရီးမီးယားလိဂ်ပွဲစဉ် ၂၅ ပွဲသာ ပါဝင်ကစားခဲ့ရသည်။

 

Most Read

Most Recent