စီရော်နယ်လ်ဒိုကို အရန်ခုံတွင် ထိုင်ခိုင်းခဲ့သည့် ဆုံးဖြတ်ချက်မှားယွင်းခဲ့သည်ဟု မန်ယူနည်းပြ အဲရစ်တန်ဟက်ဂ် ဝန်ခံ

စီရော်နယ်လ်ဒိုကို အရန်ခုံတွင် ထိုင်ခိုင်းခဲ့သည့် ဆုံးဖြတ်ချက်မှားယွင်းခဲ့သည်ဟု မန်ယူနည်းပြ အဲရစ်တန်ဟက်ဂ် ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 9 August 2022

မန်ယူအသင်း၏ နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်က ဘရိုက်တန်အ သင်းကို ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် စီ ရော်နယ်လ်ဒိုကို ပွဲထွက်အဖြစ် အသုံး မပြုဘဲ အရန်ခုံတွင် ထိုင်စေခဲ့သည့် ဆုံးဖြတ်ချက် မှားယွင်းခဲ့သည်ဟု ဝန် ခံပြောကြားခဲ့သည်။

    

အဲရစ်တန်ဟက်ဂ်သည် ယင်းပွဲ စဉ်တွင် မန်ယူအသင်း၏ ကစားသမား သစ်တစ်ဦးဖြစ်သည့် ဒိန်းမတ်ဝါရင့် ကွင်းလယ်လူ အဲရစ်ဆင်ကို False 9 နေရာ၌ အသုံးပြုခဲ့ပြီး ကွင်းလယ်တွင် ဘရူနိုဖာနန်ဒက်စ်၊ တွမ်မီနေးနှင့် ဖရက်ဒ်တို့ကို သုံးခဲ့သည်။ နောက်ပိုင်း တွင် ဖရက်ဒ်အစား စီရော်နယ်လ်ဒို ကိုထည့်ကာ အဲရစ်ဆင်ကို ကွင်းလယ် တွင် ပြန်ကစားခိုင်းပြီးမှ မန်ယူအသင်း ၏ကစားပုံ ပိုကောင်းလာခဲ့ခြင်းဖြစ် သည်။

    

ယင်းအတွက်ကြောင့် တန် ဟက်ဂ်က ''ရှင်းရှင်းလင်းလင်းမြင် နိုင်ပါတယ်။ စီရော်နယ်လ်ဒိုကို ရှေ့မှာ တင်ထားပြီး အဲရစ်ဆင် နောက်မှာရှိ နေတဲ့ ဒုတိယပိုင်းမှာမှ ကျွန်တော်တို့ အသင်း ပိုကောင်းလာပါတယ်။ ကျွန် တော်တို့ အခွင့်အရေးကောင်းတွေ ပြန်ရခဲ့ပြီး ဂိုးမရခဲ့တာပါ။ တိုက်စစ်မှူး တစ်ဦးဦးသာ ရှိနေမယ်ဆိုရင် အဲရစ် ဆင်ကို ကွင်းလယ်မှာပဲ သုံးမှာပါ။ စီ ရော်နယ်လ်ဒိုက အသင်းနဲ့ လေ့ကျင့် ခန်း ပြန်ဆင်းတာ (၁၀)ရက်ပဲ ရှိသေး လို့ မိနစ် (၉၀) ကစားခိုင်းဖို့ မဖြစ်နိုင် သေးလို့ ကျွန်တော် ဒီလိုဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent