၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်း ၁၅ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၉ စီး ဝင်ရောက်ပြီး ဆိပ်ကမ်းလုပ်ငန်းများ လုပ်ဆောင်ရန်လျာထားရာ ဇူလိုင် ၂၅ ထိ သင်္ဘော ၄၁ စီးဝင်ရောက်ခဲ့ပြီးဖြစ်

၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်း ၁၅ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၉ စီး ဝင်ရောက်ပြီး ဆိပ်ကမ်းလုပ်ငန်းများ လုပ်ဆောင်ရန်လျာထားရာ ဇူလိုင် ၂၅ ထိ သင်္ဘော ၄၁ စီးဝင်ရောက်ခဲ့ပြီးဖြစ်
Published 25 July 2022

၂၀၂၂ ခုနှစ် ဇူလိုင်လတွင် ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်း ၁၅ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၉  စင်း ဝင်ရောက်၍ ကုန်တင်ကုန်ချလုပ်ငန်းများ လုပ်ဆောင်ရန် လျာထားရာ၊ ဇူလိုင် ၂၅ ထိ သင်္ဘော ၄၁ စင်းဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာမှ ထုတ်ပြန်သောသတင်းအချက်များအရ သိရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဇွန်လကုန်အထိ ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၃၀၆ စင်း ဝင်ရောက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာမှ ထုတ်ပြန်သောသတင်းအချက်များအရ သိရသည်။

ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များ တိုးမြှင့်တင်သွင်းရန် ရန်ကုန်ဆိပ်ကမ်းများ၌  ၂၀၂၂ ဇန်နဝါရီတွင် သင်္ဘောလိုင်း ၁၃ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်း၊ ဖေဖော်ဝါရီတွင် သင်္ဘောလိုင်း ၁၃ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၈ စင်း၊ မတ်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၀၊ ဧပြီလတွင် သင်္ဘောလိုင်း ၁၄ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၅၂ စင်း၊ မေလတွင် နိုင်ငံတကာသင်္ဘောလိုင်း ၁၂ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၅၄ စင်း၊ ဇွန်လတွင် ကုန်သေတ္တာတင်သင်္ဘော ၅၃ စင်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ပွင့်လင်းရာသီ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရန်နှင့် ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက်လည်းကောင်း ကုန်သေတ္တာတင်သင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များ ပြန်လည်တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ရန်ကုန်ဆိပ်ကမ်းများသို့ ၂၀၂၁ ခုနှစ် မေလမှစတင်ကာ နိုင်ငံတကာကုန်သေတ္တာနှင့် အထွေထွေကုန်စည်သင်္ဘောများ ပိုမိုဝင်ရောက်ခဲ့ပြီး ကုန်သေတ္တာ ၁၁၀၀၀ ကျော်နှင့် အထွေထွေကုန်စည် ၁၁၅၀၀၀ မက်ထရစ်တန် ပိုမိုကိုင်တွယ်နိုင်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရသည်။

ပင်လယ်ရေကြောင်းကုန်သွယ်မှု လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် ၂၀၂၁ ခုနှစ်မှ စတင်ကာ Maersk Line Myanmar (Sealand Maersk) သင်္ဘောလိုင်းက ကုန်သေတ္တာတင်သင်္ဘောသစ်သုံးစင်းအား စတင်ပြေးဆွဲခဲ့သည်။

အဆိုပါသင်္ဘောသစ်သုံးစီးမှာ ကုန်သေတ္တာ ၁၇၅၀ TEU 21000 မက်ထရစ်တန် (ရေစူး ၉.၅ မီတာ) တင်ဆောင်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံစျေးကွက်အတွက် သီးသန့်ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ကုန်သေတ္တာတင် သင်္ဘောသစ်များတိုးချဲ့ပြေးဆွဲခြင်းဖြင့် ပို့ကုန်များအတွက် Space & Equiment လုံလောက်စွာရရှိနိုင်မည်ဖြစ်ပြီး ပို့ကုန်များအတွက် ဘိုကင်ရရှိရန် စောင့်ဆိုင်းရန်မလိုဘဲ တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်းအသစ် ရှာဖွေတွေ့ရှိမှုကြောင့် ရေစူးကန့်သတ် ချက်တိုးမြှင့်ခွင့်ပြုခဲ့သည့် သီလဝါဆိပ်ကမ်းသို့ ရေစူး ၁၀ မီတာရှိသော နိုင်ငံတကာပင်လယ်ကူးသင်္ဘောများ ဝင်ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်းအသစ်ရှာဖွေတွေ့ရှိမှုကြောင့် ရေစူးကန့်သတ်ချက်တိုးမြှင့်ခွင့်ပြုခဲ့သည့် ငါးလတာအတွင်း ရန်ကုန်အတွင်းဆိပ်ကမ်းနှင့် သီလဝါဆိပ်ကမ်းများသို့ တန်ချိန် သုံးသောင်းအထက် သင်္ဘော ၁၅၂  စင်းဝင်ရောက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent