သာစည်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဇနီးမောင်နှံအား နေအိမ်တွင်းသို့ ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံး

သာစည်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဇနီးမောင်နှံအား နေအိမ်တွင်းသို့ ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံး
Published 21 July 2022

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဇနီးမောင်နှံအား နေအိမ်တွင်းသို့ဝင်ရောက်ကာ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးမှု ဇူလိုင်လ၂၀ရက် နံနက်၅နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ 

ဖြစ်စဉ်မှာ သာစည်မြို့နယ်၊ ကြပ်စခန်းကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး အသက်၅၅နှစ်အရွယ် ဦးနေလင်းအောင်နှင့် အသက်၃၈နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်အေးလင်းသက်တို့ နှစ်ဦးသည် နေအိမ်တွင်  အိပ်ပျော်နေစဉ်  သေနတ်ဖြင့် ပတ်ခတ်ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။ 

ဦးနေလင်းအောင်၏ လက်ဝဲဘက်မျ်က်နှာ ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊လက် ဝဲဘက်ချိုင်းအောက် ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ဒေါ်အေးလင်းသက်၏ ဘယ်ဘက်မျက်နှာ ၁ ချက်၊ ဘယ်ဘက် လက်မောင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက် တို့ အသီးသီးရရှိခဲ့ပြီး နေရာ၌သေဆုံးခဲ့ရကြောင်း သိရသည်။