နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့သို့ ဇူလိုင် ၂၂ ရက်မှစ၍ ခရီးစဉ်တစ်ကြောင်းလျှင် ဒေါ်လာ ၄၉၀ မှစတင်ကာ ပျံသန်းမည်

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့သို့ ဇူလိုင် ၂၂ ရက်မှစ၍ ခရီးစဉ်တစ်ကြောင်းလျှင် ဒေါ်လာ ၄၉၀ မှစတင်ကာ ပျံသန်းမည်
Published 18 July 2022

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့သို့ ဇူလိုင် ၂၂ ရက်မှစ၍ ခရီးစဉ်တစ်ကြောင်းလျှင် ဒေါ်လာ ၄၉၀ မှစတင်ကာ ပျံသန်းမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံတကာခရီးစဉ်သစ် ပျံသန်းမှုအဖြစ် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့သို့ လာမည့် ဇူလိုင် ၂၂ ရက်မှစတင်ကာ Boeing 737-800NG လေယာဉ်ဖြင့် ပျံသန်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံတကာခရီးစဉ်သစ် ပျံသန်းမှုအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့နှင့် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့များသို့ ခရီးစဉ်များပျံသန်းရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် နိုင်ငံတကာခရီးစဉ်သစ် ပျံသန်းမှုအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ ၂၀၂၂ ခုနှစ် ဇူလိုင် ၄ ရက်မှစတင်ကာ အပတ်စဉ်တနင်္လာနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ် Terminal-1 မှ ပျံသန်းခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ရန်ကုန်-ကူမင်းခရီးစဉ်အား UB-8006 အဖြစ် နံနက် ၁၁ နာရီတွင်လည်းကောင်း၊ ကူမင်း-ရန်ကုန်ခရီးစဉ်အား UB-8007 အဖြစ် ၁၆း၁၀ တွင်လည်းကောင်း ပျံသန်းသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်းက ပျံသန်းနေသည့် ပြည်ပခရီးစဉ်များတွင် Boeing လေယာဉ်တစ်စီးအား ထပ်မံအား ဖြည့်ရန်စီစဉ်နေပြီး လာမည့်အောက်တိုဘာမတိုင်ခင် ရောက်ရှိပြီး ခရီးစဉ်များ ပျံသန်းနိုင်ရန် စီစဉ်နေကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီအီးအို Capt ခုပ်ခန့်မုံက ဆိုသည်။

“ကျွန်တော်တို့ နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းအနေနဲ့ ပြည်ပခရီးစဉ်တွေအနေနဲ့ တရုတ်၊ ကူမင်းကို တိုးချဲ့ပြီး ပျံသန်းခဲ့တာဖြစ်ပါတယ်။ နောက်ဗုဒ္ဓဂယာဘုရားဖူးရာသီမှာ ဂယာကိုလည်း ပျံသန်းဖို့အတွက် စီမံဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ဟောင်ကောင်နဲ့ ဒူဘိုင်းကိုလည်း ပျံသန်းနိုင်ဖို့စီစဉ်နေပါတယ်။ ဟောင်ကောင်က လက်ရှိမှာ ကိုဗစ်စည်းမျဉ်း၊ စည်းကမ်းအရ ပြေးဆွဲလို့ မရသေးပါဘူး။ ဒါပေမဲ့လည်း သူတို့ဆီကနေ ဖြေလျှော့မှုတွေရှိလာရင် ပြန်လည်ပြေးဆွဲသွားမှာပါ” ဟုမြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီအီးအို ကပ္ပတိန်ခုပ်ခန့်မုံက ပြောကြားသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်များအား မြန်မာနိုင်ငံတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ စင်းလုံးငှားခရီးစဉ် ငှားရမ်းပျံသန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ၏ပြည်တွင်းခရီး စဉ်များတွင် Mobile Application မှ တစ်ဆင့် Online Check-in ပြုလုပ်ပြီး E-Boarding Pass ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent