မြန်မာ့မီးရထားက ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းနှင့် ရွှေညောင်-တောင်ကြီးရထားလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းအပါအဝင်လုပ်ငန်း ငါးမျိုးဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ

မြန်မာ့မီးရထားက ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းနှင့် ရွှေညောင်-တောင်ကြီးရထားလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းအပါအဝင်လုပ်ငန်း ငါးမျိုးဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ
Published 18 July 2022

မြန်မာ့မီးရထားက ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းနှင့် ရွှေညောင်-တောင်ကြီးရထားလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းအပါအဝင်လုပ်ငန်း ငါးမျိုးဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားက ရွှေညောင်-တောင်ကြီးရထားလမ်းအဆင့် မြှင့်တင်ရေးလုပ်ငန်းတွင် တံတားတည်ဆောက်ခြင်းလုပ်ငန်း၊ ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းတွင် ကဒုတ်ဘူတာ အသစ်တည်ဆောက်ခြင်းလုပ်ငန်း၊ ညောင်လေးပင်ဘူတာ ပလက်ဖောင်းတည်ဆောက်ခြင်း အပါအဝင် လုပ်ငန်းငါးမျိုးဆောင်ရွက်ရန် ပစ္စည်း/လုပ်ငန်းများကို (မြန်မာကျပ်ငွေ/ယူရို) ဖြင့် ဝယ်ယူဆောင်ရွက်သွားရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းဖြစ်သည်။

အဆိုပါတင်ဒါပုံစံများကို ဇူလိုင် ၁၈ ရက်မှစတင်ကာ ရုံးချိန်အတွင်း ထောက်ပံ့ဌာန မြန်မာ့မီးရထား ကုန်သည်လမ်းနှင့် ၅၁ လမ်းထိပ် ဗိုလ်တစ်ထောင်မြို့နယ်တွင် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် မေလအတွင်းက မြန်မာ့မီးရထားက ရန်ကုန်-မန္တလေး  ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း (Phasel) ညောင်လေးပင်-တောင်ငူလမ်းပိုင်း၍ ခြံစည်းရိုးကာရံခြင်း၊ RBE စက်ခေါင်း အရန်ပစ္စည်းဝယ်ယူရန်အပါအဝင်လုပ်ရန် လုပ်ငန်း ၁၁ မျိုးဆောင်ရွက်ရန်အိတ်ဖွင့် တင်ဒါခေါ်ယူခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာ့မီးရထားက အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့သည့်လုပ်ငန်း ၁၁ မျိုးတွင် နိုင်ငံခြားစက္ကူ ဖြူများနှင့် မိတ္တူကူးစက်ဆက်စပ်ပစ္စည်းများ 1 Lot၊ အဆင့်မြင့် စက္ကူဖြူနှစ်မျိုး၊ ဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်း ၁၆၂ မျိုး ဝယ်ယူခြင်း၊ ၂၀ စုံ ဝယ်ယူခြင်း၊ အင်ဂျင်၊ ထရန်စမင်ရှင်း၊ ဘိုဂီအရန်ပစ္စည်း ၈၅ မျိုးဝယ်ယူခြင်း၊ ဒီဇယ်လျှပ်စစ်၊ အအေးပြု၊ အရန်စက်ငယ်အရန်ပစ္စည်းနှင့် သံရည်ကြိုပစ္စည်း ၈၀ မျိုးဝယ်ယူရန် စသည့်လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့အနီးတင် နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းအသစ်တစ်ခု တည်ဆောက်ရေးအတွက် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု (Feasibility Study) ဆောင်ရွက်ရန်အတွက် အတွေ့အကြုံရှိ ကုမ္ပဏီများအား အိတ်ဖွင့်တင်ဒါ (Open Tender) တင်သွင်းရန် ဖိတ်ခေါ်ထားကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သတင်းရရှိသည်။

အဆိုပါနိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအသစ်တစ်ခု တည်ဆောက်မည့်လုပ်ငန်းတည်နေရာမှာ မော်လမြိုင်မြို့၊ မုဒုံမြို့နယ်၊ ဘလောက်ညောင်ဝိုင်းကျေးရွာနှင့် ဝဲကလိကျေးရွာအကြားအနီးတွင်ဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် မေလအတွင်း  ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်း ၁၂ ခု၏ စုစုပေါင်း ကုန်သေတ္တာတင်သင်္ဘော ၅၄ စင်းဝင်ရောက်ရန် လျာထားရာ မေ ၂၀ ရက်ထိ ကုန်သေတ္တာတင်သင်္ဘော ၃၆ စင်းခန့် ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာမှ ထုတ်ပြန်သော သတင်းအချက်များအရ သိရသည်။                 

၂၀၂၂ ခုနှစ် ဇန်နဝါရီမှ ဧပြီလအထိ လေးလတာအတွင်း ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ ကုန်သေတ္တာတင်သင်္ဘော ၁၉၉ စင်း ဝင်ရောက်ခဲ့ကြောင်း  မြန်မာ့ဆိပ်ကမ်းအာဏာမှ ထုတ်ပြန်သော သတင်းအချက်များအရ သိရသည်။                ရန်ကုန်ဆိပ်ကမ်းများ၌  ၂၀၂၂ ဇန်နဝါရီတွင် သင်္ဘောလိုင်း ၁၃ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်း၊ ဖေဖော်ဝါရီတွင် သင်္ဘောလိုင်း ၁၃ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၈ စင်း၊ မတ်လတွင် ကုန်သေတ္တာတင် သင်္ဘော ၅၀ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent