မန်ယူအသင်းတွင် အရာအားလုံး အနည်းငယ်အခက်အခဲရှိခဲ့သည်ဟု ကွင်းလယ်ကစားသမားဟောင်း ပေါ့ဘာ ဖွင့်ဟ

မန်ယူအသင်းတွင် အရာအားလုံး အနည်းငယ်အခက်အခဲရှိခဲ့သည်ဟု ကွင်းလယ်ကစားသမားဟောင်း ပေါ့ဘာ ဖွင့်ဟ
Photo: Juventus Twitter
Photo: Juventus Twitter
Published 14 July 2022

ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ကြေးအလွတ်ဖြင့်ရောက်ရှိပြီးနောက် ပြင်သစ်လက်ရွေးစင်ကွင်းလယ်လူ ပေါ့ဘာက မန်ယူအသင်းတွင် နည်းပြ၊ အသင်း၊ ကစားသည့်နေရာစသည့် ကဏ္ဍအားလုံးတွင် အခက်အခဲအနည်းငယ်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ ပေါ့ဘာသည် မန်ယူအကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၂ ခုနှစ်က ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ဂျူဗင်တပ်စ်အသင်းသို့ ရောက်ရှိခဲ့ကာ စီးရီးအေချန်ပီယံဆု (၄)ကြိမ်အပါအဝင် ဆုဖလား(၈)လုံးအထိရရှိခဲ့ပြီး ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၈၉)သန်းဖြင့် မန်ယူအသင်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

မအောင်မြင်သည့် မန်ယူကစားသမားဘဝဖြတ်သန်းမှုများနှင့် ပတ်သက်ပြီး ပေါ့ဘာက ''ကျွန်တော့်ဘဝမှာ ပြုလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး ကျေနပ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ကိုယ် သွားလိုတဲ့လမ်း မဟုတ်တာတွေကို ရွေးချယ်ရတတ်ပါတယ်။ ဒါပေမဲ့ မန်ချက်စတာမှာရှိခဲ့တဲ့နှစ်တွေမှာ ကျွန်တော် ပျော်ခဲ့ပါတယ်။ ကျွန်တော် သင်ယူမှုတွေနဲ့ ကြီးပြင်းလာပြီး လူကြီးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း နည်းပြပြောင်းလဲတာတွေက ခက်ခဲပါတယ်။ ကျွန်တော့်အတွက်လည်း ဒါက ခက်ခဲတဲ့လက္ခဏာပါပဲ။ အဲဒီနောက်မှာတော့ ဒဏ်ရာအနည်းငယ်ရခဲ့တယ်။ နောက်ဆက်တွဲက စိတ်ပိုင်းဆိုင်ရာလည်း ထိခိုက်ခဲ့ပြီး အရှိန်အဟုန်လည်း ဆုံးရှုံးခဲ့ရတယ်။ နည်းပြ၊ အသင်း၊ ကစားတဲ့နေရာစတဲ့ အရာအားလုံးက အနည်းငယ်အခက်အခဲရှိခဲ့တယ်။ ဒီအရာတွေက ကျွန်တော့်ကို အနည်းငယ်စီ တားဆီးခဲ့ပါတယ်။  အခုချိန်မှာတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ထွက်ခွာခဲ့ပြီး နောက်ထပ် ပေါလ်တစ်ယောက်ကို တွေ့မြင်ရမှာပါ။ ပြီးခဲ့တဲ့နှစ်တွေထက် ပိုကောင်းတဲ့အနေအထားကိုရောက်အောင် ကျွန်တော် လုပ်ဆောင်နိုင်ပါတယ်''ဟု ပြောကြားခဲ့သည်။

ပေါ့ဘာသည် မော်ရင်ဟို၊ ဆိုးလ်ရှား၊ ကာရစ်၊ ရန်းနစ် စသည့်နည်းပြများလက်အောက်တွင် ကစားခဲ့သည်။

Most Read

Most Recent