နစကနှင့် LDU ကိုယ်စားလှယ်အဖွဲ့တို့ ​သုံးရက်တာ ​ဆွေး​နွေးညှိနှိုင်း သ​ဘောတူညီချက်များအား လက်မှတ်​ရေးထိုး 

နစကနှင့် LDU ကိုယ်စားလှယ်အဖွဲ့တို့ ​သုံးရက်တာ ​ဆွေး​နွေးညှိနှိုင်း သ​ဘောတူညီချက်များအား လက်မှတ်​ရေးထိုး 
Published 9 July 2022

နိုင်ငံတော်၏ ငြိမ်း​ရေး​ဆွေး​နွေး​ရေးအဖွဲ့နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့၏ ငြိမ်းချမ်း​ရေး​ဆွေး​နွေးမှု ဒုတိယ​​နေ့အပြီးတွင် သုံးရက်တာ ​ဆွေး​နွေးညှိနှိုင်း သ​ဘောတူညီချက်များအား လက်မှတ်​ရေးထိုးခဲ့​ကြောင်း နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီ သတင်းထုတ်ပြန်​ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ 

ဇူလိုင် ၉ ရက်က နိုင်ငံ​တော်၏ ငြိမ်းချမ်း​ရေး​ဆွေး​​နွေး​ရေးအဖွဲ့နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့သည် ​နေပြည်​တော်ရှိ အမျိုးသားစည်းလုံးညီညွှတ်​ရေးနှင့် ငြိမ်းချမ်း​ရေး​ဖော်​ဆောင်မှုဗဟိုဌာန အစည်းအ​ဝေးခန်းမတွင် ​အစည်းအ​ဝေး ဒုတိယနေ့အဖြစ် တွေ့ဆုံ​ဆွေး​နွေးခဲ့​ကြောင်း သိရသည်။ 

ဒုတိယ​နေ့ ​တွေ့ဆုံ​ဆွေး​နွေးပွဲတွင် ပြည်​ထောင်စုသ​ဘောတူစာချုပ်အစိတ်အပိုင်း(၁/၂/၃)ပါ သ​ဘောတူညီချက်များ၊ အစိတ်အပိုင်း(၃)မှ ဆက်လက်​ဆွေး​နွေးရန် ကျန်ရှိသည့် ဇယား-၂ ပါ ​ဆွေး​နွေးရန်အချက်များနှင့်ပတ်သက်၍ အမျိုးသားစည်းလုံးညီညွှတ်​ရေးနှင့် ငြိမ်းချမ်း​ရေး​ဖော်​ဆောင်မှုညှိနှိုင်း​ရေး​ကော်မတီမှ ​လေ့လာဆန်းစစ်​ဖော်ထုတ်စိစစ်​ရေးအဖွဲ့၏ ​တွေ့ရှိချက်များအား ညှိနှိုင်း​ရေး​ကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်က ရှင်းလင်းတင်ပြခဲ့​​ကြောင်း သိရသည်။ 

ယင်းနောက်တွင် ငြိမ်းချမ်း​ရေးနှင့် ဖွံ့ဖြိုး​ရေးဆိုင်ရာ ကိစ္စရပ်များကို နှစ်ဘက်​ဆွေး​နွေးညှိနှိုင်းကြ​ပြီး သုံးရက်တာ ​ဆွေး​နွေးညှိနှိုင်းချက်များအရ သ​ဘောတူညီချက်များကို အတည်ပြု လက်မှတ်​​ရေးထိုးခဲ့ကြ​ကြောင်း သတင်းထုတ်ပြန်​ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ 

ထို့​နောက် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန်နှင့် နိုင်​တော်၏ ငြိမ်းချမ်း​ရေး​ဆွေး​နွေး​ရေးအဖွဲ့​ခေါင်း​ဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့က နိဂုံးချုပ်အမှာစကား ​ပြောကြားခဲ့​ကြောင်း သတင်းထုတ်ပြန်​ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ 

တွေ့ဆုံ​ဆွေး​​နွေးပွဲသို့ နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီအဖွဲ့ဝင်၊ အမျိုးသားစည်းလုံးညီညွတ်​​ရေးနှင့် ငြိမ်းချမ်း​ရေး​ဖော်​ဆောင်မှုညှိနှိုင်း​ရေး​ကော်မတီ ဥက္ကဌ၊ ပြည်​ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်​​ထောင်စုဝန်ကြီး၊ ငြိမ်းချမ်း​ရေး​ဆွေး​နွေး​ရေးအဖွဲ့​ခေါင်း​ဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်သည် နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်​​ရေးနှင့် ငြိမ်းချမ်း​ရေး​ဖော်​ဆောင်မှုညှိနှိုင်း​ရေး​ကော်မတီ အတွင်း​ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်း​နောင်နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)မှ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန်၊ တွဲဖက်အတွင်း​ရေးမှူး(၂) ကျာယာကုပ်နှင့် ဗဟိုအလုပ်အမှု​​ဆောင်​ကော်မတီဝင် ကျားဖူးတို့ တက်​ရောက်ခဲ့ကြ​ကြောင်း သိရသည်။

Most Read

Most Recent