မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နှင့် ချောင်းဆုံမြို့နယ်အတွင်း ဇူလိုင် ၆ ရက်က ရဲတပ်ဖွဲ့ဝင် တစ်ဦးနှင့် ပြည်သူ့စစ်တစ်ဦး သေနတ်ဖြင့် ပစ် ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၆ ရက် ညနေ ၄ နာရီခန့် က ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာရှိ ကဒတ်ချောင်းအနီးတွင် ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေ နတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေ သခံတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “သေနတ်နဲ့ပစ်ခတ် ခံရတဲ့သူက ရဲတပ်သား ကျော်သက်ပိုင်လို့ သိ ရတယ်။ သူအပစ်ခံရတဲ့ စားသောက်ဆိုင်က သူ့မိဘရဲဆိုင်လို့ သိရတယ်။ သေနတ်နဲ့ငါးချက် လောက်အပစ်ခံရပြီး သေနတ်ဒဏ်ရာနဲ့ပဲ သေ ဆုံးသွားတယ်လို့ သိရပါတယ်”ဟု ပြောကြားသည်။
အလားတူ ဇူလိုင် ၆ ရက်က ချောင်းဆုံမြို့ နယ် မူးရစ်ကလေးကျေးရွာမှ ပြည်သူ့စစ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“သေနတ်နဲ့ပစ်ခတ်ခံရသူက ကိုသားကြီး လို့ သိရတယ်။ သူက ပြည်သူ့စစ်တစ်ဦးဖြစ် သလို ရာအိမ်မှူးတစ်ဦးလို့လည်း သိရတယ်။ ဇူလိုင် ၆ ရက်ကသေနတ်နဲ့အပစ်ခံရတာ” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ထို့အတူ ပြီးခဲ့သည့် ဇူလိုင် ၅ ရက် ညပိုင်း ကလည်း ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ နယ် ဘုရားသုံးဆူမြို့ရှိ ဂေါက်ကွင်းအနီးတွင် ဘုရားသုံးဆူမြို့ ခေတ္တအခြေစိုက် ခလရ ၂၈၄ မှ တပ်ကြပ်ကြီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ ပြီး သေဆုံးခဲ့ကြောင်းနှင့် ၎င်းထံမှ ပစ္စတိုသေ နတ်တစ်လက်လည်း ပါသွားကြောင်း မြို့ခံများ ၏ပြောကြားချက်အရ သိရသည်။