နစကဥက္ကဋ္ဌနှင့် ငြိမ်းချမ်း​ရေး​ဆွေး​​နွေးရန် LDU ကိုယ်စားလှယ်အဖွဲ့ ​နေပြည်​တော်သို့ ​ရောက်ရှိ

နစကဥက္ကဋ္ဌနှင့် ငြိမ်းချမ်း​ရေး​ဆွေး​​နွေးရန် LDU ကိုယ်စားလှယ်အဖွဲ့ ​နေပြည်​တော်သို့ ​ရောက်ရှိ
Published 7 July 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ငြိမ်း ချမ်းရေးဖိတ်ခေါ် ကမ်းလှမ်းမှုအရ ငြိမ်းချမ်း ရေးဆွေးနွေးရန် လားဟူဒီမိုကရက်တစ်အ စည်းအရုံး(LDU)မှ အထွေထွေအတွင်းရေးမှူး ကျာဆော်လမွန် ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၆ ရက်က နေပြည်တော်သို့ ရောက်ရှိလာသည်။

LDU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ အား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်း ချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်​​ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်းရင်းသားတိုင်းရင်းသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ​​ဒေသခံပြည်သူများက ထာဝရ ငြိမ်းချမ်းရေးကိုရရှိရေးသည် ပြည်သူတစ်ရပ် လုံး၏ဆန္ဒအစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေး ရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန် ဖြစ်သည်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့တွေ့ဆုံ ဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေစည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ စသည့် စာသား ပါဆိုင်းဘုတ်များကိုင်ဆောင်၍ နေပြည်​​တော်လေဆိပ်၌ ကြိုဆိုခဲ့သည်။

နစကဥက္ကဋ္ဌနှင့် LDU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၇ ရက်တွင် ငြိမ်းချမ်းဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်သည်။ ထို့နောက် LDU ငြိမ်းချမ်း ရေးကိုယ်စားလှယ်အဖွဲ့သည် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့၊ အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်သည်။

Most Read

Most Recent