၂၀၂၂ ခုနှစ် ဧပြီမှ ဇွန်လအထိ သုံးလအတွင်း ဆူးလေဆိပ်ကမ်းမှ ဆန်တန်ချိန် ၅၈၂၃၃၀ တင်ပို့ထား၊ မြန်မာအမျိုးသားလေကြောင်းလိုင်းက ပြည်တွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ လေယာဉ်စင်းလုံးငှားခရီးစဉ်များ ပျံသန်း

၂၀၂၂ ခုနှစ် ဧပြီမှ ဇွန်လအထိ သုံးလအတွင်း ဆူးလေဆိပ်ကမ်းမှ ဆန်တန်ချိန် ၅၈၂၃၃၀ တင်ပို့ထား၊ မြန်မာအမျိုးသားလေကြောင်းလိုင်းက ပြည်တွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ လေယာဉ်စင်းလုံးငှားခရီးစဉ်များ ပျံသန်း
ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်းဝန်းကျင်ကို တွေ့ရစဉ်
ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်းဝန်းကျင်ကို တွေ့ရစဉ်
Published 26 June 2022

၂၀၂၂ခုနှစ်၊ ဧပြီမှ ဇွန်လအထိ သုံးလတာအတွင်း ဆူးလေဆိပ်ကမ်းမှ ဆန်တန်ချိန် ၅၈၂၃၃၀ တင်ပို့ထား

၂၀၂၂ခုနှစ်၊ ဧပြီလမှ ဇွန်လ သုံးလတာအတွင်း ဆူးလေဆိပ်ကမ်းမှ ဆန်တန်ချိန် ၅၈၂၃၃၀  တင်ပို့ထားကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သောသတင်း အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံ၏ အဓိကလယ်ယာထွက်ကုန်စည်ဖြစ်သော ဆန်နှင့် ဆန်ထွက်ပစ္စည်းများကို ပင်လယ်ရေကြောင်းမှတစ်ဆင့် Bulk Carrier သင်္ဘောကြီးများ(ဝမ်းပုံစနစ်)ဖြင့် ပြည်ပသို့ နှစ်စဉ် တင်ပို့လျက်ရှိရာ ယခင်နှစ် (၂၀၂၁ ခုနှစ် ဧပြီလမှ ၂၀၂၂ ခုနှစ် မတ်လအထိ) တွင် ဆူးလေဆိပ်ကမ်းတံတားများ(အမှတ် ၁ မှ ၇ အထိ) မှ စုစုပေါင်းသင်္ဘော ၉၀ စင်းဖြင့် ဆန်တန်ချိန် ၁၃၅၇၂၀၂ တန်ကို လည်းကောင်း၊ ယခုနှစ် ၂၀၂၂ ခုနှစ်၊ ဧပြီလမှ ဇွန်လ သုံးလတာအတွင်း စုစုပေါင်း သင်္ဘော ၂၇ စင်းဖြင့် ဆန်တန်ချိန် ၅၈၂၃၃၀ တန်ကိုလည်းကောင်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာ့ပို့ကုန်အဖြစ် ဆန်နှင့် ဆန်ထွက်ပစ္စည်းများကို ဆူးလေ ဆိပ်ကမ်းတံတားများမှ တင်ပို့နေရာ လက်ရှိ ဆူးလေဆိပ်ကမ်း တံတားခုနစ်စင်းတွင် သင်္ဘော ငါးစင်းဖြင့် ဆန် တန်ချိန် ၁၄၃၄၀၀ တန်အား ဘယ်လ်ဂျီယံ၊ စပိန်နှင့် တိုဂိုနိုင်ငံများသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ထုတ်ပြန်ချက်များအရ သိရသည်။

လက်ရှိတွင် ဆူးလေ ဆိပ်ကမ်းတံတား ခုနစ်စင်းတွင် အလျား ၁၈၃ မီတာရှိ သင်္ဘောကြီး နှစ်စင်း၊ ၁၈၆ မီတာရှိ သင်္ဘောကြီး နှစ်စင်းနှင့် ၂၀၀ မီတာရှိ သင်္ဘောကြီးတစ်စင်း စုစုပေါင်း သင်္ဘော ငါးစင်း တံတားနေရာပြည့် ဆိုက်ကပ်၍ ဆန်တန်ချိန်စုစုပေါင်း ၁၄၃၄၀၀ တန်ကို တင်ဆောင်ပြီး ဘယ်လ်ဂျီယံနိုင်ငံသို့ သုံးစင်း၊ စပိန် နိုင်ငံသို့ တစ်စင်းနှင့် တိုဂို နိုင်ငံသို့ တစ်စင်း တင်ပို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလကုန်အထိ ၁၂ လအ တွင်း ပြည်ပသို့ဆန်နှင့် ဆန်ကွဲ တင်ပို့မှုမှ ဒေါ်လာ ၆၈၇ ဒသမ ၂ သန်း ရရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁ ခုနှစ်အတွင်း လအလိုက် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့မှုမှ ဝင်ငွေရရှိမှုအနေဖြင့် ဇန်နဝါရီလတွင် ဒေါ်လာ ၉၆ ဒသမ ၂ သန်း၊ ဖေဖော်ဝါရီလတွင် ဒေါ်လာ ၄၅ သန်း၊ မတ်လတွင် ဒေါ်လာ၄၂ ဒသမ ၄ သန်း ၊ ဧပြီလတွင် ဒေါ်လာ ၄၇ ဒသမ ၅ သန်း၊ မေလတွင် ဒေါ် လာ ၇၂ ဒသမ ၈ သန်း၊ ဇွန်လတွင် ဒေါ်လာရ၄ ဒသမ ၇ သန်း၊ ဇူလိုင်လ တွင် ဒေါ်လာ ၁၈ သန်း၊ သြဂုတ်လ တွင်ဒေါ်လာ ၁၈ ဒသမ ၈ သန်း၊ စက်တင်ဘာလတွင် ဒေါ်လာ ၃၈ ဒသမ ၂ သန်း၊ အောက်တို ဘာလ တွင် ဒေါ်လာ ၅၆ ဒသမ ၂ သန်း၊ နိုဝင်ဘာလတွ င် ဒေါ်လာ ၇၂ ဒသမ ၂ သန်းနှင့် ဒီဇင်ဘာလ တွင် ဒေါ် လာ ၁၀၅ ဒသမ ၁ သန်းဖြင့် စုစု ပေါင်းဒေါ်လာ ၆၈၇ ဒသမ ၂ သန်း ရရှိ ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဧပြီလတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန်တစ်သိန်း ခုနစ်သောင်း ကျော် တင်ပို့ခဲ့ပြီး အာဖရိကနိုင်ငံများသို့ ဆန်အများဆုံး တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂ ခုနှစ် ဧပြီလတွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဒေါ်လာ ၄၁ ဒသမ ၂၉၈ သန်း တန်ဖိုးရှိ ဆန်တန်ချိန်၁၁၉၂၆၀ ကျော် တင်ပို့ခဲ့သည်။ ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၂၆၉၄၀ ကျော်၊ အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၄၉၇၂၀ ခန့်၊ အာဖရိကနိုင်ငံများသို့ ဆန် တန်ချိန် ၄၂၆၀၀ ခန့် တင်ပို့ခဲ့သည်။

မြန်မာနိုင်ငံမှ ဆန်တင်ပို့မှု အများဆုံး နိုင်ငံများမှာ အိုင်ဗရီကို့စ်နိုင်ငံသို့ တန်ချိန် ၁၀၀၀၀ ခန့်၊ ကင်မရွန်းနိုင်ငံသို့ တန်ချိန် ၉၀၀၀ ခန့်၊ အင်ဂိုလာနိုင်ငံသို့ တန်ချိန် ၁၅၀၀၀ ခန့်၊ မက်ဒါဂါးစတားနိုင်ငံသို့ တန် ချိန် ၈၅၀၀ ခန့်၊ အာရှနိုင်ငံများဖြစ် သော တရုတ်နိုင်ငံသို့ တန်ချိန် ၁၄၃၀၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၁၂၂ဝဝခန့်နှင့် သီရိလင်္ကာ နိုင်ငံသို့ တန်ချိန် ၂၅၀ ခန့်၊ ဟောင်ကောင်သို့ တန်ချိန် ၁၈၀ ခန့် တင်ပို့ခဲ့သည်။ အီးယူအဖွဲ့ဝင်နိုင်ငံများ ဖြစ်သော ပိုလန်နိုင်ငံသို့ တန်ချိန် ၈၈၀၀ ခန့်၊လစ်သူရေးနီးယားနိုင်ငံသို့ တန်ချိန် ၈၂၀၀ ခန့် ၊ အီတလီ နိုင်ငံသို့ တန်ချိန် ၈၆၉၀ ခန့်၊ စပိန်နိုင်ငံသို့ တန်ချိန် ၁၅၁၈၀ ခန့်၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ တန်ချိန် ၇၇၅၀ ခန့်နှင့် ဘယ်လ်ဂျီယံနိုင်ငံသို့ တန်ချိန် ၇၀၀ ခန့် တင်ပို့နိုင်ခဲ့သည်။

 

မြန်မာအမျိုးသားလေကြောင်းလိုင်း ပြည်တွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ လေယာဉ်စင်းလုံးငှား ခရီးစဉ်များပျံသန်း        

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏လေယာဉ်များကို မြန်မာနိုင်ငံတွင်းနှင့်အာရှပစိဖိတ် ဒေသများသို့ စင်းလုံးငှားခရီးစဉ် ငှားရမ်းပျံသန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာအမျိုးသား လေကြောင်း လိုင်းက နိုင်ငံအတွင်းနှင့် အာရှပစိ ဖိတ်ဒေသများသို့ လေယာဉ်စင်းလုံး ငှားခရီးစဉ်များပျံသန်းရာတွင် ကူမင်း၊ အင်ချွန်းနှင့် စင်ကာပူနိုင်ငံများသို့ Cargo ခရီးစဉ်များအား ငှားရမ်းမှု များပြားကြောင်း မြန်မာအမျိုးသား  လေကြောင်းလိုင်း၏ စီအီးအိုဖြစ်သူ Capt ခုပ်ခန့်မုံက ပြောကြားသည်။

“စင်းလုံးငှား လေယာဉ်ခရီးစဉ်တွေအနေနဲ့ ကူမင်း၊ အင်ချွန်းနဲ့ စင်ကာပူ နိုင်ငံတွေကို ငှားရမ်းမှု ပိုများပါတယ်။ အများဆုံးကတော့ ကုန်ပစ္စည်းတင်စင်းလုံးငှား လေယာဉ်ခရီးစဉ်ဖြစ်ပြီး Seafood နဲ့ အထည်အလိပ်တွေ ပို့ဆောင်တာများပါတယ်”ဟု မြန်မာအမျိုးသား လေကြောင်းလိုင်း၏ စီအီးအိုဖြစ်သူ Capt ခုပ်ခန့်မုံက ပြောကြားသည်။

လေယာဉ်စင်းလုံးငှားခရီးစဉ် နှင့်ပတ်သက်သောအချက်အလက်များကို charter @ flymna.com သို့ email ပေးပို့၍ အသေးစိတ် မေးမြန်းနိုင်ကြောင်း သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ၏ ပြည်တွင်းခရီးစဉ်များတွင် Mobile Application မှ တစ်ဆင့် Online Check-in  ပြုလုပ်ပြီး E-Boarding Pass ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Online Check-in သည် ပြည်တွင်း ခရီးစဉ်များအတွက်သာဖြစ်ပြီး လေယာဉ်ထွက်ခွာချိန် မတိုင်မီ ၂၄ နာရီမှ ၇၅ မိနစ်အတွင်း အချိန်မရွေး Online Check-in ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Online Check-in ပြုလုပ်ပြီး ရရှိလာသော E-Boarding Pass အား Print ထုတ်ပြီး ယူဆောင်လာရမည်ဖြစ်သည်။ Mobile Application ကို App Store နှင့် Google Play Store တို့တွင် Download ပြုလုပ်ပြီး Mobile Application တွင် ခရီးစဉ်အချိန် ဇယားများရှာဖွေခြင်း၊ လေယာဉ်လက်မှတ် ဝယ်ယူခြင်း၊ ငွေပေးချေခြင်း၊ မိမိ၏ခရီးစဉ် အချက်အလက်များစစ်ဆေးခြင်း၊ Online Check-in ပြုလုပ်ခြင်းနှင့် E-Boarding Pass ရယူခြင်း အစရှိသော ခရီးစဉ်ဆိုင်ရာ ဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသား လေကြောင်းလိုင်း၏ ပြည်ပခရီးစဉ်များ တိုးချဲ့ပျံသန်းရန် ဒုတိယမြောက် Boeing 737-800 NG လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မေ ၂၇ ရက်ညနေပိုင်းက ရောက်ရှိခဲ့သည်။

အဆိုပါ Boeing 737-800 NG လေယာဉ်ကို Dubai Aerospace Enterprise (DAE) မှ  ငှားရမ်းထားခြင်းဖြစ်ပြီး မြန်မာအမျိုးသားလေကြောင်းလိုင်း ပျံသန်းနေသည့် ပြည်ပ ခရီးစဉ်များတွင် အားဖြည့်တိုးချဲ့ပျံသန်းသွားမည်ဖြစ်သည်။

လက်ရှိတွင် မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ရန်ကုန်-စင်ကာပူ-ရန်ကုန် ခရီးစဉ်အား နေ့စဉ်၊ ရန်ကုန်-ကွာလာလမ်ပူ-ရန်ကုန်ခရီးစဉ်ကို အပတ်စဉ်အင်္ဂါနေ့တွင်လည်းကောင်း၊ ရန်ကုန်-ဘန်ကောက်- ရန်ကုန် ခရီးစဉ်ကို နေ့စဉ်ပျံသန်းလျက်ရှိသည်။

၂၀၁၄ခုနှစ်တွင် မြန်မာအမျိုးသားလေကြောင်း အမည်ပြောင်း၍ ပြည်တွင်းပြည်ပခရီးစဉ်များကို ပျံသန်းလျက်ရှိခြင်းဖြစ်သည်။ လက်ရှိတွင် မြန်မာအမျိုးသားလေကြောင်းမှ ပြည်တွင်းရှိ မြို့ပေါင်း၂၈ မြို့ကို ပျံသန်းလျက်ရှိပြီး ပြည်တွင်းခရီးစဉ် အများဆုံးပျံသန်းနေသည့် လေကြောင်းလိုင်းတစ်ခု ဖြစ်သည်။

ယင်းပြင် ပြည်ခရီးစဉ်များ ဖြစ်သော စင်ကာပူ၊ ဟောင်ကောင်၊ ဘန်ကောက်၊ ကွာလာလမ်ပူ၊ ကူမင်း၊ ချန်ဒူး၊ နယူးဒေလီ၊ ကိုးလ်ကတ္တား နှင့် မနီလာမြို့များသို့ ပျံသန်းနေပြီး နိုင်ငံတကာခရီးစဉ်များကိုလည်း ဆက်လက် တိုးချဲ့ပျံသန်းရန် စီစဉ်နေကြောင်းလည်း သိရသည်။

၂၀၂၂ ခုနှစ် မေလကုန်အထိ စွမ်းအင်ကဏ္ဍတွင် မြန်မာနိုင်ငံသား များက ကျပ် ၉၈၂ ဘီလျံကျော်မြှုပ်နှံထားပြီး စုစုပေါင်းနိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၄ ဒသမ ၃၁ ရာခိုင်နှုန်းရှိ

၂၀၂၂ ခု နှစ် မေလကုန်အထိ စွမ်းအင်ကဏ္ဍတွင် မြန်မာနိုင်ငံသားများက ကျပ် ၉၈၂ ဘီလျံကျော်မြှုပ်နှံထားပြီး စုစုပေါင်း နိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ ၄ ဒသမ ၃၁ ရာခိုင်နှုန်း ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၁ ခု နှစ် ဇန်နဝါရီလကုန်အထိ ကဏ္ဍအလိုက် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် အိမ်ခြံမြေကဏ္ဍတွင် ၃၀၇၁ ဘီလျံကျော်၊ အခြားကဏ္ဍတွင် ကျပ် ၁၈၆၈ ဘီလျံကျော်၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ်၂၅၅၆ ဘီလျံကျော်၊ဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ကျပ် ၁၁၄၁ ဘီလျံကျော်၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ကျပ် ၁၁၂၅ ဘီလျံ ကျော်၊ စွမ်းအင်ကဏ္ဍတွင် ကျပ်၄၃၆ ဘီလျံကျော်၊ စက်မှုဇုန်ကဏ္ဍတွင် ကျပ်၃၂၄ ဘီလျံကျော်၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဏ္ဍတွင် ကျပ် ၃၄၇  ဘီလျံကျော်၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၂၂၈ ဘီလျံကျော်၊ သတ္တု ကဏ္ဍတွင် ကျပ်ရ၅ ဘီလျံ ကျော်၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၄၂ ဘီလျံကျော်နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကျပ် ၁၃ ဘီလျံကျော်မြှုပ်နှံထားသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တစ်နှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီီးမြှုပ်နှံမှုလုပ်ငန်းအသစ် ၁၃၀ ခုကို ခွင့်ပြုခဲ့ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၁၃ သန်း ကျော် အပါအဝင် ကျပ် ၁၈၈၁ ဘီလျံကျော် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်းလုပ်ငန်း အသစ် ၂၄၅ ခုကို ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄ ဒသမ ၂၃၅ ဘီလျံဖြင့် ဆောင်ရွက်ရန်ခွင့်ပြုခဲ့ပြီး ဆောင်ရွက်ဆဲလုပ်ငန်း ဖြစ်သော လုပ်ငန်းအရေအတွက် ၁၁၀ ခုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ ၁ ဒသမ ၂၉၁ ဘီလျံ ထပ်မံတိုးမြှင့်ခွင့်ပြုပေးခဲ့သဖြင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၅၂၆ ဘီလျံခွင့်ပြုပေးခဲ့သည်။

Most Read

Most Recent