လက်ရှိဘဏ္ဍာနှစ် ဇွန် ၁၇ ရက်အထိ ပြည်ပမှရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း တင်သွင်းမှု ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၀၅ သန်းကျော် လျော့ကျ

လက်ရှိဘဏ္ဍာနှစ် ဇွန် ၁၇ ရက်အထိ ပြည်ပမှရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း တင်သွင်းမှု ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၀၅ သန်းကျော် လျော့ကျ
Published 26 June 2022

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်  ဇွန် ၁၇ ရက်အထိ  ပြည်ပမှရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း တင်သွင်းမှု ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၀၅ သန်းကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇွန် ၁၇ ရက်အထိ  ပြည်ပမှရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတင်သွင်းမှု ဒေါ်လာ ၇၀၁ ဒသမ ၁၃၅ သန်းရှိသည်။ယခင်နှစ်ကာလတူက ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း တင်သွင်းမှုမှ ဒေါ်လာ ၁၀၀၆ ဒသမ ၈၀၂ သန်းရှိသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ မတ်လကုန်အထိ ပြည်ပမှ လူသုံးကုန် ပစ္စည်းတင်သွင်းမှုတန်ဖိုး  ဒေါ်လာ ၁၇၄၅ ဒသမ ၆၇၄ သန်းရှိသည်။ ယခင်နှစ် ကာလတူက ဒေါ်လာ ၁၆၂၀ ဒသမ ၁၄၉ သန်းတင်သွင်းထားသည်။ အဆိုပါ ကာလတူ နှစ် ခုကို နှိုင်းယှဉ်ကြည့်ပါက ၂၀၂၁-၂၀၂၂ ကြားကာလခြောက်လအတွင်းမှာ ယခင်နှစ် ကာလတူထက် ဒေါ်လာ ၁၂၅ ဒသမ ၅၂၅ သန်း  ပိုမိုတင်သွင်းထားသည်။

၂၀၂၁-၂၀၂၂ (Mini Budget)  တစ်လကျော်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ဒေါ်လာ ၃၀၇၂ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာ ၃၈၉ သန်းနီးပါးလျော့ကျခဲ့ကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ (Mini Budget) တစ်လကျော်အတွင်း မြန်မာနိုင်ငံမှပို့ကုန်တန် ဖိုးဒေါ်လာ ၁၅၃၃ ဒသမ ၆၉၀ သန်း၊ သွင်း ကုန်တန်ဖိုးဒေါ်လာ ၁၅၃၈ ဒသမ ၇၁၇ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၀၇၂ ဒသမ ၄၀၇ သန်းရရှိခဲ့သည်။

အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏အဓိကဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်းအခြေခံစား သောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ် တယ်ထုတ်ကုန်များနှင့်ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက်ဝန် ဆောင်မှုကဏ္ဍ စသည်တို့ပါဝင်သည်။

Most Read

Most Recent