၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှ ယခင်ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်နှင့်နှိုင်းယှဉ်ပါက ၇၇ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှ ယခင်ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်နှင့်နှိုင်းယှဉ်ပါက ၇၇ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်
Published 21 June 2022

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၂၈၉ သန်းကျော်ရရှိပြီး ယခင်ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၇၇ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှဒေါ်လာ ၂၈၉ ဒသမ ၄၀ သန်းရရှိခဲ့သည်။ ယခင်ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း ၁၆၂ ဒသမ ၈၉ သန်းရရှိခဲ့သည်။ အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်မှာ ယခင်နှစ် ဒုတိယသုံးလပတ်ကာလထက် ပို့ကုန်တင်ပို့မှု ၇၇ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှဒေါ်လာ ၂၁၅ သန်းကျော်ရရှိပြီး ယခင်ဘဏ္ဍာနှစ် ပထမသုံးလပတ်နှင့်နှိုင်းယှဉ်ပါက ၆ ဒသမ ၇ ရာခိုင်နှုန်းကျော် လျော့ကျခဲ့ကြောင်း စီမံကိန်း၊ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပို့ကုန်တင်ပို့မှုတန်ဖိုးဒေါ်လာ ၂၁၅ ဒသမ ၂၅ သန်းရှိသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ ပို့ကုန်တင်ပို့မှုတန်ဖိုးမှာ ဒေါ်လာ၂၃၀ ဒသမ ၆၈ သန်းရှိခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန်အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံစာရင်းတွင် တရုတ်နိုင်ငံသို့ ဒေါ်လာ ၄၉၀၅  ဒသမ ၈၀ သန်းဖြင့် အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံသို့ ဒေါ်လာ ၃၁၇၂ဒသမ၂၆ သန်းဖြင့် ဒုတိယအများဆုံးဖြစ်ကာ အစဉ်လိုက်ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဂျပန်နိုင်ငံသို့ ဒေါ်လာ ၉၄၄ ဒသမ၂၁ သန်း၊ အိန္ဒိယနိုင်ငံသို့ ဒေါ်လာ၈၃၆ ဒသမ ၃၇ သန်း၊ အမေရိကန်သို့ ဒေါ်လာ ၆၂၀ ဒသမ ၅၉သန်း၊ ဂျာမနီနိုင်ငံသို့ ဒေါ်လာ ၄၂၆ ဒသမ ၂၅ သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၄၁၁ ဒသမ ၇၁သန်း၊ UK သို့ ဒေါ်လာ ၃၈၅ ဒသမ ၄ဝသန်း၊ နယ်သာလန်သို့ ဒေါ်လာ ၃၆၆ ဒသမ ၁၈သန်း၊ တောင်ကိုရီးယားနိုင်ငံသို့ ဒေါ်လာ ၃၀၅ ဒသမ ၇၆ သန်းတင်ပို့ခဲ့ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာဘက်မှ အိန္ဒိယနိုင်ငံသို့ ပို့ကုန်တန်ဖိုးဒေါ်လာ ၆၁၆ ဒသမ ၄၆၄သန်းအထိ တင်ပို့ထားပြီး အိန္ဒိယဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၆၉၆ ဒသမ ၉၃၇ သန်းအထိ တင်သွင်းထားကာ စုစုပေါင်းကုန်သွယ်မှု ပမာဏဒေါ်လာ  ၁၃၁၃ ဒသမ ၄၀၁ သန်းရရှိထားသည်။                         

အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏ အဓိကဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့် လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက်ဝန်ဆောင်မှုကဏ္ဍ၊ တီထွင်ဆန်းသစ်မှုနှင့် စွန့်ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍ စသည်တို့လည်း ပါဝင်သည်။