အကြမ်းဖက်လုပ်ရပ်များကို လွန်လွန်ကျူးကျူး ဆောင်ရွက်ခဲ့သူများအား ထိရောက်သောပြစ်ဒဏ်များ ချမှတ်ခဲ့ပြီး ဆက်လက်၍ ထိရောက်သည့်ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်မည်ဟု နစကဥက္ကဋ္ဌ ပြောကြား

အကြမ်းဖက်လုပ်ရပ်များကို လွန်လွန်ကျူးကျူး ဆောင်ရွက်ခဲ့သူများအား ထိရောက်သောပြစ်ဒဏ်များ ချမှတ်ခဲ့ပြီး ဆက်လက်၍ ထိရောက်သည့်ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်မည်ဟု နစကဥက္ကဋ္ဌ ပြောကြား
Published 17 June 2022

အကြမ်းဖက်လုပ်ရပ်များကို လွန်လွန်ကျူးကျူး ဆောင်ရွက်ခဲ့သူများအား ထိရောက်သော ပြစ်ဒဏ်များချမှတ်ခဲ့ပြီး ဆက်လက်၍ ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်မည်ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဇွန် ၁၆ ရက်က ကျင်းပသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် တက်ရောက် အမှာစကားပြောကြားရာ၌  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

အကြမ်းဖက် တိုက်ခိုက်မှုများနှင့်ပတ် သက်၍ ၂၀၂၁ ခုနှစ် မတ် ၃ ရက်မှ စတင်ဖြစ် ပေါ်ခဲ့ပြီး PDF များ၏ အကြမ်းဖက်မှုဖြစ်စဉ်ပေါင်း ၁၁၀၀ ကျော်ရှိခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်သူများကို အရေးယူဆောင်ရွက်ခဲ့မှုအနေဖြင့် ဇွန် ၁၅ ရက်အထိ ဖြစ်စဉ်ပေါင်း ၇၀၀ ကျော် ဖြစ်ပွားခဲ့ပြီး ၎င်းတို့ထံမှ ပစ္စတို ၃၀၁ လက်၊ မောင်းပြန်လက်နက်မျိုးစုံ ၇၀၇ လက်၊ တူမီး သေနတ် ၆၇၂ လက်၊ လက်လုပ်သေနတ် အ လက် ၁၈၇၀၊ လက်လုပ်စိန်ပြောင်းမျိုးစုံ ၆၅၃ လက်၊ စုစုပေါင်း လက်နက်မျိုးစုံ ၄၂၀၃ လက် ရရှိခဲ့ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အဆိုပါလက်နက်များမှ မောင်းပြန် လက်နက်အများစုသည် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းအချို့ထံမှ ဖြစ်သည်ကို တွေ့ရှိရပြီး အချို့လက်နက်များမှာ ပြည်ပ နိုင်ငံများမှ တင်သွင်းထားခြင်းဖြစ်သည်ကို တွေ့ရကြောင်း နစကဥက္ကဋ္ဌက ဆိုသည်။

ထို့ပြင် အကြမ်းဖက်မှုများကို နှိမ်နင်း ဆောင်ရွက်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် တာဝန်သိပြည်သူများ ထိ ခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးမှုများလည်း ရှိခဲ့သဖြင့် ထိုက်သင့်သည့် ခံစားခွင့်များရရှိရေးဆောင်ရွက်ပေးလျက်ရှိကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ထို့အတူ တရားဥပဒေစိုးမိုးရေးအရ အ ကြမ်းဖက်သူများနှင့် ဆက်စပ်လျက်ရှိသူ များကို အရေးယူဆောင်ရွက်မှုများ ပြုလုပ် လျက်ရှိကြောင်း၊ မိမိတာဝန်ယူချိန်နောက် ပိုင်းတွင် ပြစ်ဒဏ်ကျခံနေရသူများကို လွတ် ငြိမ်းချမ်းသာခွင့်များ အကြိမ်ကြိမ်ပေးခဲ့ ကြောင်း၊ သို့သော် အချို့သူများသည် အကြမ်း ဖက်မှုနှင့် ဖောက်ခွဲဖျက်ဆီးမှုများတွင် ကိုယ် တိုင်ပါဝင်လုပ်ဆောင်ခြင်း၊ အားပေးကူညီ ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် ဖမ်းဆီး ထိန်းသိမ်း၍ အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်း၊  ၎င်းင်းအပြင် အချို့သော အကြမ်းဖက် လုပ်ရပ်များကို လွန်လွန်ကျူးကျူးဆောင်ရွက် ခဲ့သူများအား ထိရောက်သော ပြစ်ဒဏ်များချ မှတ်ခဲ့ပြီး ဆက်လက်၍လည်း ထိရောက်သော ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်မည်ဖြစ် ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  ပြောကြားသည်။

Most Read

Most Recent