ဗဟိုဘဏ်က ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် ပထမအကြိမ်တင်သွင်းသည့် ယူရီးယားမြေသြဇာတန် ၇၅၀၀၀ ခန့်ကို အရောင်းဆိုင် ၂၉၁ ဆိုင်တွင် ကြိုက်ရောင်း/ကြိုက်ဝယ်စနစ်ဖြင့် ရောင်းချ

ဗဟိုဘဏ်က ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် ပထမအကြိမ်တင်သွင်းသည့် ယူရီးယားမြေသြဇာတန် ၇၅၀၀၀ ခန့်ကို အရောင်းဆိုင် ၂၉၁ ဆိုင်တွင် ကြိုက်ရောင်း/ကြိုက်ဝယ်စနစ်ဖြင့် ရောင်းချ
ဧရာဝတီတိုင်းဒေသကြီး ကျေးလက်တစ်ခုတွင် မိုးစပါးရိတ်သိမ်းအပြီး ခြွေလှေ့ထားသည်ကို တွေ့ရစဉ်
ဧရာဝတီတိုင်းဒေသကြီး ကျေးလက်တစ်ခုတွင် မိုးစပါးရိတ်သိမ်းအပြီး ခြွေလှေ့ထားသည်ကို တွေ့ရစဉ်
Published 16 June 2022

ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် ပထမအကြိမ်တင်သွင်းသည့် ယူရီးယား မြေသြဇာတန် ၇၅၀၀၀ ခန့်ကို သက်သာသောစျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်ပြီး ဇွန် ၁၁ ရက်မှစတင်၍ တိုင်းဒေသ ကြီးနှင့် ပြည်နယ် ၁၁ ခုရှိ မြို့နယ် ၁၃၆ မြို့နယ်မှ အရောင်းဆိုင် ၂၉၁ ဆိုင်တွင် ကြိုက်ရောင်း/ကြိုက်ဝယ်စနစ်ဖြင့် လက်ငင်းငွေ ချေဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ယူရီးယားမြေသြဇာဝယ်ယူဖြန့်ဖြူးရောင်းချ ရေးဦးဆောင်ကော်မတီမှ ထုတ်ပြန်ထား သည်။

ယူရီးယားမြေ သြဇာဝယ်ယူဖြန့်ဖြူး ရောင်းချရေးဦးဆောင်ကော်မတီသည် မြန်မာနိုင်ငံမြေသြဇာ၊မျိုးစေ့နှင့်စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များ၊ အသင်းဝင်ကုမ္ပဏီများ စုစည်းဖွဲ့စည်းထားသော Consortium အဖွဲ့နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့နှင့် ပူးပေါင်း၍တောင်သူလယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင် အသုံးပြုရန် လိုအပ်လျက်ရှိသော အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီသည့် ယူရီးယားမြေသြဇာများ ပြင်ပပေါက်စျေးထက် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

တောင်သူများအနေဖြင့် စျေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချပေးမည့် ယူရီးယားမြေသြဇာများကို သက်ဆိုင်ရာကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံမှ ဝယ်ယူခွင့်လက်မှတ်များ အခမဲ့ရယူ၍ မြို့နယ်များရှိ သက်ဆိုင်ရာအရောင်းဆိုင်များ၌ ယူရီး ယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီမှ ထုတ်ပြန်ထားသော ရည်ညွှန်းစျေးနှုန်းများအတိုင်း ဝယ်ယူရရှိ နိုင်မည်ဖြစ်သည်။

တောင်သူများအနေဖြင့် ယူရီးယားမြေသြဇာများကို မြို့နယ်အလိုက်သတ်မှတ်ဖြန့် ဖြူးရောင်းချသည့် အရောင်းဆိုင်များ၌ သတ် မှတ်စျေးနှုန်းအတိုင်း ဝယ်ယူရရှိခြင်း မရှိလျှင်သော်လည်းကောင်း၊ သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီပြီး ဝယ်ယူရန်အ ခက်အခဲရှိခဲ့လျှင်သော်လည်းကောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဖုန်း ၀၆၇-၄၁၀၀၃၅၊ သမဝါယမဦးစီးဌာန  ဖုန်း-၀၆၇-၄၁၀၀၄၀၊ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဖုန်း-၀၆၇-၄၁၈၆၂၁ နှင့် တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများနှင့် မြို့နယ်အဆင့်ဖြန့်ဖြူးရောင်းချ ရေးကော်မတီများသို့ ဆက်သွယ်နိုင်သည်။

ယူရီးယားမြေသြဇာ 50 Kg ပါ တစ်အိတ်လျှင် ရန်ကုန်ဂိုဒေါင်စျေး ၈၆၀၀၀၊ ပဲခူးတိုင်းဒေသကြီး ပဲခူးတွင် ၈၇၈၀၀၊ ပြည်တွင် ၈၈၆၀၀၊ မန္တလေးတိုင်းဒေသကြီးတွင် ၈၈၆၀၀၊ မကွေးတိုင်းဒေသကြီး မကွေးတွင် ၈၉၀၀၀၊ စလင်း/ပွင့်ဖြူတွင် ၈၉၁၀၀၊ မွန် ပြည်နယ် မော်လမြိုင်/သထုံတွင် ၈၈၈၀၀၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတွင် ၈၉၅၀၀၊ ရေဦး/ရွှေဘိုတွင် ၈၉၈၀၀၊ ရန်ကုန်တိုင်းဒေသကြီး သုံးခွတွင် ၈၈၀၀၀၊ ထန်းတပင်တွင် ၈၆၅၀၀၊ ရခိုင်ပြည်နယ်၌ စစ်တွေတွင် ၉၂၆၀၀၊ မောင်တောတွင် ၉၉၄၀၀၊ ကရင်ပြည်နယ်၌ဘားအံတွင် ၈၈၈၀၀၊ လှိုင်းဘွဲ့တွင် ၈၉၃၀၀၊ ဧရာဝတီတိုင်းဒေသကြီး၌ ပုသိမ်တွင် ၈၈၂၀၀၊ ဟင်္သာတတွင် ၈၈၁၀၀ ၊ ရှမ်းပြည်နယ်(အရှေ့)၌ ကျိုင်းတုံတွင် ၉၆၀၀၀၊ မိုင်းတုံတွင် ၁၀၀၈၀၀၊ ရှမ်းမြောက်၌ လားရှိုးတွင် ၉၂၀၀၀၊ ကျောက်မဲတွင် ၉၀၁၀၀၊ ရှမ်းတောင်၌ တောင်ကြီးတွင် ၈၉၅၀၀၊ ကလောတွင် ၈၈၈၀၀၊ မိုင်းပန်တွင်  ၉၂၀၀၀ ကျပ်တို့ဖြစ်သည်။ သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီပြီး ဝယ်ယူရန်အခက်အခဲရှိပါက မြို့နယ်အဆင့်ရောင်းချရေး ကော်မတီသို့ သတင်းပို့ဝယ်ယူနိုင်ကြောင်း  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

Most Read

Most Recent