ဇွန် ၈ ရက် ၊ နံနက် ၈ နာရီခန့်တွင် ဝေဇယန္တာလမ်းရှိ City Mart အနီးရှိ မီးပွိုင့်တွင် မီးပွိုင့်နီနေစဉ် ရပ်ထားသည့် ဟိုက်ဂျက်ယာဉ်အား Toyota Crown မှ ဝင်တိုက်မိခဲ့ကြောင်း ၊ ယင်းနောက် ယာဉ်ငါးစီး ဆက်ဆင့်တိုက်ခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့သည့် သုခကာရီလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ပြောကြားချက်အရ သိရသည်။
“ငါးစီးဆင့်တိုက်တာပါ။မီးပွိုင့်မှာ ပွိုင့်မိလို့ တန်းစီနေတုန်း Toyota Crown က နောက်ကနေဝင်တိုက်တာပါ။လမ်းဘေးဈေးသည်ပါ ဒဏ်ရာရတယ်သိရတယ်။သုံးယောက်ကတော့ အခြားကယ်ဆယ်ရေးကားနဲ့ပါသွားတယ်။တစ်ယောက်က အချက်သုံးဆယ်ချုပ်ရတယ်။တစ်ယောက်က လက်ကျိုးသွားတယ်”ဟု သုခကာရီလူမှုကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ငါးဦးဒဏ်ရာရရှိခဲ့သည်ဟု ကနဦး သိရှိရပြီး ဒဏ်ရာရာရရှိသူများအား သင်္ဃန်းကျွန်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
■ Photo - မရွှေမှုံ (သုခကာရီလူမှုကယ်ဆယ်ရေးအဖွဲ့)















