ထိုင်းနိုင်ငံတောင်ပိုင်း ၁၄ ခရိုင်တွင် ဖမ်း ဆီးခံခဲ့ရသည့့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၆၉ ဦးမှာ ကော့သောင်းမြို့သို့ ဇွန် ၇ ရက်တွင် ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိ သည်။
ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ လဝကအချုပ် ထောင်မှ ပြန်လည်လွတ်မြောက်လာသည့်မြန် ရွှေ့ပြောင်းလုပ်သားများမှာ ရေလမ်းခရီးဖြင့် ရောက်ရှိလာရာ တာဝန်ရှိသူများနှင့် မြန်မာ ရွှေ့ပြောင်းလုပ်သားများအရေး ကူညီဆောင် ရွက်ပေးနေသည့် FED-MRC မှ အဖွဲ့ဝင်များက ကြိုဆိုကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြန်လည်လွတ်မြောက်လာသည့်မြန်မာ ရွှေ့ပြောင်းလုပ်သားများတွင် အမျိုးသား ၉၆ ဦး၊ အမျိုးသမီး ၇၃ ဦး၊ စုစုပေါင်း ၁၆၉ ဦး ပါ ဝင်ကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သား ၁၆၉ ဦးမှာ ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင် ၁၄ ခု၌ အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး ရနောင်းခရိုင် ရှိ လဝကအချုပ်ထောင်တွင်ထားရှိရာမှ ပြန် လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိ ရသည်။
ထိုင်းနိုင်ငံရှိတာဝန်ရှိသူများက မြန်မာ နိုင်ငံမှတာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ပြီး အဆိုပါအလုပ်သမားများမှာ Quarantine ဝင်ရမည်ဖြစ်ကြောင်း သိရသည်။
“ကျန်းမာရေးစစ်ဆေးချက်ယူပြီး လက် ခံပေးခဲ့တယ်။ ရွှေ့ပြောင်းလုပ်သားအားလုံး Quarantine ဝင်ရပါမယ်။ခမောက်ကြီးနဲ့ ပု လုံးတုံတုံးမှာရှိတဲ့ စင်တာတွေမှာ ငါးရက် Q ဝင်ရပါမယ်” ဟု ရွှေ့ပြောင်းလုပ်သားများကို ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ဆိုသည်။
ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၊ ရွှေ့ပြောင်းအလုပ်သမားအရင်းအ မြစ်စင်တာ FED-MrC က ပြန်လည်ရောက် ရှိလာသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက်လိုအပ်မည့် ဖိနပ်၊ လက်သန့်ဆေးရည်၊ Mask ၊ စားသောက်စရာများနှင့် ကိုဗစ်အသိပ ညာပေးစာစောင်များ ပေးအပ်ခဲ့ကြောင်း သိ ရသည်။ ြ ပန်လည်ရောက်ရှိလာသည့် မြန်မာ ရွှေ့ပြောင်းလုပ်သားများအားလုံးမှာ တနင်္သာ ရီတိုင်းဒေသကြီးအတွင်းမှဖြစ်ပြီး ကော့သောင်း ခရိုင်မှ အများဆုံးဖြစ်သည်။















