တာဝန်ထမ်းဆောင်ရန် သတင်းပို့သည့် ဆရာ ဆရာမ  ဇွန်လ ၇ ရက်အထိ ၂၉၆၀ ဦးရှိပြီး နောက်ဆုံးသတင်းပို့ရမည့်ရက်ကို ဇွန် ၁၄ ရက်သို့ ထပ်မံတိုးမြှင့်

တာဝန်ထမ်းဆောင်ရန် သတင်းပို့သည့် ဆရာ ဆရာမ  ဇွန်လ ၇ ရက်အထိ ၂၉၆၀ ဦးရှိပြီး နောက်ဆုံးသတင်းပို့ရမည့်ရက်ကို ဇွန် ၁၄ ရက်သို့ ထပ်မံတိုးမြှင့်
Published 7 June 2022

တာဝန်ထမ်းဆောင်ရန် ဇွန် ၇ ရက်အထိ သတင်းပို့သည့် ဆရာ ဆရာမ ၂၉၆၀ ဦးရှိပြီး နောက်ဆုံး သတင်းပို့ရမည့်ရက်အား ဇွန် ၁၄ ရက်သို့ ထပ်မံတိုးမြှင့်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

နစက၏ ထုတ်ပြန်ချက်တွင် ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုကြောင့်လည်းကောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင် ပါဝင်ခဲ့မိသောကြောင့်လည်းကောင်း၊ သွားလာမှု ခက်ခဲခြင်းကြောင့်လည်းကောင်း စိုးရိမ်ကြောင့်ကြမှုများကြောင့် တာဝန်မှကင်းကွာခဲ့သော ပညာရေးဝန်ထမ်း ဆရာ ဆရာမများ၊ ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံထားရသည့် ဆရာ ဆရာမများအနေဖြင့် နိုင်ငံသားမျိုးဆက်သစ်လူငယ်များအတွက် စေတနာ၊ ၀ါသနာ၊ အနစ်နာဟူသော နာသုံးနာကိုရှေးရှု၍ သင်ကြားရေးတာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်ရန်အတွက် မိမိတို့၏ သဘောဆန္ဒအလျောက် မိမိတို့ နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ရာ ကျောင်းတည်ရှိသည့် မြို့နယ် ပညာရေးမှူးရုံးသို့ဖြစ်စေ၊ မိမိတို့ လက်ရှိနေထိုင်ရာဒေသရှိ နီးစပ်ရာမြို့နယ် ပညာရေးမှူးရုံးသို့ဖြစ်စေ ၂၀၂၂  ခုနှစ် ဇွန် ၇ ရက် မတိုင်မီ သတင်းပို့ကြရန်  ဖိတ်ခေါ်ခဲ့ရာ ​ဇွန် ၇ ရက်အထိ ဆရာ ဆရာမ ၂၉၆၀ ဦး ဆက်သွယ် သတင်းပို့ခဲ့ကြောင်း သိရသည်။

သို့ရာတွင် ဆက်သွယ်သတင်းပို့ရန် ဆန္ဒရှိသော်လည်း လမ်းပန်းဆက်သွယ်ရေးနှင့် အခြားသော အခက်အခဲများကြောင့် သတ်မှတ်ရက်အတွင်း သတင်းပို့နိုင်ခြင်းမရှိသော ဆရာ ဆရာမများအတွက် သတင်းပို့ဆက်သွယ်ရမည့်ရက်ကို ဇွန် ၁၄ ရက်အထိ ထပ်မံတိုးမြှင့်သတ်မှတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent