ကွာလာလမ်ပူ-ရန်ကုန်ခရီးစဉ်ပျံသန်းလာသည့် AirAsia (Behad)လေကြောင်းလိုင်း လေယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည်များကို တွေ့ရစဉ်
COVID-19 ကန့်သတ်ချက်ဖြေလျှော့မှုများနှင့် ပြန်လည်စတင်ရန် ကြိုးပမ်းခဲ့သည့် ပြည်တွင်းလေကြောင်း ခရီးသွားကဏ္ဍ
COVID-19 ရောဂါအခြေအနေများကြောင့် ရပ်နားထားခဲ့သည့် ပြည်တွင်းလေကြောင်းလိုင်းများ၏ ပုံမှန်ခရီးစဉ်ပျံသန်းမှုများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် စတင်ကာ ပြန်လည်ပျံသန်းခွင့်ပြုခဲ့သည်။
ယင်းသို့ ပြည်တွင်းလေကြောင်းလိုင်းများက ပုံမှန်ခရီးစဉ်များ ပြန်လည်ပျံသန်းရာတွင် ခရီးသွားလာခွင့်နှင့် ပတ်သက်ပြီး လိုက်နာရမည့် စံသတ်မှတ်ချက် (SOP) များ ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။
သို့ဖြစ်ရာ နိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်း၊ Air KBZ, Air Thanlwin, Mann Yadanarpon, Goldern Myanmar စသည့် ပြည်တွင်းလေကြောင်း လိုင်းငါးခုက ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် တွင် ပြည်တွင်းခရီးစဉ်အချို့ကို ပြန်လည်ပျံ သန်းခဲ့သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ကို ဝန်ဆောင်မှုနှင့် စီမံခန့်ခွဲမှုများပြုလုပ်နေသည့် Yangon Aerodrome Company Limited (YACL) က အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် ICAO က ထုတ်ပြန်ထားသည့် Airport Public Health Contingency Plan (APHCP) လမ်းညွှန်ချက်များအတိုင်း အများပြည်သူကျန်းမာရေး ကြိုတင်ကာ ကွယ်ရေးအစီအမံများကို လိုက်နာဆောင်ရွက်ပြီး ပြည်တွင်းပုံမှန်လေကြောင်းခရီးစဉ် ပျံသန်းမှုတွေကို ဝန်ဆောင်မှုပေးရန်အဆင် သင့်ဖြစ်နေကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က သတင်းထုတ်ပြန်ခဲ့ သည်။
“ရန်ကုန်လေဆိပ် ပြည်တွင်းလေဆိပ် အဆောက်အအုံ Terminal-3 မှာ ပြည်တွင်း ပုံမှန်လေကြောင်းခရီးစဉ်တွေ ပြန်လည် ပျံသန်းပေးနေတဲ့နေရာမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တရားဝင်ထုတ် ပြန်ထားတဲ့ SOP ပါ ကျန်းမာရေး စံနှုန်းသတ် မှတ်ချက်နဲ့အညီ ICAO ရဲ့ APHCP ရဲ့ လမ်းညွန်ချက်တွေအတိုင်း တိတိကျကျလိုက် နာဆောင်ရွက်နေပါတယ်” ဟု YACL မှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။
YACL အနေဖြင့် အများပြည်သူကျန်း မာရေး ကြိုတင်ကာကွယ်ရေးအစီအမံများ ဖြစ်သည့် ခရီးသည်များကို ဂိတ်အမှတ်-၄၊ လေဆိပ်ဝန်ထမ်းများအား ဂိတ်အမှတ်-၁ ကို အသုံးပြု၍သီးခြားဝင်ရောက်စေခြင်း၊ ခရီး သည်ဝင်ပေါက်ဂိတ်တွင် ခရီးစဉ်အထောက် အထားနှင့် ဆေးစစ်ချက်များ စစ်ဆေးခြင်း၊ Contactless Thermal Screening စက်ဖြင့် ကိုယ်အပူချိန်တိုင်းတာခြင်း၊ Contactless Hand Santizer Stand တွင် လက် သန့်စင်စေခြင်း၊ ချမှတ်ထားသော စည်းအတွင်းမှသာ Social Distancing စနစ်ဖြင့် စနစ်တကျ ဝင်ရောက်ကြခြင်းနှင့် အကာ အကွယ်အပြည့်ဖြင့် Passenger Check in ပြုလုပ်ခြင်း စသည့်အချက်များကို လိုက်နာ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
နှစ်နှစ်ခန့် ဆိုင်းငံ့ခဲ့သည့် နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်ပျံသန်းမှုများ
ယင်းသို့ ပြည်တွင်းခရီးစဉ်ပျံသန်းမှု များကိုသာ လက်ခံ ဆောင်ရွက်ပေးနေသည့် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်တွင် နိုင် ငံတကာခရီးသည်တင်လေကြောင်းခရီး စဉ်ပျံသန်းမှုအားလုံးမှာ ၂၀၂၀ ပြည့်နှစ်မတ် ၂၉ ရက်တွင် စတင်ဆိုင်းငံ့ထားခဲ့ရခြင်း ဖြစ် သည်။
မြန်မာနိုင်ငံလေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီး သည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ကန့်သတ်ချက်ကို၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ ထပ်မံတိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။
COVID-19ကပ်ရောဂါ ကူးစက်ပြန့် ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံ များအား ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေ ဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီ သွားများအပေါ် ပြည်ဝင်ခွင့်ယာယီကန့်သတ် ချက်များ ထုတ်ပြန်ထားခဲ့ပြီး အဆိုပါကန့် သတ်ချက်အားလုံးကို ၂၀၂၂ ခုနှစ် ဖေဖော် ၀ါရီ ၂၈ ရက်အထိ သက်တမ်းတိုးမြှင့်ခဲ့ခြင်း ဖြစ် သည်။
သို့ရာတွင် အရေးပေါ် အစိုးရတာဝန် ဖြင့် ဖြစ်စေ၊ မလွှဲမရှောင်သာသော ကိစ္စရပ် များကြောင့်ဖြစ်စေ၊ ပြည်ပနိုင်ငံသားများ (သံတမန် များနှင့် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင်) အနေဖြင့် မြန်မာနိုင်ငံသို့ ပျံသန်းပြေးဆွဲရန် ရှိမည့် ကယ်ဆယ်ရေးလေယာဉ် (သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန်ရှိ ပါက ပြည်ဝင်ခွင့်ဗီဇာဆိုင်ရာ ကန့်သတ်မှု များမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည် ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူ အညီတောင်းခံရမည်ဖြစ်ကြောင်း သိရ သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အနေဖြင့် အဆိုပါကာလအတွင်း အရေးပါ သော ကယ်ဆယ်ရေးနှင့် ကုန်စည်သယ်ယူ ပို့ဆောင်ရေးခရီးစဉ်များ ပျံသန်းပြေးဆွဲမှု များကို စဉ်ဆက်မပြတ် ဝန်ဆောင်မှုပေးကာ လေဆိပ်အတွင်း လူထုကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များအတိုင်း ကာကွယ်မှု များကို ဆောင်ရွက်ထားကြောင်း အသိပေး ချက်ထုတ်ပြန်ခဲ့သည်။
မြန်မာနှစ်သစ်ကူးကာလတွင် ပြန်လည်ဆင်းသက်ခွင့်ရရှိခဲ့သည့် နိုင်ငံတကာ ခရီးသည်တင်လေကြောင်းခရီးစဉ်ပျံသန်းမှု
၂၀၂၂ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ COVID-19 ရောဂါ အတည်ပြုလူနာ တွေ့ ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှုနှုန်းတို့ သိသာ စွာ ကျဆင်းလာသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံ တကာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေ ရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံ ခြားသားများ၊ မြန်မာနိုင်ငံသားများ နိုင်ငံ တွင်းသို့ ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့ စေရေးအတွက် နိုင်ငံတကာလေကြောင်း ခရီးစဉ်များ ယာယီကန့်သတ်သည့် အစီ အစဉ်အား ၂၀၂၂ ခုနှစ် ဧပြီ ၁၆ ရက်အထိ သတ်မှတ်ပြီး ကိုဗစ်ရောဂါပြည်ဝင်ခွင့်လိုအပ် ချက်များနှင့်အညီ ဧပြီ ၁၇ ရက်မှစတင်ကာ သတ်မှတ် စည်းကမ်းချက်များအတိုင်း ပုံမှန် ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့သည်။
ယင်းကြောင့်ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်တွင် နှစ်နှစ်ကြာဆိုင်းငံ့ထားခဲ့ရ သည့် နိုင်ငံတကာခရီးသည်တင်လေကြောင်း ခရီးစဉ်များကို ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်မှ စတင်၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ် ၊ Terminal 1 တွင် ပြန်လည်ပျံသန်းခဲ့ ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က သတင်းထုတ်ပြန်ခဲ့သည်။
၂၀၂၁ ခုနှစ် ဧပြီ ၁၇ ရက်တွင် ပထမဆုံး ဆိုက်ရောက်လေကြောင်းခရီးစဉ်ဖြစ်သည့် Singapore Airlines – SQ 761 ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်က လက်ခံ ဆောင်ရွက်ပေးခဲ့ သည်။
ယင်းသို့ နိုင်ငံတကာခရီးသည်တင်လေ ကြောင်းခရီးစဉ် ဆိုက်ရောက်ခရီးသည်များ အတွက် မြန်မာနိုင်ငံသို့ ဝင်ရောက်ရာတွင် မြန်မာအစိုးရက တောင်းဆိုထားသည့် ကျန်း မာရေးဆိုင်ရာ သတ်မှတ်စာရွက်စာတမ်း အထောက်အထားများကို တစ်ပါတည်း ယူ ဆောင်လာရမည်ဖြစ်သည်။ အဆိုပါအ ထောကအထားများ မတင်ပြနိုင်သည့် ခရီး သွားများအနေဖြင့် ကယ်ဆယ်ရေးလေ ယာဉ်ခရီးစဉ်များဖြင့်သာ မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်မည်ဖြစ်ပြီး ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော အပြည် ပြည်ဆိုင်ရာ ဝင်ထွက် ဂိတ်များနှင့် နယ် စပ် ဝင်ထွက်ဂိတ်များမှ ဝင်ရောက်လာမည့် ခရီး သွားများအတွက် ချမှတ်ထားသော အသွား အလာကန့်သတ်ခြင်း ညွှန်ကြားချက်များ အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာခရီးစဉ်များ ပျံသန်းနေသည့် ပြည်တွင်းလေကြောင်းလိုင်းနှစ်ခုကပြည်ပခရီးစဉ်များ စတင်ပျံသန်းခြင်း
ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်များ သာ ပျံသန်းနေသည့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် commercial Flight များ ပြန်လည်ဆင်းသက်ခွင့်ရရှိခဲ့ပြီး နောက် ပိုင်းတွင် နိုင်ငံပိုင် မြန်မာအမျိုးသားလေ ကြောင်းလိုင်း MNA က စင်ကာပူ၊ ဘန် ကောက်နှင့် ကွာလာလမ်ပူခရီးစဉ်များနှင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI က ဧပြီလအတွင်း ဘန်ကောက်၊ စင် ကာပူ၊ ကွမ်ကျိုး၊ ကိုလ်ကတ္တားနှင့် ဒေလီသို့ အထူးခရီးစဉ်များကို အသီးသီး စတင်ပျံသန်း ခဲ့သည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်တွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ပထမဆုံးပြန်လည် ဆင်းသက်သည့် Commercial Flight အနေဖြင့် မြန်မာအမျိုးသားလေကြောင်းလိုင်း UB 1002 သည် စင်ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ဆိုက်ရောက်ခဲ့ကြောင်း သိရ သည်။ လက်ရှိတွင် နိုင်ငံပိုင် မြန်မာအမျိုး သားလေကြောင်းလိုင်း၏ ပြည်ပခရီးစဉ် များကို ပုံမှန်ခရီးစဉ်များအတိုင်း ပြန်လည် ပျံသန်းနေပြီဖြစ်ပြီး MNA Club Member များအနေဖြင့် ပြည်ပခရီးစဉ်များ ခေတ္တမရပ် ဆိုင်းမှီ မိမိယခင်ရရှိထားပြီးသော mileage နှင့် ကျန်ရှိသောသက်တမ်းအတိုင်း ပြန်လည် စတင်မည်ဖြစ်ကြောင်းသိရသည်။
နိုင်ငံတကာခရီးစဉ်များပျံသန်းရန် စီစဉ်နေပြီဖြစ်သည့် ပြည်ပလေကြောင်းလိုင်းများ
Commercial Flight များဆင်းသက် မှု ပြန်လည်စတင်နေပြီဖြစ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Nok Air, Thai Smile, Air Asia, Malaysia Airlines Singapoe Airline နှင့် Korean Airlines လေကြောင်းလိုင်းများက ခရီးစဉ်များ ပြန်လည်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာလေကြောင်းလိုင်းတစ်ခု ဖြစ်သည့် Air Asia(Behad) ၏ လေကြောင်းခရီးစဉ်များကို ၂၀၂၂ ခုနှစ် ဇွန် ၃ ရက်မှစတင်ကာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြန်လည်ပျံသန်းခဲ့ကြောင်း သိရသည်။ ဇွန် ၃ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၀ မိနစ်တွင် မလေး ရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ ပျံသန်းဆိုက်ရောက်လာ သော Air Asia (Behad) ၏ လေယာဉ်အမှတ် AK 505 ကို ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ ဝမ်းမြောက်စွာ ကြိုဆိုခဲ့ ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
Air Asia (Behad) သည် ရန်ကုန်မြို့ နှင့် ကွာလာလမ်ပူမြို့အကြားအပတ်စဉ် တနင်္လာနှင့် သောကြာနေ့တိုင်း တစ်ပတ် လျှင် နှစ်ကြိမ် တိုက်ရိုက်ပျံသန်းမည်ဖြစ် ကြောင်း သိရသည်။ ယင်းအပြင် Korean Airline အပါအဝင် နိုင်ငံတကာမှ လေ ကြောင်းလိုင်းအသီးသီးကလည်း မြန်မာ နိုင်ငံနှင့် ချိတ်ဆက်၍ ခရီးစဉ်များပျံသန်းရန် စီစဉ်နေပြီဖြစ်ရာ နှစ်နှစ်ခန့် တိတ်ဆိတ်ငြိမ် သက်နေခဲ့ရသည့်ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်သည် နိုင်ငံတကာခရီးသည်တင် လေကြောင်း ခရီးစဉ်ပျံသန်းမှုများဖြင့် ပြန် လည်လှုပ်ရှား အသက်ဝင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။










