တရုတ်နည်းပညာကုမ္ပဏီတစ်ခု၏ JOOX Music မြန်မာ့ရင်းနှီးမြုပ်နှံမှုမှ ရပ်ဆိုင်းမည်

တရုတ်နည်းပညာကုမ္ပဏီတစ်ခု၏ JOOX Music မြန်မာ့ရင်းနှီးမြုပ်နှံမှုမှ ရပ်ဆိုင်းမည်
Published 3 June 2022

တရုတ်နည်းပညာကုမ္ပဏီတစ်ခု၏ JOOX Music မြန်မာ့ရင်းနှီးမြုပ်နှံမှုမှ ရပ်ဆိုင်းမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

မိုဘိုင်းအက်ပလီကေးရှင်းတစ်ခုဖြစ်သည့် JOOX Music Myanmar မှ လာမည့် ဇူလိုင် ၆ ရက်မှ စတင်ကာ မြန်မာနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုများမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း  JOOX Music Myanmar က သတင်း ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ ပြောင်းလဲနေသည့် စျေးကွက်အခြေအနေများကြောင့် ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း JOOX Music Myanmar ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်တွင်းပြည်ပ သီချင်းပေါင်း ၄၅ သန်းကျော်ကို နားထောင်နိုင်သည့် အဆိုပါ မိုဘိုင်းအက်ပလီကေးရှင်းအား

တရုတ်နည်းပညာကုမ္ပဏီ Tencent က တည်ထောင်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂၀၁၅ ခန့်က စတင် ဝင်ရောက်ရင်းနှီးမြုပ်နှံခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်အပြီး နောက်ပိုင်းတွင် သုံးစွဲသူအချို့က အဆိုပါ အက်ပလီကေးရှင်းကို ဖုန်းများမှ ပြန်လည်ဖယ်ရှားခြင်းများရှိပြီး ပြည်တွင်းအဆိုတော်အချို့ကလည်း အက်ပလီကေးရှင်းတွင် တင်ထားသည့် ၄င်းတို့၏ သီချင်းတွေကို ပြန်ဖြုတ်ခြင်းများရှိခဲ့သည်။

JOOX Music မှာ မြန်မာနိုင်ငံအပြင် မလေးရှား၊ ထိုင်း၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မကာအို နိုင်ငံများတွင် ရင်းနှီးမြုပ်နှံမှုများ လုပ်ဆောင်ထားကြောင်း သိရသည်။

Most Read

Most Recent