တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မေ ၂၉ ရက်အထိ ကျောင်းအပ်နှံသူဦးရေ လေးသန်းငါးသိန်းကျော်ရှိ

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မေ ၂၉ ရက်အထိ ကျောင်းအပ်နှံသူဦးရေ လေးသန်းငါးသိန်းကျော်ရှိ
Published 30 May 2022

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မေ ၂၉ ရက်အထိ ကျောင်းအပ်နှံသူဦးရေ လေးသန်းငါးသိန်းကျော် (၄၅၅၄၅၉၉ ဦး) ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ၌ မေ ၂၉ ရက်အ ထိ ကျောင်းအပ်နှံသူ ၄၅၅၄၅၉၉ ဦးရှိပြီဖြစ် ကြောင်း သိရသည်။

အလားတူ နှစ်ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကျောင်းအပ်နှံသူ ၃၂၃၀၉၉၉ ဦးရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် လည်း စတင်ကျောင်းအပ်လက်ခံသည့်နေ့ တွင် မူလတန်း၊ အလယ်တန်းနှင့် အထက် တန်းများ၌ စုစုပေါင်းကျောင်းသားကျောင်း သူ ဦးရေ ၇၀၃၈၀ လာရောက်အပ်နှံခဲ့ကြောင်း မေ ၂၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာ၏ ဖော် ပြချက်အရ သိရသည်။

ဖော်ပြချက်အရ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းအသီးသီး၌ ကျောင်းအပ်နှံ ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိ ရာ မူလတန်းအဆင့်၌ ၄၇၂၂၀၊ အလယ်တန်း အဆင့်၌ ၁၆၉၈၄ ဦးနှင့် အထက်တန်းအဆင့် တွင် ၆၁၇၆ ဦး စုစုပေါင်းဦးရေ ၇၀၃၈၀ လာ ရောက်အပ်နှံခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံ ပညာကျောင်းအားလုံးကို မေ ၂၆ ရက်မှစ၍ စတင်ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

အခြေခံပညာကျောင်းများ၌ ကျောင်း အပ်လက်ခံခြင်းကို ဇွန် ၁ ရက်အထိ လက်ခံ မည်ဖြစ်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်း များ ကျောင်းအပ်လက်ခံမှုအပေါ် ကျောင်းအပ် နှံမှုများရှိသလို လုံခြုံရေးအခြေအနေ၊ ကျန်း မာရေးအခြေအနေများကြောင့် ကျောင်းအပ် နှံရန် စိုးရိမ်သူများလည်းရှိနေကြောင်း သိရ သည်။

ထိုသို့ ကျောင်းအပ်လက်ခံပြီးနောက် အခြေခံပညာသင်ကျောင်းများကို ဇွန် ၂ ရက် တွင် စတင်ဖွင့်လှစ်မည်ကြောင်း ပညာရေး ဝန်ကြီးဌာန၏ ကြေညာထားချက်အရ သိရ သည်။

ကျောင်းအပ်နှံရာတွင် မည်သည့်အခ ကြေးငွေမျှ ကောက်ခံခြင်းမပြုရန်၊ ငွေကြေး လက်ဆောင်ပစ္စည်း လက်ခံခြင်းမပြုရန်၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ် အစရှိသည် များကို ရောင်းချခြင်းမပြုရန်၊ ကျောင်းထွက် သူ လုံးဝမရှိစေရေးနှင့် အလယ်တန်း၊ အထက် တန်းအဆင့်များသို့ အဆင့်ဆင့် ဆက်လက် ပညာသင်ကြားနိုင်ရေး မိဘများနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ ြေျု ကို ညွှန်ကြားချက်များ အတိုင်း တပ်ဆင်ရန်၊ ပညာသင်ကာလအ တွင်း စစ်ဆေးအကဲဖြတ်ခြင်းကို ညွှန်ကြားချက် များအတိုင်း စစ်ဆေးရန်၊ ကျောင်းသား ကျောင်းသူများ ပူးပေါင်းဆောင်ရွက်တတ် ရေး၊ ကျောင်းတက်မှန်ရေး အိမ်စာများကို နေ့ စဉ် လုပ်ဆောင်ရန် မိဘများနှင့် ပူးပေါင်းဆွေး နွေးရေးအစရှိသည့်အချက်များကို ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် Grade-5၊ Grade-8 နှင့် Grade-11 သင်ရိုးသစ်တန်းများကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး လက်ရှိတွင် Grade-5၊ Grade-8 နှင့် Grade-11 သင်ရိုးသစ် TOT သင်တန်းများကိုလည်း ဧပြီ ၄ ရက်မှစ၍ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

လက်ရှိတွင် အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများကို COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ကျောင်းသားကျောင်းသူ စုစုပေါင်း ၁ ဒသမ ၅ သန်းခန့်အား ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၇ ရက်မှစ၍ တစ်နိုင်ငံလုံးအနေဖြင့် ကာကွယ်ဆေးစတင်ထိုးနှံပေးခဲ့ကြောင်း၊ ဒုတိယအကြိမ်ထိုးနှံခြင်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် ဆက်လက်ထိုးနှံခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံခြင်းကို နိုင်ငံတစ်ဝန်းရှိ မြို့နယ်များတွင် ၂၀၂၁-၂၀၂၂  ခုနှစ် ပညာသင်နှစ်တွင် ကျောင်းအပ်နှံထားပြီး ကျောင်းတက်ရသည့် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းသားကျောင်းသူများ ရည်မှန်းဦးရေ တစ်သန်းခန့်ကို စတင်၍ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

 

 

Most Read

Most Recent