လာမည့်ရာသီတွင် အာဆင်နယ်အသင်းတိုက်စစ်မှူး မာတင်နယ်လီ နံပါတ်(၁၁) ပြောင်းလဲဝတ်ဆင်မည်

လာမည့်ရာသီတွင် အာဆင်နယ်အသင်းတိုက်စစ်မှူး မာတင်နယ်လီ နံပါတ်(၁၁) ပြောင်းလဲဝတ်ဆင်မည်
Photo: Getty Images
Photo: Getty Images
Published 21 May 2022

 

အာဆင်နယ်အသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး မာတင်နယ်လီသည် လာမည့်ရာသီတွင် ကျောနံပါတ်(၁၁)ကို ပြောင်းလဲဝတ်ဆင်မည်ဖြစ်ကြောင်း သိရသည်။ 

မာတင်နယ်လီ(၂၀ နှစ်)သည် အာဆင်နယ်အသင်းတွင် နံပါတ်(၃၅)ဝတ်ဆင်နေသူဖြစ်ပြီး လက်ရှိအချိန်၌ နံပါတ်(၁၁)မှာ လစ်လပ်နေသည့်အတွက် ၎င်းကို ပြောင်းလဲဝတ်ဆင်စေခြင်းဖြစ်ကြောင်း သိရသည်။ 

အာဆင်နယ်အသင်းသည် ရာသီသစ်အတွက် ဝတ်စုံသစ်မိတ်ဆက်ပွဲပြုလုပ်ရာတွင် မာတင်နယ်တီကို ကျောနံပါတ်(၁၁)ဝတ်ဆင်စေပြီး အပြောင်းအလဲပြုလုပ်လိုက်ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။