စပါးနှင့် မန်ယူအသင်းတို့ ခေါ်ယူရန် ပစ်မှတ်ထားနေသည့် ဘရန့်ဖို့ဒ်ကွင်းလယ်လူ အဲရစ်ဆင်က ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပြန်လည်ကစားလိုကြောင်း ဝန်ခံပြောကြားခဲ့သည်။
အဲရစ်ဆင် (၃၀ နှစ်)သည် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် နှလုံးခုန်ရပ်တန့်ကာ ကွင်းအတွင်း လဲကျခဲ့ပြီးနောက် နှလုံးခုန်နှုန်းထိန်းစက် တပ်ဆင်ကာ ဘောလုံးပြန်ကစားနေခြင်းဖြစ်သည်။
အဲရစ်ဆင်သည် ယခုရာသီကုန်တွင် ဘရန့်ဖို့ဒ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းကိုခေါ်ယူရန် အသင်းဟောင်း စပါးနှင့် မန်ယူအသင်းတို့ စိတ်ဝင်စားနေကြသည်။
အဲရစ်ဆင်သည် ယခင်က အေဂျက်စ်၊ စပါး၊ အင်တာတို့နှင့်အတူ ချန်ပီယံလိဂ်ပွဲများ ကစားခဲ့သူဖြစ်သည်။















