ဖေဖော်ဝါရီကတည်းက သိမ်းပိုက်ခံထားရသည့် ရုရှား၏ ထာဝရသိမ်းပိုက်ခံ ယူကရိန်း နယ်မြေကို အတည်ပြုလိုက်သည့် အရွေ့တစ်ရပ်အဖြစ် ယူကရိန်းနိုင်ငံ ခါဆန်မြို့မှ ရုရှားထိန်းချုပ်ခံ အစိုးရအဖွဲ့က ရုရှားအစိုးရအနေ ဖြင့် ၎င်းတို့ပိုင်နက်အတွင်း သွတ်သွင်းပေးရန် မေတ္တာရပ်ခံရေးအတွက် ၎င်းတို့ စီစဉ်နေကြောင်း ပြောကြားလိုက်သည်။ ယူကရိန်း အစိုးရကမူ ရုရှားသည် လွတ်လပ်ရေး သို့မဟုတ် (ရုရှားပိုင်နက်အတွင်း) သွတ်သွင်းရေး အတွက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအတုကို ကျင်းပရန် စီစဉ်ထားသည်ဟု ပြောကြားခဲ့သည်။ ယင်းနှင့်ပတ်သက်၍ ၎င်းတို့အနေဖြင့် ရုရှားသို့ပူးပေါင်းရန် ဆန္ဒ ရှိ မရှိ ကိစ္စကို ဆုံးဖြတ်ရန်မှာ ယင်းဒေသတွင် နေထိုင်သူများ အပေါ်သာ မူတည်သည်ဟု ရုရှားအစိုးရက တုံ့ပြန်ခဲ့သည်။
ရုရှားနှင့် ယူကရိန်းတပ်များသည် ယူကရိန်းအရှေ့ပိုင်း၌ မတိုးသာ မဆုတ်သာ အနေအထားမျိုးဖြင့် အလွန်အကျပ်ရိုက်ကာ အသေအကြေ ခြေကုပ်ယူနေကြပုံရသည်။ ခါကိဗ်တစ်ဝိုက်နှင့် အခြားနေရာများ၌ ယူကရိန်းတို့၏ တန်ပြန်ထိုးစစ်များက ကျူးကျော်လာသည့် ရုရှားတပ်များအား နောက်သို့ ဆုတ်သွားစေသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက အခိုင်အမာပြောကြား သော်ငြားလည်း ယခုအထိ ယူကရိန်းတို့၏ အောင်မြင်မှုများမှာ မိုင် ၃၀၀ အရှည်ရှိ အ နောက်တောင်နှင့် အရှေ့မြောက်ဖျား စစ်နံများအတွင်းသာ ဖြစ်ပုံရသည်။
ခါကိဗ်မြောက်ဘက် ရုရှားနယ်စပ်သို့ လမ်းတစ်ဝက်ရှိ ပျစ်တွန်ညက်အမည်ရှိ ရွာတစ်ရွာကို ၎င်းတို့ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်ဟု ယူကရိန်းတို့က အခိုင်အမာပြော ကြားခဲ့သည်။ “သိမ်းပိုက်ထားတဲ့တပ်တွေဟာ ကျွန်တော်တို့တပ်တွေရဲ့ ထိုးစစ်ခြေလှမ်းကို နှေးကွေးသွားအောင်လုပ်ဖို့ ခံစစ်စည်းကို ဆုတ်သွားပါပြီ” ဟု ယူကရိန်းလက်နက်ကိုင် တပ်များ၏ဦးစီးချုပ်က သူ၏ နောက်ဆုံးအစီရင်ခံစာတွင် ပြောကြားထားသည်။ “ပျစ်တွန် ညက်က လူနေရပ်ကွက်တွေဟာ လွတ် မြောက်သွားပါပြီ”ဟု ၎င်းက ဆိုသည်။
ကျရောက်နိုင်ဖွယ်ရှိသော ရုရှားတို့၏ ခြိမ်းခြောက်မှုများကို တုံ့ပြန်ရာ၌ ဆွီဒင်နှင့် ဖင်လန်နိုင်ငံတို့အား လိုအပ်သမျှ မည်သည့်နည်းလမ်းဖြင့်မဆို အထောက်အပံ့ပြုမည်ဟု ဘောရစ်ဂျွန်ဆင် ကတိပေးထားသည်။ ဗြိတိန်ဝန်ကြီးချုပ်သည် ယူကရိန်းနိုင်ငံ ကျူးကျော်ခံရမှုက နှိုးဆော်သောကြောင့် နေတိုးအဖွဲ့ဝင်ရေးကို စဉ်းစားနေသည့် ၎င်းအစိုးရ အဖွဲ့များနှင့် လုံခြုံရေးဆိုင်ရာ အပြန်အလှန် သဘောတူညီချက်များကို လက်မှတ်ရေးထိုးရန် အဆိုပါနှစ်နိုင်ငံစလုံးသို့ သွားရောက်ခဲ့သည်။ ဖင်လန်သမ္မတ ဆောက်လီနီနီစတန်က နေတိုးသို့ ဝင်ခြင်းသည် လုံခြုံရေးကို အ မြင့်ဆုံးမြှင့်တင်ရာကျပြီး မည်သည့်နည်းနှင့်မျှ ကျူးကျော်ခံရနိုင်မည်မဟုတ်ကြောင်း ပြော ကြားခဲ့သည်။
ယူကရိန်းနိုင်ငံကို ဖြတ်လျက် ရုရှားမှဥရောပသို့ ဆက်သွယ်ထားသော လောင်စာ ပိုက်လိုင်းများ၏ ပမာဏ သုံးပုံတစ်ပုံနီးပါးကို ဖြန့်ဝေပေးသည်ဟုဆိုသော အကူးအပြောင်း နေရာတစ်ခုကိုဖြတ်သွားမည့် သဘာဝဓာတ်ငွေ့စီးဆင်းမှုကို ၎င်းတို့က ဆိုင်းငံ့ထားမည် ဖြစ်ကြောင်း ယူကရိန်းနိုင်ငံက ပြောကြားခဲ့သည်။ ယူကရိန်းနိုင်ငံ၏ သဘာဝဓာတ်ငွေ့စနစ်ကို လုပ်ကိုင်နေသည့် GTSOU က (လုပ်ငန်းတစ်ခုအပေါ် ၎င်းက ထိန်းချုပ်နိုင်မှုကို ကျော်လွန်သော တစ်စုံတစ်ရာက သက် ရောက်သောအခါ တိုင်တည်သည့် စကားရပ် ဖြစ်သော) “force majeure” ကို ကြေညာလျက် ၎င်းတို့သည် ဗုဒ္ဓဟူးနေ့မှစ၍ ဆိုခရာ နိဗ်ကာလမ်းကြောင်းကို ဖြတ်သန်းသွားသည့် တင်ပို့မှုများကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရုရှားနိုင်ငံ Gazprom ကုမ္ပဏီမှ ယူကရိန်းနိုင်ငံကိုဖြတ်လျက် ဥရောပသို့ သဘာဝဓာတ်ငွေ့ စီးဆင်းမှုသည် ဗုဒ္ဓဟူးနေ့တွင် လေးပုံတစ်ပုံ ကျဆင်းသွားခဲ့သည်။
သူ၏ နိုင်ငံအတွင်း ရုရှားတပ်များက ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် ပတ်သက်သော သက်သေအထောက်အထားများ မြင့်တက်လာခြင်းကြောင့် ရုရှားနှင့် ဆွေးနွေးရန် ယူကရိန်းနိုင်ငံအနေဖြင့် စိတ်ရှည်သည်းခံမှု ကုန်ခန်းလာနေပြီဟု ဇယ်လန်းစကီးက သတိပေးလိုက်သည်။ ဘူချာအသစ်အသီးသီး၊ မာရီယူပိုးအသစ်အသီးသီးတို့နှင့်အတူ စေ့စပ်ညှိနှိုင်းရေးဖြစ်နိုင်ခြေမှာ “ပျောက်ဆုံး”နေပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
၎င်းတို့ထံမှ ရုရှားတို့ ယူသွားသော အရာရာကို ယူကရိန်းအနေဖြင့် ပြန်လည်ရရှိမှသာ စစ်ပွဲ အဆုံးသတ်သွားလိမ့်မည်ဟု ဇယ်လန်းစကီးက ဆက်လက်ပြောကြားခဲ့သည်။ “ကျွန် တော်တို့ဟာတွေကို ကျွန်တော်တို့ ပြန်ရမှပဲ ယူကရိန်းပြည်သူတွေအတွက် စစ်ပွဲကအဆုံး သတ်သွားမှာပါ”ဟု ပြင်သစ်ထိပ်တန်းတက္ကသိုလ်များမှ ကျောင်းသားများ၊ ပညာရပ်ဆိုင် ရာလောကနှင့် မီဒီယာလောကမှ ကိုယ်စားလှယ်များနှင့် အွန်လိုင်းတွေ့ဆုံပွဲတွင် ၎င်းက ပြောကြားခဲ့သည်။
အရပ်သားများကို ပစ်မှတ်ထားခြင်း သို့မဟုတ် သတ်ဖြတ်ခြင်း ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံထားရသော ရုရှားစစ်အကျဉ်းသားသုံးဦးနှင့် သူ၏ဇနီးအား မုဒိမ်းမကျင့်မီ အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု စွဲချက်တင်ခံထားရသော စစ်သားတစ်ဦးတို့အား ယူကရိန်းပဋိပက္ခ၏ ပထမဆုံး စစ်ရာဇဝတ်မှုတရား ခွင်များအဖြစ် ရုံးတင်စစ်ဆေးရန် စီစဉ်နေကြောင်း ယူကရိန်းတရားစွဲဆိုရေး အကြီးအကဲက ထုတ်ဖော်ပြောကြားခဲ့သည်။ စစ်ပွဲစတင်ခဲ့ကတည်းက အီရီနာဗန်နီဒီတိုဗာ ဦးဆောင်သော ယူကရိန်းတရားစွဲဆိုရေး အကြီးအကဲရုံးသည် အမှုပေါင်း ၁၀,၇၀၀ ကျော်ကို မှတ်တမ်းတင်ထားခဲ့ပြီး အမှုအနည်းငယ်မျှကိုသာ ယခုအခါ အမှုဖွင့်ခြင်း သို့မဟုတ် အမှုတွဲတင်ရန် အဆင်သင့်ပြင်ထားခြင်း ပြုရ သေးသည်ဟု ဆိုသည်။
တောင်ပိုင်းဆိပ်ကမ်းမြို့ မာရီယူပိုးရှိ အဇော့စတယ်သံမဏိစက်ရုံအတွင်း ဆိုးဆိုး ရွားရွားဒဏ်ရာရထားသည့် ခုခံကာကွယ်သူများကို ရုရှားစစ်သုံ့ပန်းများနှင့် လဲလှယ်ရန် ယူကရိန်းက ရုရှားကို ကမ်းလှမ်းထားကြောင်း ဒုတိယဝန်ကြီးချုပ် အီရီနာဗီရစ်ရှ်ချော့က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ “ခုထိ ဘာသဘောတူညီချက်မှ မရသေးပါဘူး။ စေ့စပ်ညှိနှိုင်းမှုတွေ ဆက်လုပ်နေပါတယ်”ဟု ၎င်းကTelegram ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။
တနင်္လာနေ့က ၀ါဆောရှိ ဆိုဗီယက်စစ်သချႋုင်းတွင် ၎င်းတို့၏ သံအမတ်ကြီး ဆေးနီရည်ဖြင့် အပက်ခံရပြီးနောက် ရုရှားကပိုလန်ကို တရားဝင်တောင်းပန်ရန် တောင်းဆိုထားပြီး အနာဂတ်တွင် လက်တုံ့ပြန်မှုများ ဖြစ်လာနိုင်သည်ဟု ခြိမ်းခြောက်ခဲ့သည်။ ၎င်းတို့၏ ကန့်ကွက်မှုကို လက်ခံယူရန် ပိုလန်သံအမတ် ကြီး ခရစ္စတော့ရာယက်စကီးကို ဆင့်ခေါ်ခဲ့ပြီးနောက် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ဟောင်းတစ်ဦးဖြစ်သည့် ဂေါင်ယုရှန်က ရုရှားတို့၏ ကျူးကျော်မှုကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။ သူ၏ ပြောကြားချက်ကို တရုတ် စာနယ်ဇင်းတစ်ခုက အွန်လိုင်းသို့ တင်ခဲ့ပြီးနောက် လျင်မြန်စွာပင် ပြန်လည်ဖြုတ်ချသွားခဲ့သည်။ ပူတင်၏ ဆိုဗီယက်ယူနီယံအဖွဲ့ဝင်ဟောင်း နိုင်ငံများ၏ ပိုင်နက်အပေါ် ကြိမ်ဖန်များစွာ “ချိုးဖောက်မှုများ”သည် “ယူရေးရှား တိုက်အတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးအပေါ် အကြီးမားဆုံးခြိမ်း ခြောက်မှု”ဖြစ်သည်ဟု ဂေါင်က ပြောကြားခဲ့ခြင်းဖြစ်သည်။
တောင်ပိုင်းဆိပ်ကမ်းမြို့ မာရီယူပိုးရှိ အဇော့စတယ်သံမဏိစက်ရုံအတွင်း နောက်ဆုံးကျန်ရှိသည့် ယူကရိန်းတိုက်ခိုက်ရေးသမားများအနက်မှ နှစ်ဦး၏ ဇနီးများက စစ်သားများ တတိယနိုင်ငံတစ်ခုသို့ ရောက်ရှိရေး အကူအညီပေးရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ထံ မေတ္တာရပ်ခံခဲ့သည်။ တစ်ဦးက “အရှင် ဟာ ကျွန်မတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပါ၊ အရှင့်အနေနဲ့ သူတို့အသက်တွေကို ကယ်နိုင်ပါစေလို့ ကျွန်မ မျှော်လင့်ပါတယ်။ ကျေးဇူးပြု ပြီး သူတို့ သေမှာကို ကြည့်မနေပါနဲ့”ဟု ပုပ်ရဟန်းမင်းကြီးအား ပြောကြားခဲ့သည်။
Ref : Guardian










