မြန်မာပြည်သူများ ကိုယ့်တိုင်းပြည်ကို ဖျက်ဆီးနေသည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ပြောကြား

မြန်မာပြည်သူများ ကိုယ့်တိုင်းပြည်ကို ဖျက်ဆီးနေသည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ပြောကြား
Published 12 May 2022

မြန်မာပြည်သူများ ကိုယ့်တိုင်းပြည်ကို ဖျက်ဆီးနေသည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန် ပြောကြားကြောင်း fresh News တွင် သတင်းဖော်ပြထားသည်။

အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီတွင် ရောက်ရှိနေသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က မေ ၁၂ ရက်တွင် အမေရိကန်ရောက် ကမ္ဘောဒီးယားလူမျိုး နှစ်ထောင်ကျော်နှင့် တွေ့ဆုံပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

" ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဆီယံဥက္ကဋ္ဌ ကို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မှာ လက်မှတ်ရေးထိုးထားတဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ စကားပြောဖို့ မေတ္တာရပ်ခံတယ်။ ဒါကြောင့် ဒီလုပ်ရပ်ကို ရပ်တန့်ဖို့ ဆန့်ကျင်ဆန္ဒပြနေတဲ့ ဆန္ဒပြပြည်သူတွေကို ရပ်တန်းက ရပ်ဖို့ ကျွန်တော်ပြောချင်တယ်။ ဒီဟာက သူတို့နိုင်ငံကို သူတို့ ဖျက်ဆီးနေတာဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတာပဲ ဖြစ်တယ်" ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် တိုင်းရင်းသား လက်နက်ကိုင်များကို တွေ့ဆုံရန် စီစဉ်နေပြီး ယင်းသို့ တွေ့ဆုံမှုနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင်အချို့က ငြင်းပယ်ထားသည်။

Most Read

Most Recent