ပို့ကုန်သွင်းကုန်၊ ဒေါ်လာ ထိန်းချုပ်မှုနှင့် ပေါ်လစီ မဖတ်သည့် စာမျက်နှာများ

ပို့ကုန်သွင်းကုန်၊ ဒေါ်လာ ထိန်းချုပ်မှုနှင့် ပေါ်လစီ မဖတ်သည့် စာမျက်နှာများ
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုကို တွေ့ရစဉ်
Published 9 May 2022
သန်းစုုိး  (ဘောဂဗေဒ)

၁၉၉၇ အာရှဘဏ္ဍာရေးပျက်ကပ်မှာ မလေးရှားငွေကြေးဟာ ခြောက်လအတွင်း ရာခိုင်နှုန်း ၄၀ တန်ဖိုးကျသွားတယ်။ ငွေတန်ဖိုးကျသွားတဲ့အတွက် တစ်ဦးချင်း ဝယ်ယူ သုုံးစွဲမှု ပမာဏဟာ ဒေါ်လာ ၈၀၀ အထိ ဆုံးရှုံးခဲ့တယ်။ တစ်ဦးကျဝင် ငွေ အမေရိကန်ဒေါ်လာ ၅၀၀၀ နီး ပါး ကျဆင်းသွားခဲ့လုုိ့ ဖြစ်ပါတယ်။

 ကွာလမ်ပူ အစုုရှယ်စျေးကွက်ဟာ တစ်နှစ်အတွင်း ရှယ်ယာ အစုစု တန်ဖိုး ၆၃ ရာခိုင်နှုန်း ဆုံးရှုံးသွားခဲ့ ပါတယ်။ ပြောရရင် မလေးရှားဟာ တစ်နှစ်အတွင်း အမေရိကန်ဒေါ် လာ ဘီလျံ ၁၄၀ ဆုံးရှုံးသွားခဲ့တာပါ။ အမေရိကန် ဒေါ်လာဘီလျံ ၁၄၀ ဆိုတာ နည်းတဲ့ပမာဏ မဟုတ်ပါဘူး။

Extraordinary times require extraordinary policy responses.  . 

အလွန်အမင်းကာလများတွင် အလွန်အမင်းလုပ်ဆောင်ချက် ပေါ် လစီများဖြင့် ပြန်လည်တုံ့ပြန်ရန် လိုအပ်တယ်လို့ မက်ဆာချုးဆက် ပြည်နယ်က ကမ္ဘာကျော်စီးပွားရေး ပညာရှင်တစ်ဦးဖြစ်တဲ့ ပါမောက္ခ ပေါခရုမင်က ဖော်ကျွန်းမဂ္ဂဇင်းမှာ ရေးသားထုတ်ဖော်ဖူးပါတယ်။

သူဆိုလိုတာက အကျပ်အတည်းကာလ၊ အလွန်အမင်းကာလ၊ ကသောင်းကနင်းကာလမှာ ပေါ်လစီ  Respond တွေဟာလည်း အလွန်အမင်းဖြစ်တတ်တယ်ဆိုတဲ့ သဘော ဖြစ်ပါတယ်။

အကျပ်အတည်းနဲ့ ပတ်သက်ပြီး မလေးရှားဟာ  ငွေကြေးစီးဆင်း မှုကို နည်းလမ်းနှစ်ခုနဲ့ ထိန်းချုပ် လိုက်တယ်။

ပထမနည်းက အမေရိကန် ဒေါ်လာနဲ့ ရင်းဂစ် ငွေလဲလှယ်နှုန်း ကို တစ်သမတ်တည်း ကျင့်သုံးဖို့ ပြဋ္ဌာန်းလိုက်တယ်။ (( Fixed Exchange rat enf)

နောက်တစ်နည်းကတော့ နိုင်ငံခြားဘဏ်မှာသွင်းထားတဲ့ ရင်းဂစ် ငွေများကို နုုိင်ငံတွင်းရှိဘဏ်များကုုိ ပြန်လွှဲစေခြင်းအားဖြင့် အရင်းအနှီး ကို ပြည်တွင်းမှာသာ ထားရှိရမယ်။ ရှယ်ယာများနဲ့ပတ်သက်ပြီး မလေး ရှယ်ယာများ ဝယ်ယူတဲ့ အစုရှယ် ယာရှင်သစ်များနဲ့ပတ်သက်ပြီး တစ် နှစ်အတွင်း ပြန်မရောင်းရဆိုတဲ့ အ မိန့်ထုတ်ပြန်ခဲ့တယ်။ (နောက် ဆက်တွဲ)

ပထမနည်းလမ်းနဲ့ပတ်သက်ပြီး ကုန်သွယ်မှုမှာ စျေးနှုန်း တစ်သမတ်တည်းရှိမှု အာမခံချက်ရသွား တယ်။ ပုံသေငွေလဲနှုန်းဟာ ကုုန်စည်များ၊ဝန်ဆောင်မှုများ သွင်းကုန် နဲ့ပတ်သက်ပြီး စျေးနှုန်းအတက် အကျအပေါ် စိုးရိမ်ကြောင့်ကြမှု မရှိဘဲ တင်သွင်းနိုင်တော့တယ်။         

သွင်းကုန်စျေးနှုန်းမတည်ငြိမ်မှု ဟာ ငွေလဲနှုန်းအပေါ်မှာ ရာနှုန်းပြည့် မှီတည်နေတာကို ပယ်ဖျက်နိုင်တော့ တယ်။ သွင်းကုန်စျေးနှုန်း တည်ငြိမ် လို့ (ပုံသေငွေလဲနှုန်းကြောင့်) ရေရှည် ကန်ထရိုက်စနစ်နဲ့ တည် ဆောက်ရတဲ့ ဆောက ်လုပ်ရေး လုပ် ငန်း စီမံကိန်းအားလုံးအတွက် ပစ္စည်း  ဝယ်ယူရာမှာ ကန်ထရိုက်စာချုပ် ချုပ်ဆိုစဉ်က ငွေလဲနှုန်းအတိုင်း တစ်သမတ်တည်းဆောင်ရွက်နိုင်တဲ့ အားသာချက်ကုုိ ရသွားတယ်။

(မြန်မာပြည်မှာ အကောင်းဆုံးဥပမာဆိုရင် စက်သုံးဆီလောင် စာပဲ။ တခြားသွင်းကုန်ကုန်စည် အားလုုံး တစ်သမတ်တည်းစျေးနှုန်း တင်သွင်းနိုင်လို့ ကုန်စျေးနှုန်း တည်ငြိမ်မှုကို တစ်ပိုင်းတစ်စ ထိန်း နိုင်သွားပါလိမ့်မယ်။ (စာရေးသူ၊ စကားချပ်) ငွေလဲနှုန်းမတည်ငြိမ်မှုဟာ လူတွေရဲ့ နေစဉ်ဘဝတွေ အပေါ်မှာ စျေးနှုန်းက ခြိမ်းခြောက် နေတယ်ဆိုတဲ့ စိုးရိမ်မှုကို လျော့ပါးစေတယ်။

စီးပွားရေးလောက စဉ်ဆက်မပြတ် အောင်မြင်မှုအတွက် အရေး ကြီးဆုံးက တည်ငြိမ်မှုနဲ့ ကြိုတင်ခန့် မှန်းနိုင်မှုရှိခြင်းဟာ အထူးအရေးပါတယ်။ ဒီအတွက် မလေးရှားဟာ ပုံသေငွေလဲနှုန်းကို အလွန်အမင်း ကာလမှာ အလွန်အမင်း ပေါ်လစီ လုပ်ဆောင်မှု လုပ်ခဲ့တယ်လို့ သုံး သပ်လို့ ရတယ်။

ဒုတိယအချက်တော့ မလေး ရှားပြင်ပ နိုင်ငံခြားဘဏ်တွေမှာ အပ်နှံထားတဲ့ ငွေတွေကို နိုင်ငံအ တွင်း ပြန်လွှဲစေခြင်းအမိန့်ကြောင့် ဘီလျံချီပြီး မလေးနိုင်ငံအတွင်းကို ပြန်ရောက်လာခဲ့တယ်။ ပြည်တွင်း ကို ပြန်စီးဝင်လာတဲ့ ဘီလျံချီ ဒီငွေ တွေဟာ စီးပွားရေးကဏ္ဍတစ်ခုလုံး အတွက် အရင်းအနှီးပြန်ဖြစ်စေခဲ့ တယ်။ ပြည်ပမှာအပ်နှံထားတဲ့ နိုင်ငံ ခြားငွေ ပြည်တွင်းပြန်သွင်းစေခြင်း ဟာလည်း အလွန်အမင်းကာလမှ အလွန်အမင်း ပေါ်လစီတုံ့ပြန်မှု တစ်ခုပဲ ဖြစ်ခဲ့တယ်။

လက်ရှိမြန်မာအခြေအနေနဲ့ ဆက်စပ်ကြည့်ရအောင်ပါ။ အခုုလုုိ ဒေါ်လာထိန်းချုပ်မှုနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိတဲ့ မေးခွန်းတွေ ထုုတ် ကြည့်ရရင်

(၁) နိုင်ငံခြား အရန်ငွေကြေး နည်းနေလုုိ့လား။

(၂) နိုင်ငံခြားရေးဝန်ကြီး တရုတ်ပြည်က ပြန်ရောက်ပြီးတဲ့ နောက် နိုင်ငံခြ ားငွေလဲနှုန်းပေါ်လစီ နဲ့ပတ်သက်ပြီး  White Paper ယူလာ ခဲ့တာလား။ ဒါမှမဟုုတ် တရုတ်က သူရဲ့ဒေါ်လာ ငါးဘီလျံလောက်ထဲ က အကြွေး တောင်းနေလုုိ့လား။

(၃) နိုင်ငံခြား ငွေစျေး အတက် အကျမြန်၊ ထိန်းချုပ်မှုခက်ခဲနေလုုိ့ စျေးကွက်ထဲ စျေးနှုန်းတွေ ကဘောက် တိကဘောက်ချာ ဖြစ်နေမှုကို ထိန်း ကျောင်းချင်လုုိ့လား။ (စက်သုံးဆီ၊ သွင်းကုန်ကုန်စည်အားလုံး နေ့စဉ် နဲ့အမျှ စျေးထိုးတက်နေ၊ သွင်းကုန် စျေးနှုန်းတွေ တစ်ရစ်ပြီးတစ်ရစ် တက်နေခြင်းကုုိ ကိုင်တွယ်ဖို့)

(၄) ငွေအသစ်ရိုက်ထုတ်နိုင်တဲ့ အခွင့်အလမ်း ရရှိသွားပြီးနောက် စျေးကွက်ထဲ ကျပ်ငွေတွေ ပစ်ထည့် ပြီး (ဒေါ်လာပုုံသေ ငွေလွှဲနှုန်းဖြင့်) ူငဆကငိငအပ တက်လာအောင် လုပ်တာ လား။ (အီရန်လေယာဉ်ဆင်းတဲ့ ကောလာဟလ)

(၅) ပြည်ပပို့ကုန် ဝင်ငွေတွေ တရဟော စီးထွက်နေတဲ့ ယိုပေါက် ကို ပိတ်ချင်လို့လား။ စညး်ပျက်ကမ်း ပျက်ဖြစ်နေတဲ့ ပို့ကုန်ဝင်ငွေ ငွေစျေး ကစားမှုကို ထိန်းကျောင်းချင်လို့ လား။ (ဗဟိုဘဏ်ထိန်းကျောင်းမှု မူလကတည်းက အားနည်းခဲ့လုုိ့)

(၆) နယ်စပ်ကုန်သွယ်ရေးမှာ နှစ်နိုင်ငံ အသုံးပြုတဲ့ ငွေကြေးနဲ့ အ ရောင်းအဝယ်လုပ်ဖို့ တွန်းအားအ နေနဲ့ ဒီပေါ်လစီကို ထုတ်ပြန်တာ လား။

(၇) ဒေါ်လာအပေါ် အလွန်အ မင်းမှီခိုနေမှု တစ်နည်းတစ်ဖုံ လျှော့ ချရမယ်ဆိုတဲ့ မဟာဗျူဟာအမြင်။

(၈) တခြားအချက်များ။(လက်လှမ်းမမီလုုိ့ ဖြစ်ပါတယ်)

ဒီလုုိ ဖြစ်နိုင်ခြေရှိတဲ့အချက် တွေကိုခန့်မှန်းပြီးတဲ့နောက် မလေး ရှားရဲ့ ၁၉၉၇ အာရှအကျပ်အတည်း ပြီးနောက် ငွေကြေးပေါ်လစီကို ပြန်လည်ကိုင်တွယ်တဲ့ ပထမမူဝါဒနဲ့ သွားတိုက်ဆိုင်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကျပ်နဲ့ ဒေါ်လာ ပုံသေ ငွေလဲနှုန်း သတ်မှတ်လိုက်တာဟာ အနည်းဆုံး သွင်းကုန်စျေးနှုန်း မ တည်ငြိမ်မှုကိုတော့ ထိန်းသွားနိုင် လိမ့်မယ်လို့ ခန့်မှန်းပါတယ်။

နို့ပေမဲ့ သွင်းကုန်ရှားပါးမှု ကြောင့် စျေးကွက်ထဲ ကုုန်စည်ပြတ် လပ်မှုကို ပြည်တွင်းထုတ်လုပ်မှုအား က မဖန်တီး၊ မဖြည့်ဆည်းနိုင်ဘူး ဆိုရင် ဒေါ်လာမှောင်ခိုစျေးကွက်၊ မှောင်ခိုကုန်စည်စျေးကွက်တွေ ဖြစ်ထွန်းလာနိုင်စရာရှိပါတယ်။               

ဒီအပြင် သွင်းကုန်တင်သွင်းသူ တွေကို တွေ့သမျှ ကုန်စည်တိုင်း မတင်သွင်းတဲ့ပေါ်လစီ ကျင့်သုုံးပြီး မရှိမဖြစ်ကုန်စည်တွေကို တင်သွင်း ခွင့်ပြုပြီး ဒေါ်လာထုတ်ရောင်းမယ် ဆိုရင်တော့ အကျသက်သာမှာ ဖြစ် ပါတယ်။

ပို့ကုန်စျေးနှုန်းကတော့ ကာလတိုမှာ စျေးနှုန်းအတက်အကျဖြစ် ပေမဲ့ ပို့ကုန်တင်သွင်းသူတွေအတွက် ပုံသေငွေလဲနှုန်းဟာ ရှေရှည်မှာ စျေး ကွက်တည်ငြိမ်မှုကို အထောက်အ ကူပြုနေပါလိမ့်မယ်။

ပိုပြီး သေချာတာကတော့ ပို့ ကုန်စျေးနှုန်း တစ်သမတ်တည်းရှိ သွားမှာဖြစ်ပြီး ရေတိုမှာ ပြည်တွင်း က ပုုိ့ကုန်ထုတ်လုပ်သူတွေအနေနဲ့ စျေးအမြင့်ဆုံး မရနိုင်ပေမဲ့လည်း ပြည်တွင်းစားသုံးမှုမှာတော့ စျေးနှုန်း တည်ငြိမ်မှုနဲ့ ကုန်စျေးနှုန်း မတည် ငြိမ်မှုကိုတော့ ထိန်းချုပ်နိုင်လိမ့်မယ် လို့ ယူဆပါတယ်။

အခုစျေးကွက်ထဲ ဖြစ်ပေါ်နေ တဲ့ ကမောက်ကမ ဖြစ်စဉ်တွေကို ဆက်ရေးပါဦးမယ်။