ယူကရိန်းပဋိပက္ခတွင် အတွက်အချက် အမှားကြီးမှားသူတစ်ဦး (သို့မဟုတ်)ဗလာဒီမာပူတင်

ယူကရိန်းပဋိပက္ခတွင် အတွက်အချက် အမှားကြီးမှားသူတစ်ဦး (သို့မဟုတ်)ဗလာဒီမာပူတင်
Photo:AFP
Photo:AFP
Published 4 May 2022
ဇင်မျိုး

ရုရှားသမ္မတဗလာဒီမာပူတင်၌ အချိန်မရှိတော့။ ၁၉၄၅ ခုနှစ်တွင် နာဇီအပေါ် ရုရှား အောင်ပွဲရခဲ့သည့် အထိမ်းအမှတ်နေ့ ဖြစ်သော မေလ ၉ ရက်တွင် သူသည် အောင်ပွဲ အချို့ကို ကြေညာနိုင်ပါမည်လော။ ယူကရိန်း ပြည်သူများသည် ရုရှား၏ ကျူးကျော်မှုကို ပြင်းပြင်းထန်ထန် ခုခံလျက် ၎င်းတို့၏ နေအိမ် များနှင့်မိသာစုများကို ကာကွယ်နေသည်။

ရုရှားဘက်တွင် ယူကရိန်းကဲ့သို့ စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြသခြင်းမျိုး မတွေ့ရ။ အချို့မှာ အသက်၁၈ နှစ် သို့မဟုတ် ၁၉ နှစ်သာရှိ သေးသော ရုရှားစစ်သားများ ဓိတ်ဓာတ်ရေးရာ ကျဆင်းနေသည်ကို ကမ္ဘာက အကြိမ်ကြိမ်  တွေ့ခဲ့ပြီးဖြစ်သည်။ ရုရှားစစ်သားများသည် ယခုစစ်ပွဲကို မတိုက်ချင်ပေ။ သူတို့သည် ယူက ရိန်းတွင် ဖက်ဆစ်အစိုးရဆိုသည်ကိုလည်း မတွေ့ကြပါ။ လွတ်မြောက်ရန် စောင့်ဆိုင်းနေသည့် ရုရှားစကားပြော လူနည်းစုကိုလည်း မတွေ့ပါ။  ရုရှားစစ်သားများကို ပန်းများဖြင့် မကြိုဆိုပါ။ ရုရှားစစ်သားများမှာ ပြင်းထန် သောခုခံမှုဖြင့်သာ ကြိုဆိုခံရသည်။ အမှန်မှာ ယူကရိန်းနိုင်ငံသားများသည် မိမိတို့၏ ယူကရိန်းနိုင်ငံတွင် ပိုမိုလွတ်လပ်ကြသည်။ သာမန် ရုရှားနိုင်ငံသားများ သူတို့နိုင်ငံတွင် လွတ်လပ်သည်ထက် ယူကရိန်းသားများက ယူကရိန်း နိုင်ငံတွင် ပိုမိုလွတ်လပ်ကြသည်။ ရုရှားတွင် ရုရှားပြည်သူများသည် အစိုးရကိုကြောက်နေရသည်။ သတင်းမီဒီယာများက လိမ်ညာနေသည်။ အာဏာပိုင်များကလည်းအစိုးရဆန့် ကျင်သူမှန်သမျှကို ဖြိုခွင်းသည်။

ရုရှားစစ်တပ်က ပူတင်အပေါ် တာဝန် မကျေပေ။ သူ၏ ၀ါဒဖြန့်ချိရေးသမားများ အနေဖြင့် မေလ ၉ ရက်တွင် ပြုလုပ်မည့်စစ် ရေးပြပွဲအမီ အောင်ပွဲခံနိုင်လောက်သော အောင်မြင်မှုအချို့ကို ကြံကြံဖန်ဖန် စိတ်ကူး ကြရန် လိုအပ်ပါလိမ့်မည်။ ထို့နောက် အစိုးရ ထိန်းချုပ်ထားသော ရုပ်သံတွင် ဤလုပ်ဇာတ် ကိုသတင်းဖြန့်ကြမည်ဖြစ်သည်။ ဤသည်မှာ  ရုရှားတွင် အသစ်အဆန်းမဟုတ်ပေ။အမှန် မှာရုရှားသည်ဂရီဂိုရီပါကျုံကျင် (Grigory Potemkin) ၏ နိုင်ငံဖြစ်သည်။

နေ့စဉ် စစ်ပွဲ ကြာလာလေလေ မြေပြင် အခြေအနေ ကြမ်းလာလေလေ သေဆုံးရုရှား စစ်သားအရေအတွက် တိုးလာလေလေဖြစ်သည်။ တစ်ချိန်တည်းတွင် မော်စကို၏ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များနှင့် ဘား ဆိုင်များသည် ဗော့ဒကာသောက်သူများ၊ ကနေသူများဖြင့် ပြည့်နေသည်။ ဘဝက ပုံမှန်အတိုင်းပင်။

ထို့အပြင်လည်း ဆိုဗီယက်နိုင်ငံသားများတွင် ပုံမှန်ဖြစ်နေကျ စိတ်ရောဂါတစ်မျိုး ဖြစ်သော collective schizophrenia (အနေ နီးသူချင်းဖြစ်တတ်သော စိတ်ကစဉ့်ကလျား ရောဂါ) သည် ထပ်မံပေါ်လာသည်။ ဆိုဗီ ယက်နိုင်ငံသားတစ်ဦးသည် အလိမ်အညာများဖြင့် ရှင်သန်နေထိုင်သည်။ မိမိဘာသာ သူရဲဘောကြောင်ခြင်းကို ရှက်ခြင်း၊ ထောက်လှမ်းရေးအဖွဲ့ကို ကြောက်ခြင်းဆိုသောပုံစံဖြင့် နေထိုင်ခြင်းဖြစ်သည်။

ရုရှားပြည်သူအများအပြားသည် ရုရှား ပြည်သူအမည်ခံ၍ ကျူးလွန်သောရာဇဝတ်မှုများကို မသိသလိုနေရန်ကြိုးစားရင်း ရာဇဝတ်မှုများကို ယနေ့အထိ မျက်ကွယ်ပြုထားဆဲဖြစ်သည်။ တစ်နေ့တွင် သူတို့၏ယူကရိန်း ညီအစ်ကိုမောင်နှမများကို သတ်ဖြတ်သူသည်  ငြင်း၍မရသည့် အနေအထားဖြစ်လာသည့် အခါ ထိုကိစ္စကိုသူတို့  မသိကြောင်း၊ သူတို့တွင် တာဝန်မရှိကြောင်း ပြောဆိုကြမည်ဖြစ်ကာ ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု ပြိုလဲပြီးနောက် သူတို့လုပ်ခဲ့သည့် အတိုင်းလုပ်ရန် ကြိုးစားကြပါလိမ့်မည်။

ပူတင်သည် ရုရှားနိုင်ငံကိုထပ်မံအထီး ကျန်အောင် လုပ်နေသည်။မိမိ၏နိုင်ငံရေး ရှင်သန်မှုအတွက် ပဋိပက္ခကိုအရှိန်မြှင့်ရန် ကြိုးစားနေသည်။ နျူကလီးယားလက်နက်များ  သုံးမည်ဟုမတတ်သာသည့် အဆုံး ပူတင် ခြိမ်းခြောက်လာမည်ဆိုပါကသူ၏ ကြံမိကြံရာ ထင်ရာစိုင်းလုပ်ဆောင်မှုသည် အဘယ်မျှ  ကြီးကျယ်သွားမည်နည်း။ သမားရိုးကျလက် နက်များက မျှော်မှန်းထားသောရလဒ်များကို ထွက်ပေါ်စေမည် မဟုတ်ဆိုသည်မှာ ထင်ရှားသည်။

သူ၏လုပ်ရပ်များကြောင့် အနောက်  အုပ်စုအနေဖြင့် ရုရှားစွမ်းအင်သွင်းကုန်များ အပေါ်အမှီအခိုကင်းစေရန် လပိုင်းအတွင်း ဦးတည်သွားစေသည်။ ပူတင်ကြောင့်သာ မဟုတ်ပါက အနောက်အုပ်စုသည် ရုရှားစွမ်း အင်မှီခိုမှုမှ ဘယ်တော့မှ လွတ်ကင်းလိမ့်မည် မဟုတ်။

ပူတင်၏ လုပ်ရပ်ကြောင့်ထုံးစံအားဖြင့် စိတ်တူသဘောတူရှိလှသော ဂျာမန်ပြည်သူ အများစုသည် ကျူးကျော်သူရုရှားအပေါ်  တင်းတင်းမာမာသဘောထားရေးကိုလက်ခံ သွားစေခဲ့သည်။ ယူကရိန်း အသာစီးရစေရန်  ဂျာမန်ပြည်သူများအနေဖြင့် စွန့်လွှတ် အနစ်နာခံလိုစိတ်များဖြစ်လာကြသည်။ ယူကရိန်း ထံလက်နက်ကြီးများပို့ပေးရန် ဝန်လေးနေသော ဂျာမနီလွှတ်တော်အမတ်များသည် ဖိအားပေးခံနေရသည်။ ဆိုရှယ်ဒီမိုကရက် တစ်ပါတီနှင့် ဂရင်းပါတီတို့ထဲကလက်ဝဲယိမ်း သမားများက ဂျာမနီကြည်းတပ်အင်အား တောင့်တင်းစေရေးအတွက် ကာကွယ်ရေး အသုံးစရိတ်ယူရိုငွေ ဘီလျံချီသုံးစွဲရန်ခွင့်ပြုပေးခဲ့သည်။

သာမန်အားဖြင့် အိပ်ငိုက်နေသော ဂျာမနီသည် ဆယ်စုနှစ်များစွာအတွင်းလုပ်ဆောင်ခဲ့ခြင်းမရှိသော မူဝါဒများကိုလပိုင်းအတွင်း အပြောင်းအလဲလုပ်ခဲ့သည်။ ဂျာမနီ၏အစဉ် အလာရှိပင် ကိုယ်စွမ်းရည်များဖြစ်သော စုဖွဲ့ မှုစွမ်းရည်၊ လုံလရှိမှု၊ စွန့်လွှတ်အနစ်နာခံမှု တို့ကိုအသုံးပြုနေပြီဖြစ်သည်။အခြားဥရောပ နိုင်ငံများသည်လည်း အလားတူလုပ်ဆောင်ခဲ့ကြသည်။ ဖင်လန်နှင့် ဆွီဒင်တို့သည် နေတိုး အဖွဲ့ထဲ ဝင်ရန် စဉ်းစားနေသည်။ ထို့အပြင် စစ်ဆန့်ကျင်ရေးဝါဒီဂျပန်သည် ရုရှားကျုး ကျော်လာနိုင်သည့် အနေအထားကြောင့် မိမိ၏ ကာကွယ်ရေးစွမ်းရည်များကို မြှင့်တင်ရန် ဆုံးဖြတ်ခဲ့သည်။ ဆိုခဲ့ပါ အရာအားလုံး သည် ပူတင်ကြောင့် ဖြစ်လာခြင်းဖြစ် သည်။

အဖွဲ့ဝင်နိုင်ငံအချို့က ဦးနှောက်သေနေသောအဖွဲ့ဟု ယခင်က ပြောကြားခဲ့သော

နေတိုးအဖွဲ့ကို ပူတင်က ပြန်လည်ဆန်းသစ် လာအောင်လုပ်ပေးနေသည်။ အမေရိကန် ပြည်ထောင်စုသည် ယူကရိန်း မိမိဘာသာ ကာကွယ်ရာတွင် အထောက်အကူဖြစ်စေရန် အမေရိကန်ဒေါ်လာဘီလျံ ၃၀ ကျော် ပံ့ပိုးပေး ခဲ့သည်။ ဥရောပသမဂ္ဂ(အီးယူ)သည်လည်း အလားတူလုပ်ဆောင်ခဲ့သည်။ ပူတင်ကြောင့် လက်နက်ထုတ်လုပ်ရေးလုပ်ငန်းများ၏ အမှာစာရင်းတွင် စစ်အေးတုန်းကအတိုင်း အမှာ စာများပြည့်နေပါသည်။

ရုရှားကို အမြန်ဆုံးအနိုင်ရစေရမည်ဟု ဘယ်သူကမှ မပြောကြပါ။ ထိုအစားရုရှားကို အချိန်ဆွဲပြီး အနိုင်ယူမည်ဟု ပြောနေကြ သည်။ နေတိုးအနေဖြင့် ရုရှားနှင့်ထိပ်တိုက်တွေ့မှု ကိုနှစ်ပေါင်းများစွာကြာသည် အထိ ဖြစ်နေစေရန် မျှော်လင့်ထားသည်။ ရုရှား ထပ်မံ အင်အားကြီးလာမည်ကိုခွင့်မပြုတော့။ ရုရှားက အခြားနိုင်ငံများကို စစ်မက်ဆင်နွှဲနိုင် လောက်အောင် အင်အားကြီးမားလာခြင်းမျိုး ကိုခွင့်ပြုတော့မည်မဟုတ်။

စစ်ပွဲအပြီးတွင် ယူကရိန်း ပြန်လည် ထူထောင်ရေးအတွက် ရုရှားကိုလျော်ကြေး ပေးခိုင်းမည်ဖြစ်သည်။ ဂျော်ဂျီယာနှင့် မောလ် ဒိုဗာတို့မှ ရုရှားစစ်သားများကို ရုပ်သိမ်းခိုင်းမည်ဖြစ်သည်။ ရုရှားကို ဘီလာရုစ်မှလည်း ထွက်ခွာခိုင်းမည်ဖြစ်သည်။ ၁၉၈၀ ပြည့်နှစ် ကာလများတွင် စီးပွားရေးအားဖြင့် သာလွန်သော အနောက်အုပ်စုက ရုရှား မွဲပြာကျသွားစေရန် လက်နက်ပြိုင်ဆိုင်မှုကိုအသုံးချခဲ့သည်။ သမိုင်းသည် တစ်ပတ်လည်လာပြီဖြစ်သည်။ သို့ရာတွင် ယနေ့ ရုရှားသည် ၁၉၈၀ ပြည့်နှစ်ကာလများဆီက ဆိုဗီယက်ပြည် ထောင်စုထက်  အင်အားပိုနည်းသည်။ အနောက်အုပ်စုသည် ပိုမိုကြီးမားလာသည်။ပိုမိုစည်းလုံးညီညွတ်လာသည်။အရင်ထက်ပိုမိုအင်အားကြီးမားလာသည်။

ယင်းပြဿနာများ မည်သို့ဖြစ်လာပါ သနည်း။ ရုရှားတွင် ပူတင်ကိုဘယ်သူမှ အတိုက်အခံ မလုပ်ရဲပါ။ဆိုဗီယက်အာဏာရှင် စတာလင်ကတောင် ပူတင်ထက် ပိုမိုပါး နပ်သည်။ ယခင်ဆိုဗီယက်ပြည်ထောင်စုတွင် မူဝါဒဖော်ဆောင်သော ပေါ်လစ်ဗျူရိုအဖွဲ့ သည် စတာလင်ကို ကြောက်သည်ဆိုသော်လည်း ပေါ်လစ်ဗျူရိုအဖွဲ့ဝင်အချို့က စတာလင် အမှားလုပ်သည့်အခါ စတာလင်ကို သတိပေးကြသည်။  စတာလင်သည် ပူတင်ထက် ပိုမိုလက်တွေ့ဆန်သူဖြစ်ပြီးခေါက်ခုတင် ရိုးရိုးပေါ်တွင် အိပ်ရန် ရွေးချယ်ခဲ့သူ ဖြစ်သည်။

ပူတင်က ထိုသို့မဟုတ်။ နန်းတော်နှင့် ဇိမ်ခံရွက်လှေပေါ်က အထက်တန်းစားဘဝ ကိုခုံမင်သည်။ စတာလင်က စေ့စပ်သေချာ သူဖြစ်သော်လည်း ပူတင်ကမူ အားကစားသ မားတစ်ဦးဖြစ်သည်။ ပူတင်သည် ခေတ်သစ် ကမ္ဘာကို နားလည်သူမဟုတ်။ သူသည် အင်တာနက်ကို ကိုယ့်ဘာသာကိုယ် မသုံးပါ။ သူသည် အီးမေးလ်ပို့တတ်သူ မဟုတ်ပါ။ထို့ ကြောင့် သူ့ကိုခေတ်သစ်ကမ္ဘာအကြောင်း နားမလည်သူဟု ဆိုရခြင်းဖြစ်သည်။

သူ၏ အပြုအမူက ၁၆ ရာစုတွင် ဖြစ်ပွားခဲ့သည့် လီဗိုနီးယန်းစစ်ပွဲအတွင်းတွင် ကြောက်စရာ အိုင်ဗင်ဟု ထင်ရှားခဲ့သော ရုရှား ဇာဘုရင် အိုင်ဗင် (IV) နှင့် အလွန်တူ နေသည်။အင်အားနည်း နိုင်ငံအများအပြား နှင့် တိုက်ခိုက်သောလီဗိုနီးယန်းစစ်ပွဲတွင် ရုရှားစစ်ရှုံးခဲ့ရာ ရုရှားသည်နိုင်ငံရေးအားဖြင့် မတည်ငြိမ်သော “အကျပ် အတည်းကာလ” ထဲ သက်ဆင်းခဲ့ရသည်။

ယူကရိန်းတွင် ရုရှား ဆင်နွှဲနေသော စစ်ပွဲသည် ဘယ်လောက်ကြာမည်နည်း။ ယူကရိန်းပြည်သူများက သူတို့၏ အမိမြေကို ခုခံကာကွယ်ရန် ဆန္ဒရှိနေသရွေ့ စစ်ပွဲ အချိန်ကြာညောင်းသွားမည်ဖြစ်သည်။ ယူကရိန်း အတွက် အနောက်အုပ်စု၏ ပံ့ပိုးမှုသည်ကား ယခုမှ အစသာ ရှိပါသေးသည်။

Most Read

Most Recent