LNG ဓာတ်အားပေးစက်ရုံနှင့် ရန်ကုန်သို့သွယ်တန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်းများပါဝင်ပြီး ဒေါ်လာ ၂ ဒသမ ၅ ဘီလျံရှိသည့် မီးလင်းချိုင်စီမံကိန်းကို တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အစောပိုင်းစီမံကိန်းစာရင်းတွင် ထည့်သွင်းရန် အဆိုပြုမည်

LNG ဓာတ်အားပေးစက်ရုံနှင့် ရန်ကုန်သို့သွယ်တန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်းများပါဝင်ပြီး ဒေါ်လာ ၂ ဒသမ ၅ ဘီလျံရှိသည့် မီးလင်းချိုင်စီမံကိန်းကို တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အစောပိုင်းစီမံကိန်းစာရင်းတွင် ထည့်သွင်းရန် အဆိုပြုမည်
မီးလင်းချိုင်စီမံကိန်းအတွက် တာဝန်ရှိသူများ  ၂၀၂၀ ပြည့်နှစ်အတွင်းက လက်မှတ်ရေးထိုးခဲ့ကြစဉ်(ဓာတ်ပုံ-Supreme Trading Co.,Ltd)
မီးလင်းချိုင်စီမံကိန်းအတွက် တာဝန်ရှိသူများ  ၂၀၂၀ ပြည့်နှစ်အတွင်းက လက်မှတ်ရေးထိုးခဲ့ကြစဉ်(ဓာတ်ပုံ-Supreme Trading Co.,Ltd)
Published 23 April 2022

LNG ဓာတ်အားပေးစက်ရုံနှင့် ရန်ကုန်သို့သွယ်တန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်းများ ပါဝင်ကာ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂ ဒသမ ၅ ဘီလျံရှိသည့် ဧရာဝတီတိုင်းဒေသကြီး မီးလင်းချိုင်စီမံကိန်းကို တရုတ်-မြန်မာစီး ပွားရေးစင်္ကြံ၏အစောပိုင်း စီမံကိန်းများ စာ ရင်းတွင် ထည့်သွင်းရန် အဆိုပြုထားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်ကုမ္ပဏီသုံးခုဖြစ်သည့် Union Resources and Engineering Company (၄၁ ရာခိုင်နှုန်း)၊ Yunnan Energy Investment ၃၉ ရာခိုင်နှုန်း)နှင့် Zhefu Holding Group (၁ ရာခိုင်နှုန်း)တို့သည် Myanmar’s Supreme Group (၁၉ ရာခိုင်နှုန်း)နှင့် ပူးပေါင်းပြီး ၁၃၉၀ မဂ္ဂါဝပ် LNG ထုတ်ပေးသည့် မီးလင်းချိုင်စီမံကိန်းကို အကောင်အထည်ဖော်ရန် စတင်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးရှိ အဆိုပါစက်ရုံတွင် LNG ဓာတ်အားပေးစက်ရုံ၊ LNG သိုလှောင်ကန်၊ ဗို့အားမြင့်သွယ်တန်းခြင်းနှင့် ရန်ကုန်သို့ သွယ်တန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်းများ ပါဝင်သည်။ အဆိုပါစီမံကိန်းအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် က ခွင့်ပြုပေးပြီး ၂၀၂၇ ခုနှစ်တွင် စီးပွားဖြစ်လုပ်ငန်း စတင်လည်ပတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် မြန်မာအစိုးရသည် ၎င်း၏တိုးတက်မှုကို အရှိန်မြှင့်တင်ရန် ခန့်မှန်းခြေ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ ရှိသည့် အဆိုပါဦးစားပေးစွမ်းအင်စီမံကိန်းကိုလည်း တရုတ်-မြန်မာစီးပွားရေးစင်္ကြံ၏ အစောပိုင်းစီမံကိန်းများစာရင်းတွင် ထည့် သွင်းရန် အဆိုပြုထားမည်ဖြစ်သည်။

CNPC ၏ တရုတ်-မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် မြန်မာနိုင်ငံတွင် CNPC ၏အကြီးဆုံးရင်းနှီးမြှုပ် နှံမှုဖြစ်ပြီး ပိုးလမ်းမစီမံကိန်း၏ အဓိကအချက်အချာဖြစ်သည်။

လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၃၀ ချက်ချင်းထုတ်လုပ်ရန်အတွက် ဓာတ်မြေသြဇာစက်ရုံအချို့(ဓာတ်ငွေ့သုံး၍) အသွင်ပြောင်းခြင်းနှင့် အခြားဓာတ်ငွေ့သုံးဓာတ်အားပေးစက်များ သို့မဟုတ် စွန့်ပစ်အပူသုံးဓာတ်အားပေး စက်ရုံစီမံကိန်းများတွင် အရှိန်ဟုန်မြှင့် လုပ်ဆောင်ခြင်း၊ လက်ရှိတွင် သဘာဝဓာတ် ငွေ့ကုဗပေသန်း ၂၀ ကို အသုံးပြု၍ ကျောက်ဖြူတွင် လျှပ်စစ်ဓာတ်အားစုစုပေါင်း မဂ္ဂါဝပ် ၁၀၀ ခန့်ထုတ်ပေးလျက်ရှိသည်။ ပိုက်လိုင်းပြုပြင်ထိန်းသိမ်းပြီးပါက တစ်နေ့လျှင် ကုဗပေ သန်း ၃၀ အထိ တိုးချဲ့ကာ ၁၉၅ မဂ္ဂါဝပ်ထုတ် လုပ်နိုင်မည်ဖြစ်သည်။

စီးပွားရေး ပိတ်ဆို့အရေးယူမှုများရှိနေသော်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ရန် ရှာဖွေနေစဉ် မြန်မာနိုင်ငံအနေဖြင့် ပျက်စီးသွားသော ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို တစ်ပြိုင်တည်း ဆောင်ရွက်နေပြီး ဟိုက်ဒရိုကာဗွန်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုုင်ငံတွင် စွမ်းအင်ပြတ်လပ်မှုနှင့်စပ်လျဉ်း၍ မကြာသေးမီက မီဒီယာများတွင် ဖော်ပြမှုများ၊ ပြည်ပစွမ်းအင်ကုမ္ပဏီများ ထွက်ခွာမှုများနှင့် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်၍ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် မီဒီယာများ၏ ဖော်ပြချက်များအပေါ် တုံ့ပြန်သည့်အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့က ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent