ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၁၀၀ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၈၅၅ ကျပ် ဝန်းကျင်ရှိနေ

ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၁၀၀ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၈၅၅ ကျပ် ဝန်းကျင်ရှိနေ
ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲကောင်တာ တစ်ခုအားတွေ့ရစဉ်
ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲကောင်တာ တစ်ခုအားတွေ့ရစဉ်
Published 23 April 2022

၂၀၂၂ ခုနှစ် ဧပြီ ၂၃ ရက်တွင် ကမ္ဘာ့ ဒေါ်လာစျေး အညွှန်းကိန်း၁ဝဝပွိုင့်ဝန်းကျင် ရှိကာ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၈၅၅ ကျပ် ဝန်းကျင်ရှိနေကြောင်း  နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၉ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၇၀၀ ဝန်းကျင်အထိ စံချိန်တင်မြင့် တက်ခဲ့သည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၂ခုနှစ် ဧပြီ ၂၃ ရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံ ခြားငွေကြေးများ၏ လဲလှယ်မှု နှုန်းထားများ မှာ ယူရို၂၁၅ဝကျပ်၊ စင်ကာပူ ဒေါ်လာ ၁၄၉၅ ကျပ်၊ မလေးရှားရင်းဂစ် ၄၅၉ကျပ်၊ ထိုင်းဘတ် ကျပ်၆၀.၂၅၊ ဂျပန်ယန်း ၁၉.၅ ကျပ်၊ တရုတ် ယွမ်  ၃၁၅ ကျပ်တို့ ဖြစ်သည်။ ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၂ခုနှစ် ဧပြီ ၂၂ ရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံ ခြားငွေကြေးများ၏ လဲလှယ်မှု နှုန်းထားများ မှာ ယူရို၂၁၅ဝကျပ်၊ စင်ကာပူ ဒေါ်လာ ၁၄၈၇ ကျပ်၊ မလေးရှားရင်းဂစ် ၄၆ဝကျပ်၊ ထိုင်းဘတ် ၆၀.၃၀ ကျပ်၊ ဂျပန်ယန်း ၁၉.၅ ကျပ်၊ တ ရုတ် ယွမ်  ၃၂၀ ကျပ်တို့ ဖြစ်သည်။  သြဂုတ် ၈ ရက်က ထုတ်ပြန်ခဲ့သည့် နိုင်ငံခြားငွေများရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်းတို့ လုပ်ဆောင်ရာတွင် CBM Reference Rate အား Mid-Rate ဖြင့် သတ်မှတ်၍ ရောင်းစျေးနှုန်းနှင့် ဝယ်စျေးနှုန်းကို သုည ဒသမ ၈ ရာခိုင်နှုန်းဘောင်အတွင်း ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်း ဆောင်ရွက်ချက်များမှာ  ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျ ကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်း နှင့် ယခင်ရက်ရည်ညွှန်း ငွေလဲ လှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြား ငွေ (အမေရိကန်ဒေါ်လာ ရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန် မာကျပ်ငွေတန်ဖိုး မြင့်တက်သည့်ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေး ပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံး သီးသန့်အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက် တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာကျပ်ငွေနှင့် အမေရိကန် တစ်ဒေါ်လာလဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက် အရ မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို  ဖွင့်လှစ် ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့် ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို Refinitiv ယခင် (Thomson Reuters)၏ လေလံ အရောင်းအဝယ်စနစ်ကို အသုံးပြု၍ ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချ ခြင်းဖြစ်သည်။ ကာလတိုအတွင်း နိုင်ငံခြား ငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန်ဖြစ်သည်။

 

Most Read

Most Recent