၂၀၂၂ခုနှစ်  ဧပြီလအတွင်း ရန်ကုန်ဆိပ်ကမ်းများမှ ကုန်သေတ္တာတင်သင်္ဘောစီးရေ ၅၂ စီးခန့်ဝင်ရောက်ရန် လျာထားပြီး ဧပြီ ၂၂ရက်နေ့အထိ သင်္ဘောစီးရေ ၄၀ ကျော်ဝင်ရောက်ခဲ့

၂၀၂၂ခုနှစ်  ဧပြီလအတွင်း ရန်ကုန်ဆိပ်ကမ်းများမှ ကုန်သေတ္တာတင်သင်္ဘောစီးရေ ၅၂ စီးခန့်ဝင်ရောက်ရန် လျာထားပြီး ဧပြီ ၂၂ရက်နေ့အထိ သင်္ဘောစီးရေ ၄၀ ကျော်ဝင်ရောက်ခဲ့
ရန်ကုန်ဆိပ်ကမ်းမြိ့ရှိ ဆိပ်ကမ်းတစ်ခုအားတွေ့ရစဉ်
ရန်ကုန်ဆိပ်ကမ်းမြိ့ရှိ ဆိပ်ကမ်းတစ်ခုအားတွေ့ရစဉ်
Published 22 April 2022

၂၀၂၂ခုနှစ် ဧပြီလအတွင်း ရန်ကုန်ဆိပ်ကမ်းများမှ ကုန်သေတ္တာတင်သင်္ဘော စီးရေ ၅၂ စီးခန့်ဝင်ရောက်ရန်လျာထားပြီး ဧပြီ ၂၂ ရက်နေ့အထိ သင်္ဘောစီးရေ ၄၀ ကျော် ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဧပြီလအတွင်း ရန်ကုန်ဆိပ်ကမ်းများမှ ကုန်သေတ္တာတင်သင်္ဘောစီးရေ ၅၂ စီးခန့်ဝင်ရောက်ရန်လျာထားပြီး၊ ဧပြီ ၉ ရက်မှ ၁၇ ရက်ထိ သင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း ကုန်သေတ္တာတင်သင်္ဘော ၁၆ စီးခန့် ဝင်ရောက်ခဲ့ကြောင်း မြန်မာ့ဆိပ် ကမ်းအာဏာပိုင်မှ ထုတ်ပြန်သော သတင်းအချက်လက်များအရ သိရသည်

၂၀၂၂ ဧပြီ ၉ ရက်မှ ၁၇ ရက် နှစ်သစ်ကူးရုံးပိတ်ရက်ရှည်ကာလအတွင်း ရန်ကုန်ဆိပ်ကမ်းရှိ ဆိပ်ကမ်းတံတားများအားလုံး ဆိပ်ကမ်းဝန်ဆောင်မှုများကို ပိတ်ရက်မရှိ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် မတ်လတွင် ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်းများ၏ စုစုပေါင်း ကုန်သေတ္တာတင်သင်္ဘော အစင်း ၅၀ ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ရန်ကုန်ဆိပ်ကမ်းများ၌ နိုင်ငံတကာသင်္ဘောလိုင်း ၁၃ ခု၏ စုစုပေါင်းကုန်သေတ္တာတင် သင်္ဘော ၉၇ စင်း ဝင်ရောက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာမှ ထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရသည်။

ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များတိုးမြှင့်တင်သွင်းရန် ရန်ကုန်ဆိပ်ကမ်းများ၌ ၂၀၂၂ ဇန်နဝါရီတွင် သင်္ဘောလိုင်း ၁၃ ခု၏ ကုန်သေတ္တာတင်သင်္ဘော ၄၉ စင်း၊ ဖေဖော်ဝါရီတွင် သင်္ဘောလိုင်း ၁၃ ခု၏ ကုန် သေတ္တာတင်သင်္ဘော ၄၈ စင်း ဝင်ရောက်ခဲ့ ခြင်းဖြစ်သည်။

ပွင့်လင်းရာသီပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရန်နှင့် ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်းနိုင်ရန်အတွက် လည်းကောင်း ကုန်သေတ္တာတင်သင်္ဘော လိုင်းအသီးသီးမှ ခရီးစဉ်များ ပြန်လည်တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားခြင်းဖြစ်ကြောင်း မြန် မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ရန်ကုန်ဆိပ်ကမ်းများသို့ ၂၀၂၁ ခုနှစ် မေလမှစတင်ကာ နိုင်ငံတကာကုန်သေတ္တာ နှင့် အထွေထွေကုန်စည်သင်္ဘောများ ပိုမိုဝင် ရောက်ခဲ့ပြီး ကုန်သေတ္တာ ၁၁၀၀၀ ကျော်နှင့် အထွေထွေကုန်စည် ၁၁၅၀၀၀ မက်ထရစ်တန် ပိုမိုကိုင်တွယ်နိုင်ခဲ့ကြောင်း မြန်မာ့ဆိပ် ကမ်းအာဏာပိုင်မှထုတ်ပြန်သော သတင်းအချက်အလက်များအရ သိရသည်။

မေလမှစ၍ သင်္ဘောဝင်ရောက်မှုနှင့် ကုန်ကိုင်တွယ်မှုများ ပြန်လည်မြင့်တက်လာခဲ့ကာ ကုန်သေတ္တာ ၁၁၀၀၀ ကျော်နှင့် အထွေထွေကုန်စည် ၁၁၅၀၀၀ မက်ထရစ်တန် ပိုမိုကိုင်တွယ်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းအပြင် ဇွန်လမှစတင်ကာ နိုဝင်ဘာလကုန်ထိလည်း ကုန်သေတ္တာတင်သင်္ဘော အစင်း ၄၀ ကျော်အထိ ဝင်ရောက်ပြေးဆွဲခဲ့ကြောင်း သိရသည်။

ပင်လယ်ရေကြောင်းကုန်သွယ်မှု လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် ၂၀၂၁ ခုနှစ် မှစတင်ကာ Maersk Line Myanmar (Sealand Maersk)သင်္ဘောလိုင်းက ကုန်သေတ္တာတင် သင်္ဘောသစ်သုံးစင်းအား စတင်ပြေးဆွဲခဲ့သည်။

Maersk Line Myanmar က စတင် ပြေးဆွဲခဲ့သည့် သင်္ဘောသစ်များမှာ Maersk Norberg, Maersk Narvik နှင့် Maersk Nesna တို့ဖြစ်သည်။ အဆိုပါသင်္ဘော သုံးစင်းအနက် Maersk Norberg သည် MITT နှင့် MIP ဆိပ်ကမ်းတံတားများတွင် ဆိုက်ကပ် ကုန်တင်ကုန်ချပြုလုပ်မည်ဖြစ်ကာ ၂၀၂၁ ဇွန် ၁၀ ရက်က Launching Ceremony အား MIP ဆိပ်ကမ်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်္ဘောသစ်သုံးစင်းမှာ ကုန်သေတ္တာ ၁၇၅၀ TEU 2100 မက်ထရစ်တန် (ရေစူး ၉ ဒသမ ၅ မီတာ) တင်ဆောင်နိုင် မည်ဖြစ်ပြီး မြန်မာနိုင်ငံစျေးကွက်အတွက် သီးသန့်ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ကုန်သေတ္တာ တင် သင်္ဘောသစ်များ တိုးချဲ့ပြေးဆွဲခြင်းဖြင့် ပို့ကုန်များအတွက် Space & Equipment လုံလောက်စွာ ရရှိနိုင်မည်ဖြစ်ပြီး ပို့ကုန်များအတွက် ဘိုကင်ရရှိရန် စောင့်ဆိုင်းရန်မလိုတော့ဘဲ တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent