"ကျွန်တော် မန်ချက်စတာယူနိုက်တက်ကို မသွားစရာ ဘာအကြောင်းမှ မရှိဘူး။ ကျွန်တော် လိဒ်စ်အသင်းအတွက် တတ်နိုင်သမျှ အကုန်လုပ်ပေးခဲ့ပြီးပြီ။ ကျွန်တော့် ကစားသမားဘဝကို ဘာဖလားမှာ မရဘဲနဲ့လည်း အဆုံးမသတ်ချင် ဘူး။ မန်ချက်စတာယူနိုက်တက်မှာဆိုရင် ကျွန် တော့်အတွက် အခွင့်အရေးတွေအများကြီးရလာမယ်ဆိုတာ ကျွန်တော်သိတယ်"လို့ ဖာဒီနန်က ပြောတယ်။ ဒီအပြောင်းအရွှေ့က ဖာဒီနန်ကို ကမ္ဘာ့စျေးအကြီးဆုံးနောက်ခံလူ အဖြစ် ဒုတိယအကြိမ် စံချိန်တင်စေခဲ့ပြန်တယ်။ ဖာဒီနန်ရဲ့ လိဒ်စ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အပြောင်းအရွှေ့စံချိန်ကို ဂျူဗင်တပ်စ်အသင်းကနေ ပါးမားအသင်းကို ပေါင် (၂၁)သန်းနဲ့ ပြောင်းရွှေ့ပြီး သူရမ်က ရိုက်ချိုးခဲ့ပြီး နောက် သူရမ်ရဲ့ စံချိန်ကို ဖာဒီနန်က ပြန်လည်ကျော်ဖြတ်ခဲ့ခြင်းလည်းဖြစ်တယ်။ "ကျွန်တော့် အတွက်တော့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းတာလောက် ပိုကောင်းတဲ့ အခွင့်အရေး မရှိတော့ဘူး။ ဖာဂူဆန်က ကျွန်တော့်အမေကို ပြောတာ မှတ်မိသေးတယ်။ သူ့ကို ကြည့်ရတာ သိပ်မပျော်သလိုပဲ ဖြစ်နေတယ် မဟုတ်လားတဲ့။ အမေက ပွဲမကစားရမချင်း သူ ပျော်မှာမဟုတ်ဘူး၊ သူ စကစားပြီဆိုတာနဲ့ ဘယ်လောက်ပျော်နေသလဲဆိုတာ တွေ့လိမ့်မယ်"လို့ ပြန်ပြောခဲ့တယ်။
ဂန္ထဝင်ခြေရာများ (၃) ရီယိုဖာဒီနန်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။