ခရစ္စတယ်ပဲလေ့စ်အသင်းအား ဂိုးပြတ်အရေးနိမ့်ပြီးနောက် ပရိသတ်များကို အာတီတာ တောင်းပန်

ခရစ္စတယ်ပဲလေ့စ်အသင်းအား ဂိုးပြတ်အရေးနိမ့်ပြီးနောက် ပရိသတ်များကို အာတီတာ တောင်းပန်
Photo: Getty Images
Photo: Getty Images
Published 6 April 2022

 

အာဆင်နယ်အသင်းနည်းပြ အာတီတာသည် ဧပြီလ ၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်တွင် ခရစ္စတယ်ပဲလေ့စ်အသင်းအား (၀-၃)ဂိုးဖြင့် အ ရေးနိမ့်ခဲ့ပြီးနောက် ပွဲအပြီးတွင် အသင်းပရိသတ်များအား တောင်းပန်ခဲ့ပြီး အသင်းကစားပုံသည် လုံးဝလက်ခံနိုင်စရာမရှိခဲ့ဟု ဝေဖန်သွားခဲ့သည်။

အာဆင်နယ်အသင်းသည် ယင်းပွဲတွင် ခရစ္စတယ်ပဲလေ့စ်အသင်းမှ မာတက်တာ (၁၆ မိနစ်)၊ ဂျော်ဒန်အာယူး(၂၄ မိနစ်)၊ ဇာ ဟာ(၇၄ မိနစ် ပယ်နယ်တီ)တို့ သွင်းယူသည့် ဂိုးများကြောင့် ဂိုးပြတ်အရေးနိမ့်သွားခဲ့ခြင်း ဖြစ်သည်။ အာဆင်နယ်အနေဖြင့် စပါးအ သင်းထက် လက်ကျန်တစ်ပွဲ ပိုကစားရမည် ဖြစ်သော်လည်း ရမှတ်ပေါင်း ၅၄ မှတ်စီဖြင့်   ဂိုးကွာခြားချက်နည်းပါးမှုကြောင့် အဆင့် ငါး နေရာသာ ရပ်တည်နေပြီး တစ်ကျော့ပြန် ချန် ပီယံလိဂ်ဝင်ခွင့် ရည်မှန်းချက်အတွက် ပြန်လည်စိုးရိမ်စရာ ကောင်းလာခဲ့သည်။ 

"အသင်းက ကျွန်တော်တို့ကိုယ်တိုင် မဖြစ်နိုင်တဲ့ ပုံစံနဲ့ ကစားခဲ့တယ်။ ကျွန်တော်တို့ ဘောလုံးကို တစ်သမတ်တည်း မကစားနိုင်ခဲ့ဘူး။ ဒီလို အဆင့်မျိုးမှာ ဒါက လက်ခံနိုင်စရာတော့ မရှိ ပါဘူး။ ကျွန်တော်တို့ရဲ့ပရိသတ်တွေကိုလည်း တောင်းပန်လိုပါတယ်။ ကျွန်တော်တို့မှာ စစ် မှန်တဲ့တည်ငြိမ်မှု မရှိပါဘူး။ ဒါက ကျွန်တော့်အနေနဲ့ အမှန်တကယ် စိုးရိမ်တဲ့အရာပါပဲ" ဟု အာတီတာက ပြောကြားခဲ့သည်။ 

ယင်းပွဲ တွင် ပေါင်ဒဏ်ရာရရှိခဲ့သည့် ကွင်းလယ်လူ ပါတေး၏ဒဏ်ရာအခြေအနေကိုလည်း စိုးရိမ်မိသည်ဟုလည်း အာတီတာက ဝန်ခံခဲ့သည်။  ခရစ္စတယ်ပဲလေ့စ်အနေဖြင့် ယခုနှစ်၏ ပထမဆုံး အိမ်ကွင်းနိုင်ပွဲ ရရှိခဲ့ပြီး ပြိုင်ပွဲစုံနောက် ဆုံး ၁၁ ပွဲတွင် တစ်ပွဲသာ ရှုံးနိမ့်ထားကြောင်း သိရသည်။

Most Read

Most Recent