အိုင်ဗရီကို့စ်နှင့် ခြေစမ်းပွဲတွင် ဆွစ်ဇာလန်နှင့်ပွဲ၌ မပါဝင်ခဲ့သည့် ကစားသမားများကို အခွင့်အရေးပေးမည်ဟု ဆောက်ဂိတ် ဆို

အိုင်ဗရီကို့စ်နှင့် ခြေစမ်းပွဲတွင် ဆွစ်ဇာလန်နှင့်ပွဲ၌ မပါဝင်ခဲ့သည့် ကစားသမားများကို အခွင့်အရေးပေးမည်ဟု ဆောက်ဂိတ် ဆို
Photo: FA
Photo: FA
Published 28 March 2022

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်က အိုင်ဗရီကို့စ်နှင့် ကစားမည့် ခြေစမ်းပွဲတွင် ဆွစ်ဇာလန်နှင့်ပွဲ၌ မပါဝင်ခဲ့သည့် ကစားသမားများကို အခွင့်အရေးပေးသွားမည်ဟု အတည်ပြုပြောကြားခဲ့သည်။

ဆောက်ဂိတ်သည် ဆွစ်ဇာလန်နှင့်ပွဲတွင် ကစားခဲ့သည့် ပွဲထွက်ကစားသမား(၁၁)ဦးစလုံးကို အပြောင်းအလဲပြုလုပ်ရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး ရွေးချယ်ထားသည့် ကစားသမားအားလုံးအပေါ် ယုံကြည်မှုရှိကြောင်း ပြသလိုခြင်းဖြစ်သည်ဟု သိရသည်။

ဆောက်ဂိတ်က ''ကျွန်တော်တို့ အပြောင်းအလဲတွေ ပြုလုပ်သွားမှာပါ။ ဒါဟာ မှန်ကန်တဲ့ လုပ်ရပ်လို့လည်း ထင်ပါတယ်။ အသင်းလူစာရင်းမှာ ရွေးချယ်ခံထားရတဲ့ ကစားသမားအားလုံးကို ကစားခွင့်ရစေချင်ပြီး ဒါဟာ အသင်းအတွက် ပိုပြီးစုစည်းသွားစေမယ်လို့ ထင်ပါတယ်။ ကစားသမားတွေအနေနဲ့ သူတို့အပေါ် ယုံကြည်မှုရှိတယ်ဆိုတာ ခံစားရဖို့လည်း လိုအပ်ပါတယ်''ဟု ပြောကြားခဲ့သည်။

အင်္ဂလန်အသင်းသည် အိုင်ဗရီကို့စ်နှင့် ခြေစမ်းပွဲကိုလည်း ဝင်ဘလေကွင်းတွင်ပင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

Most Read

Most Recent