ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးသုံးဦးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ခန့်အပ်

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးသုံးဦးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ခန့်အပ်
Published 15 March 2022

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးသုံးဦး နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌတို့ကို ခန့်အပ်လိုက်ကြောင်း မတ် ၁၄ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ် ပြန်သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ဦးသောင်းနိုင်၊ ဦးသိန်းကိုကို နှင့် ဒေါ်သင်းသင်းနွဲ့တို့ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌအဖြစ် ဦးသာဋ္ဌေးကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ခန့်အပ် တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent