အသက်မပြည့်ဘဲ လက်ထပ်ထိမ်းမြားရသည့် ဒုက္ခနှင့် ရင်ဆိုင်နေရသည့် မော်ရိုကိုမိန်းကလေးများ

အသက်မပြည့်ဘဲ လက်ထပ်ထိမ်းမြားရသည့် ဒုက္ခနှင့် ရင်ဆိုင်နေရသည့် မော်ရိုကိုမိန်းကလေးများ
(Photo : AFP)
(Photo : AFP)
Published 13 March 2022
Ref : AFP

နာဒီယာသည် အသက် ၁၆နှစ် အရွယ်တွင် ၎င်းဖခင်အရွယ်ခန့်ရှိပြီး ကြမ်းတမ်းသည့် အမျိုးသားတစ်ဦးနှင့် လက်ထပ်ထိမ်းမြားခဲ့ရပြီး ယင်းသည် တရားရေးဆိုင်ရာ လစ်ဟင်းမှုကြောင့် နှစ်စဉ်ထောင်နှင့်ချီသည့် မော်ရိုကိုနိုင်ငံသူ မိန်းကလေးထောင်ချီ ရင်ဆိုင်ကြုံတွေ့နေရသည့်ဖြစ်စဉ်တစ်ခု ဖြစ်သည်။

“ကျွန်မငရဲကျနေသလိုပါပဲ။ဒါပေမဲ့အခုတော့ဒီအိပ်မက်ဆိုးကြီးကနေလွတ်မြောက်ခဲ့ပါပြီ”ဟုနာဒီယာ က ပြောကြားခဲ့သည်။

နာဒီယာသည် မော်ရိုကို၏လူသူအရောက်အပေါက်နည်းသော Anti-Atlas တောင်တန်းဒေသမှ ဖြစ်ပြီးလက်ထပ်ပြီးတစ်နှစ်အကြာတွင် ကွာရှင်းခွင့်အနိုင်ရရှိခဲ့သည်။ လက်ရှိ၌သူသည်အသက်၂ဝအရွယ် ရှိနေပြီဖြစ်ပြီး ၎င်း၏ကျေးရွာတွင်မိဘများနှင့်အတူပြန်နေပြီးစာရေး၊စာဖတ်သင်ကြားနေသည်။

“ကျွန်မရဲ့အိပ်မက်ကတော့ လွတ်လပ်တဲ့သူတစ်ဦးဖြစ်ဖို့ပါ။ကျွန်မဟာ ရွာထဲက ကျွန်မလိုကြုံတွေ့ခဲ့ ရတဲ့အခြားမိန်းကလေးတွေကိုအားပေးတိုက်တွန်းနေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

မော်ရိုကို၏ ၂၀၀၄ ခုနှစ်ကပြဋ္ဌာန်းထားသော မိသားစုဥပဒေတွင် အသက် ၁၈ နှစ်အရွယ်ကိုတရားဝင် လက်ထပ်ထိမ်းမြားနိုင်သည့်အရွယ်အဖြစ် ဖော်ပြထားသော်လည်းယင်း ဥပဒေ၌ တရားသူကြီးများသည်တ ရားဝင်အသက်အရွယ်အောက်ငယ်သည့်ကလေးများအား လက်ထပ်ထိမ်းမြားရန် မိသားစုများကိုအထူး ခွင့်ပြုချက်ပေးခွင့်ပြုထားသည့်အပိုဒ်တစ်ခုပါဝင်သည်။လူ့အခွင့်အရေးအဖွဲ့များကမူ ထိုဟာကွက်ကို ပိတ်ရန်ကာလကြာရှည်တောင်းဆိုခဲ့ကြသည်။

သို့သော် တရားဝင်ထုတ်ပြန်ချက်အရ တရားသူကြီးများသည် ၂၀၂၀ ခုနှစ်တစ်နှစ်အတွင်း၌ကင်းလွတ်ခွင့် ၁၃,၀၀၀ ကိုအတည်ပြုပေးခဲ့သည်ဟု ဆိုသည်။

ယင်းတရားဝင်ထုတ်ပြန်ချက်တွင် တရားဥပဒေအရ အသိအမှတ်မပြုသော ဓလေ့ထုံးတမ်းထိမ်းမြား လက်ထပ်မှုများ၌အရွယ်မရောက်သေးသူများ လက်ထပ်ထိမ်းမြားမှုများ မပါဝင်သေးပေ။

ယင်းကပ်ဘေးသည် လူသူအရောက်အပေါက်နည်းသောဒေသ၊ ကုန်းတွင်းပိတ်ဒေသများတွင်ကျယ် ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည်ဟု YTTO လူ့အခွင့်အရေးအဖွဲ့မှာ နာဂျက် အစ်ဟင့်ချက်ဆိုသည်။

လွန်ခဲ့သည့် ၁၀ နှစ်အတွင်း နာဂျက်ဦးဆောင်သည့် YTTO အဖွဲ့သည် မော်ရိုကို၏လူသူအရောက် အပေါက်နည်းသောတောင်ထူထပ်သည့်ဒေသများသို့ သွားရောက်ပြီး အသက်မပြည့်သေးဘဲ လက်ထပ် ထိမ်းမြားမှု၏အန္တရာယ်ကိုအသိပညာပေးမှုများ၊ဆွေးနွေးမှုများနှင့်အကူအညီများဖြန့်ဝေပေးခဲ့သည်။

မရေရာသော အသက်မွေးဝမ်းကြောင်းအလုပ်များနှင့် ကာလကြာရှည် စွဲမြဲလာသော ရိုးရာအယူများသည် ယင်းအဖွဲ့၏ဆောင်ရွက်ချက်ကို သတိတရားရှိရှိလုပ်ဆောင်နေရသည်။

“ဒါဟာတားမြစ်ထားတဲ့အရာ ဖြစ်တဲ့အတွက် အထိခိုက်မခံတဲ့အလုပ်တစ်ခုဖြစ်ပါတယ်။အဲ့ဒါကြောင့် ကျွန်မတို့တွေဟာ လူတွေနဲ့တွေ့ဆုံတဲ့အခါ သူတို့ရဲ့ယုံကြည်မှုကိုရယူရပါတယ်။အများစုကတော့ကျွန်မတို့ ပြောတာတွေကို နားထောင်ပေးကြတယ်”ဟု ၎င်းကဆိုသည်။

Souss Massa ဒေသတွင် အမျိုးသမီးများ၏ ၄၄ ရာခိုင်နှုန်းသည် ပညာမတတ်ကြကြောင်း၂၀၁၄ ခု နှစ်မှစ၍ တရားဝင်ထုတ်ပြန်သည့် စစ်တမ်းတွင်ဖော်ပြထားသည်။

အမျိုးသမီးများ ပညာတတ်မြောက်ခြင်းနှင့် ၎င်းတို့အားစီးပွားရေးအရ အမှီအခိုကင်းမဲ့စေခြင်းသည် ကလေးသူငယ်လက်ထပ်ထိမ်းမြားမှုများကို တိုက်ဖျက်မှုတွင်အဓိကကျသည်ဟု YTTO ၏တောင်ပိုင်း မော်ရိုကိုညှိနှိုင်းရေးမှူး ကာရီမာ အာရီရာဂျီက ပြောကြားခဲ့သည်။

အာရီရာဂျီသည်ကလေးဘဝက စာသင်ကျောင်းသို့ခြေမချခဲ့ဘူးဘဲ အသက် ၁၄ နှစ်အရွယ်တွင် ၎င်းအသက်ထက် လေးဆကြီးသည့်အသက် ၅၆ နှစ်အရွယ်အမျိုးသားတစ်ဦးနှင့်လက်ထပ်ထိမ်းမြားခဲ့ရသည်။

“ကျွန်မအဖွဲ့အစည်းနဲ့ပူးပေါင်းဖို့ထွက်လာခဲ့ပါတယ်။ကျွန်မအနေနဲ့ဒီဒေသကမိန်းကလေးတွေကို ကူညီဖို့ စိတ်ဆုံးဖြတ်ထားပါတယ်”ဟု အာရီရာဂျီကဆိုသည်။

တာမက်ဟောက်စ်တီဒေသရှိ အများသုံးမီးဖိုတွင်အမျိုးသမီးများသည် အနီးအနားရှိဟိုတယ်များသို့  ပေါင်မုန့်များရောင်းချရန်သို့မဟုတ် ကော်ဇော်များပြုလုပ်ရန်ဆွေးနွေးနေကြသည်။သူတို့အားလုံးသဘော တူညီထားသောတစ်ချက်မှာမိန်းကလေးများအားလုံး ပညာသင်ကြားပိုင်ခွင့်ရှိသည့်အချက်ဖြစ်သည်။

လွန်ခဲ့သည့် ခြောက်နှစ်ကလက်ထပ်ထိမ်းမြားခဲ့သည့် အသက် ၂၃ နှစ်အရွယ် အစ်ဇာအမည်ရှိမိန်းက လေးသည် ၎င်း၏သမီးဖြစ်သူအား ပညာသင်ကြားပေးရန် ကြိုးပမ်းခဲ့သည်ဟု ပြောကြားခဲ့သည်။

“သမီးလေးဟာ သူ့ခြေထောက်ပေါ်သူရပ်တည်နိုင်ပြီး အမှီအခိုကင်းတဲ့သူတစ်ယောက်ဖြစ်လာစေရပါ မယ်။ အဲဒါမှ ကျွန်မရဲ့အခြေအနေလိုမျိုးနဲ့ သူ့ဘဝကိုအဆုံးမသတ်စေနိုင်မှာ”ဟုအစ်ဇာက ပြောကြားခဲ့သည်။

Most Read

Most Recent