ကပ်ရောဂါကို တိုက်ဖျက်ရန် အကူအညီပေးနေသည့် WHO အာဖရိက၏ ပထမဆုံးအမျိုးသမီးခေါင်းဆောင်

ကပ်ရောဂါကို တိုက်ဖျက်ရန် အကူအညီပေးနေသည့် WHO အာဖရိက၏ ပထမဆုံးအမျိုးသမီးခေါင်းဆောင်
(Photo : AP)
(Photo : AP)
Published 13 March 2022
   Ref : AP

ကွန်ဂိုနိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အာဖရိကဌာနချုပ်အအခန်းအတွင်း ဒေါက်တာမက်ရှီဒီဆို မိုးတီ ဝင်ရောက်လာချိန်တွင်လူများ မတ်တပ်ရပ်ကြိုဆိုကြပြီး ၎င်းပြောကြားချက်များကို ဂရုတစိုက်နား ထောင်ကြသည်။

မိုးတီသည်WHO ၏ ဒေသတွင်းအာဖရိကရုံးကို ဦးဆောင်နေသည့် ပထမဆုံးအမျိုးသမီးဖြစ်ပြီး ကမ္ဘာပေါ်တွင်ထိပ်တန်းကျန်းမာရေး စီမံခန့်ခွဲသူများထဲမှတစ်ဦးဖြစ်လာစေရန် သူသည်လူမျိုးရေးခွဲခြားသည့် တောင်အာဖရိကတွင်ခွဲခြားဆက်ဆံခံရမှုများကို ကျော်လွန် အောင်မြင်ခဲ့သည့် ပြယုဂ်တစ်ခု လည်းဖြစ်သည်။

WHO အာဖရိကအကြီးအကဲအဖြစ် မိုးတီသည်အာဖရိက ၅၄ နိုင်ငံတွင် ၄၇ နိုင်ငံ၌ ကျန်းမာရေးအ ကျပ်အတည်းဆိုင်ရာအရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုကို စတင်ခဲ့ပြီး ၎င်းတို့၏ကျန်းမာရေးစနစ်များပိုမိုအား ကောင်းခိုင်မာလာစေရန် မူဝါဒများ ချမှတ်ပေးခဲ့သည်။

၂၀၁၅ ခုနှစ်က ယင်းရာထူး၌ တာဝန်ထမ်းဆောင်ချိန်ကတည်းက မိုးတီသည် အနောက်အာဖရိကတွင် ကမ္ဘာတစ်ဝန်း၌လူသေဆုံးမှုအများဆုံးဖြစ်သည့် အီဘိုလာရောဂါကူးစက်မှုနှင့်ရင်ဆိုင်ခဲ့ရသည်။

မိုးတီသည် ကွန်ဂို၏အီဘိုလာ အကျပ်အတည်းအတွင်း ကန်ထရိုက်တာများက လိင်ပိုင်းဆိုင်ရာတိုက် ခိုက်မှုလုပ်ဆောင်သည့်စွဲချက်များကို ဖြေရှင်းခဲ့ရသည့်အပြင် အာဖရိကတွင် WHO ၏ အသုံးစရိတ်နှင့် အလုပ်ခန့်ထားမှုအပေါ်ဆက်တိုက် ဝေဖန်မှုများကိုလည်း ကိုင်တွယ်ဖြေရှင်းခဲ့သည်။

၎င်း၏ဒုတိယမြောက်သက်တမ်းအစဖြစ်သည့် ၂၀၂၀ ခုနှစ်မှစ၍ မိုးတီသည် ၎င်း၏အခက်ခဲဆုံး လုပ်ငန်းတာဝန်နှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာစိန်ခေါ်မှုဖြစ်သည့် အာဖရိက၏ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ တုံ့ပြန်မှုကို အကူအညီပေးသည့်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသည်။ ထိုအချိန်က အာဖရိကသည် အခြားကမ္ဘာ့နိုင်ငံများ၏ ဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ၊ မရှိစစ်ဆေးမှုများနှင့်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းစဉ်များကို အမီလိုက်နိုင်ခြင်းမရှိဘဲ နောက်ကောက်ကျခဲ့သည်။

မိုးတီသည် အာဖရိကပြည်သူများအတွက် အထူးသဖြင့်ကပ်ရောဂါကြောင့် ဘက်ပေါင်းစုံမှထိခိုက်နေ ရသည့်အမျိုးသမီးများအတွက်ပိုမို ကောင်းမွန်စွာ ထည့်သွင်းစဉ်းစားပေးရန် တိုက်တွန်းခဲ့သည်။အာဖရိ ကအမျိုးသမီးတစ်ဦးအဖြစ် ၎င်း၏တည်ရှိမှုသည် လူ့အဖွဲ့အစည်းအများပြားကို ယောကျင်္ားကြီးစိုးသောစနစ်က လွှမ်းမိုးထားဆဲဖြစ်သည့်အာဖရိကတွင်ခွန်အားတစ်ခုနှင့်အတားအဆီးတစ်ခုဖြစ်နေသည်။

“ကျွန်မဟာ ဒီနေရာမှာကျွမ်း ကျင်သူတစ်ဦး၊စီမံခန့်ခွဲသူ တစ်ဦးနဲ့ခေါင်းဆောင်တစ်ဦးအနေနဲ့သာမက ဒေသထဲကအမျိုးသမီးတစ်ဦးအဖြစ် အကောင်းဆုံးလုပ်ဆောင်ပေးနေပါတယ်။ကျွန်မအထူးအခွင့် အရေးရရှိသူတစ်ဦးလို ခံစားရပါတယ်”ဟုအသက် ၆၇ နှစ်အရွယ်မိုးတီက ပြောကြားခဲ့သည်။

“တစ်ချိန်တည်းမှာပဲ အဖွဲ့အစည်းတစ်ခုကို ဦးဆောင်နေတဲ့အမျိုးသမီးတစ်ဦးဖြစ်တယ်ဆိုတာကို  ကာလကြာရှည် ဂရုမစိုက်မိလောက်အောင် ဖြစ်လာတဲ့နေ့ကိုစောင့်မျှော်နေပါတယ်”ဟု ၎င်းကဆိုသည်။

WHO အာဖရိကတွင်ကျား၊မ တန်းတူညီမျှမှုတိုးတက်လာပြီး မိုးတီသည် အင်တာနက်မှပြုလုပ်သည့်အ စည်းအဝေးအတွင်း အမျိုးသမီးဒါရိုက်တာ လေးဦးနှင့် အမျိုးသားဒါရိုက်တာ လေးဦးတို့အညီအမျှရှိနေ ခြင်းအပေါ် ဂုဏ်ယူမိကြောင်းပြောကြားခဲ့သည်။ ယခင်က ဒါရိုက်တာအဖြစ် အမျိုးသားခြောက်ဦးနှင့်အ မျိုးသမီးသုံးဦးသာ ရှိသည်။

ယင်းအစည်းအဝေးရှိ ဒေါက်တာမယ်ရီ စတီဗင်က မိုးတီအားဒေသတွင်းညွှန်ကြားရေးမှူးအဖြစ်မြင် တွေ့ရခြင်းသည် ၎င်းနှင့်အာဖရိကမှ အခြားသူများအတွက် များစွာအဓိပ္ပာယ်ရှိသည်ဟု ပြောကြားခဲ့သည်။

အာဖရိကတွင် ကပ်ရောဂါကာလအတွင်းအမျိုးသမီးများသည် ကာကွယ်ဆေးထိုးနှံမှုနှုန်း နည်းပါးခြင်း၊ စီးပွားရေးထိခိုက်ခြင်း၊ကိုယ်ဝန်ဆောင်ဦးရေမြင့်တက်လာခြင်း၊အခြားကျန်းမာရေးဆိုင်ရာပြဿနာ များရင်ဆိုင်လာရခြင်းနှင့်အိမ်တွင်း နှင့်လိင်အခြေပြုအကြမ်းဖက်မှုများနှင့်အတူ ခွဲခြားဆက်ဆံခံခဲ့ရပြီး  မိုးတီသည် ထိုမညီမျှမှုများကို ၎င်းအလုပ်တာဝန်အဖြစ်သတ်မှတ်၍ဖြေရှင်းခဲ့သည်။

ကပ်ရောဂါသည် အဓိကနယ်ပယ်များတွင် တည်ရှိဆဲကျားမမညီမျှမှုများကို ပိုမိုဆိုးရွားစေသည်ဟု WHO အာဖရိကကထုတ်ပြန်ခဲ့သည်။အာဖရိကရှိ ကျန်းမာရေးနှင့် လူမှုရေးဝန်ထမ်းများနှင့်တုံ့ပြန်ဆောင်ရွက်ရေးရှေ့တန်းတွင် ၇၀ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ပြီး အမျိုးသား COVID-19 အထူးတာဝန်အဖွဲ့၏ ၈၅ ရာခိုင်နှုန်းကို အမျိုးသားများဦးဆောင်နေသည် ဟု ကုလသမဂ္ဂကထုတ်ပြန်ခဲ့သည်။

မိုးတီသည် ပြည်သူ့ကျန်းမာရေးတွင် အနှစ် ၄၀ နီးပါး အတွေ့အကြုံ ရှိခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကပ် ရောဂါသည် ၎င်းအတွက်စိန်ခေါ်မှု အသစ်များဖြစ်နေသည်။

ကပ်ရောဂါကာလအတွင်းငယ်ရွယ်သည့်အာဖရိကမိန်းကလေးများကို တွေးမိပြီး ၎င်းတို့အားကူညီပေးကာ စိတ်ဓာတ်ခွန်အားတက်ကြွစေလိုသည်ဟု မိုးတီကဆိုသည်။

“ကျွန်မဟာလည်းတောင်အာဖရိကမြို့တစ်မြို့က ကလေးတစ်ဦးအဖြစ် လမ်းတွေပေါ်မှာလျှောက် ပြေးဆော့ခဲ့ဖူးပါတယ်။သူတို့တွေ (မိန်းကလေး)ကို အားတက်စေနိုင်ဖို့ မျှော်လင့်ပါတယ်”ဟုမိုးတီကပြော ကြားခဲ့သည်။                

Most Read

Most Recent