၂၀၂၂ ခုနှစ် ငါးလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရွှေသတ္တုလုပ်ကွက်များမှ ရွှေသတ္တု ၁၈၇၄ ဒသမ ၅၉ ထရိုင်အောင်စ ထုတ်လုပ်ထားပြီး မန္တလေးတိုင်းဒေသကြီးမှ အများဆုံးဖြစ်

၂၀၂၂ ခုနှစ် ငါးလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရွှေသတ္တုလုပ်ကွက်များမှ ရွှေသတ္တု ၁၈၇၄ ဒသမ ၅၉ ထရိုင်အောင်စ ထုတ်လုပ်ထားပြီး မန္တလေးတိုင်းဒေသကြီးမှ အများဆုံးဖြစ်
မြန်မာနိုင်ငံအထက်ပိုင်းရှိ ရွှေလုပ်ကွက်တစ်ခုကို တွေ့ရစဉ်
မြန်မာနိုင်ငံအထက်ပိုင်းရှိ ရွှေလုပ်ကွက်တစ်ခုကို တွေ့ရစဉ်
Published 13 March 2022

၂၀၂၁ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီလကုန်အထိ ငါးလအတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ရွှေသတ္တုလုပ်ကွက်များမှ ရွှေသတ္တု ၁၈၇၄ ဒသမ ၅၉ ထရိုင်အောင်စ ထုတ်လုပ်ထားပြီး မန္တလေးတိုင်းဒေသကြီးမှ အများဆုံး ထုတ်လုပ်ထားကြောင်း သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာ တွင် ရွှေသတ္တု ၃၆၀ ဒသမ ၃၇ ထ ရိုင်အောင်စ၊ နိုဝင်ဘာတွင် ၃၀၃ ဒသမ ၄၂ ထရိုင်အောင်စ၊ ဒီဇင်ဘာ ၌ ၇၀၇ ဒသမ ၄၂၀ ထရိုင်အောင်စ၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ၁၈၅ ဒသမ ၃၆ ထရိုင်အောင်စ၊ ဖေဖော်ဝါရီတွင် ၃၁၈ ဒသမ ၀၂ ထရိုင် အောင်စဖြင့် စုစုပေါင်း ၁၈၇၄ ဒသမ ၅၉ ထရိုင်အောင်စ ထုတ်လုပ်ထားသည်။

အဆိုပါငါးလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ ၁၁၅ ဒသမ ၉၃ ထရိုင်အောင်စ၊ မန္တလေးတိုင်းဒေသကြီးမှ ၁၁၄၈ ဒသမ၁၁ ထရိုင်အောင်စ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှ ၂၈၅ ဒသမ ၁၃ ထရိုင်အောင်စ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) မှ ၃၂၅ ဒသမ ၄၂ ထရိုင်အောင်စဖြင့် စုစုပေါင်း ၁၈၇၄ ဒသမ ၅၉ ထရိုင်အောင်စ ထုတ်လုပ်ထားသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အကြီးစား၊ အလတ်စား၊ အသေးစား၊ စမ်းသပ်နှင့် စမ်းသပ် ဖြစ်မြောက်သတ္တုလုပ်ကွက် စုစုပေါင်း ၁၁၆၉ ခု ခွင့်ပြုပေးထားပြီး မန္တလေးတိုင်းဒေသကြီးတွင် အများဆုံးဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနမှ သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အကြီးစားလုပ်ကွက်ခွင့်ပြု မိန့်ထုတ်ပေးထားမှုအနေဖြင့် ကချင် ပြည်နယ်တွင် သုံးကွက်၊ ကယား ပြည်နယ်၌ တစ်ကွက်၊ ကရင်ပြည် နယ်တွင် ငါးကွက်၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂၄ ကွက်၊ တနင်္သာရီ တိုင်းဒေသကြီးတွင် ၁၈ ကွက်၊ နေပြည်တော်၌ သုံးကွက်၊ မကွေးတိုင်း ဒေသကြီး၌ သုံးကွက်၊ မန္တလေးတိုင်းဒေသကြီး၌ ၃၉ ကွက်၊ မွန် ပြည်နယ်၌ ငါးကွက်၊ ရခိုင်ပြည်နယ် ၌ တစ်ကွက်၊ ရှမ်း (တောင်) ၌ ၁၆ ကွက်၊ ရှမ်း (မြောက်) ၌ ၁၉ ကွက်၊ ရှမ်း (အရှေ့) ၌ နှစ်ကွက်နှင့် ဧရာ ဝတီတိုင်းဒေသကြီးတွင် နှစ်ကွက်ဖြင့် စုစုပေါင်း ၁၄၁ ကွက်ဖြစ်သည်။

အလတ်စား လုပ်ကွက်အနေဖြင့်  ကချင်ပြည်နယ်တွင် ရှစ်ကွက်၊ ကယားပြည်နယ်တွင် ငါးကွက်၊ စစ် ကိုင်းတိုင်းဒေသကြီးတွင် ၃၉ ကွက်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁၀ ကွက်၊ ပဲခူးတိုင်းဒေသကြီး၌ တစ်ကွက်၊ မကွေးတိုင်းဒေသကြီးတွင် ခြောက်ကွက်၊ မန္တလေးတိုင်းဒေသကြီး၌ ၁၀၇ ကွက်၊ ရှမ်း (တောင်) ၌ ၂၄ ကွက်၊ ရှမ်း (မြောက်) ၌ ၁၀ ကွက်၊ ရှမ်း (အရှေ့) ၌ ၂၇ ကွက်ဖြင့် စုစုပေါင်း ၂၃၇ ကွက်ဖြစ်သည်။

အသေးစားလုပ်ကွက်အနေဖြင့် ကချင်ပြည်နယ်တွင် ၆၇ ကွက်၊ ကယားပြည်နယ်တွင် ၁၀ ကွက်၊ ကရင်ပြည်နယ်တွင် ၃၄ ကွက်၊ စစ်ကိုင်းတိုင်းဒေသကြီး၌ ၁၁၁ ကွက်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၃၅ ကွက်၊ ပဲခူးတိုင်းဒေသကြီး၌ ငါးကွက်၊ မကွေးတိုင်းဒေသကြီး၌ ၃၃ ကွက်၊ မန္တလေးတိုင်းဒေသကြီး၌ ၁၂၉ ကွက်၊ မွန်ပြည်နယ်တွင် ကိုးကွက်၊ ရှမ်း (တောင်) ၌ ၆၉ ကွက်၊ ရှမ်း (မြောက်) ၌ ၄၉ ကွက်၊ ရှမ်း (အရှေ့) ၌ ၄၀ ကွက်၊ ဧရာဝတီတိုင်းဒေသကြီး၌ တစ်ကွက်ဖြင့် စုစုပေါင်း ၅၉၂ ကွက်ဖြစ်သည်။

စမ်းသပ်လုပ်ကွက်အနေဖြင့် ကချင်ပြည်နယ်တွင် ၂၅ ကွက်၊ ကရင်ပြည်နယ်၌ နှစ်ကွက်၊ ချင်းပြည်နယ်တွင် သုံးကွက်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၄ ကွက်၊ တနင်္သာရီတိုင်းဒေသကြီး၌ ၁၇ ကွက်၊ ပဲခူးတိုင်းဒေသကြီးတွင် တစ်ကွက်၊ မကွေးတိုင်းဒေသကြီး၌ ခုနစ်ကွက်၊ မန္တလေးတိုင်းဒေသကြီး၌ ၂၉ ကွက်၊  မွန်ပြည်နယ်၌ တစ်ကွက်၊ ရှမ်း (တောင်) ၌ ၁၀ ကွက်၊ ရှမ်း (မြောက်) ၌ ခုနစ်ကွက်၊ ရှမ်း (အရှေ့) ၌ ငါး ကွက်ဖြင့် စုစုပေါင်း ၁၂၁ ကွက်ဖြစ်သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်  သတ္တုလုပ်ကွက်များအနေဖြင့် ကချင်ပြည်နယ်၌ ၁၀၆ ကွက်၊ ကယားပြည်နယ်တွင်  ၁၆ ကွက်၊ ကရင်ပြည်နယ်တွင် ၄၂ ကွက်၊ ချင်းပြည်နယ်တွင် လေးကွက်၊ စစ်ကိုင်း တိုင်းဒေသကြီးတွင် ၂၁၄ ကွက်၊ တနင်္သာရီတိုင်းဒေသကြီး၌  ၈၄ ကွက်၊ နေပြည်တော်၌ သုံးကွက်၊ ပဲခူးတိုင်း ဒေသကြီး၌ ခုနစ်ကွက်၊ မကွေးတိုင်းဒေသကြီး၌ ၅၁ ကွက်၊ မန္တလေးတိုင်းဒေသကြီး၌ ၃၁၈ ကွက်၊ မွန်ပြည် နယ်၌ ၁၇ ကွက်၊ ရခိုင်ပြည်နယ်၌ တစ်ကွက်၊ ရှမ်း (တောင်) ၌ ၁၃၂ ကွက်၊ ရှမ်း (မြောက်) ၌ ၉၀ ကွက်၊ ရှမ်း (အရှေ့) ၌ ၈၁ ကွက်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် သုံးကွက်ဖြင့် စုစုပေါင်း ၁၁၆၉ ကွက်ဖြစ်သည်။

Most Read

Most Recent