မီးပုံမှန်မလာခြင်း၊ စက်သုံးဆီစျေးမြင့်တက်ခြင်းကြောင့် စက်ရုံအများစု စက်သုံးဆီကုန်ကျစရိတ်ကြီးမားပြီး အလုပ်သမားများကို အချိန်ပိုအလုပ်ချိန်လျှော့ချမှုရှိလာခြင်းနှင့် ရွှေစျေး ကျပ်သိန်း ၂၀ ကျော်အထိ မြင့်တက်ခဲ့ခြင်း

မီးပုံမှန်မလာခြင်း၊ စက်သုံးဆီစျေးမြင့်တက်ခြင်းကြောင့် စက်ရုံအများစု စက်သုံးဆီကုန်ကျစရိတ်ကြီးမားပြီး အလုပ်သမားများကို အချိန်ပိုအလုပ်ချိန်လျှော့ချမှုရှိလာခြင်းနှင့် ရွှေစျေး ကျပ်သိန်း ၂၀ ကျော်အထိ မြင့်တက်ခဲ့ခြင်း
ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်မြင်ကွင်း (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်တစ်ဆိုင်မြင်ကွင်း (ဓာတ်ပုံ-ကြည်နိုင်)
Published 13 March 2022

၂၀၂၂ ခုနှစ် မတ် ၇ ရက်တွင် မြန်မာ့ရွှေစျေးနှုန်း ကျပ်သိန်း ၂၀ နီးပါးသို့ ရောက်ရှိလာပြီး စျေးကွက်အတွင်း ပြန်လည်ရောင်းချခြင်းများရှိခဲ့ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့် က ပြောကြားသည်။

ကမ္ဘာ့ရွှေစျေးနှုန်းမှာ မတ် ၇ ရက်စျေးအရ ရွှေတစ်အောင်စလျှင် ၁၉၉၅ ဒေါ်လာသို့ ရောက်ရှိလာသည်။ ကမ္ဘာ့စျေးနှုန်းမှာ ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်ကာ တစ်အောင်စလျှင် ၁၈၉၉ ဒေါ်လာသို့ စတင် ရောက်ရှိလာပြီး မတ်လမှစကာ တစ်အောင်စလျှင် ၁၉၀၆ ဒေါ်လာသို့ စတင်ရောက်ရှိခဲ့သည်။

ယင်းသို့ စျေးနှုန်းများမြင့်တက်လာသဖြင့် မြန်မာ့ရွှေစျေးကွက် အတွင်း ပြန်လည်ရောင်းချခြင်းများရှိ လာကြောင်း၊ သို့သော်အချို့က စျေးကွက်အခြေအနေကို စောင့်ကြည့်ခြင်းများရှိသေးကြောင်း ဦးမျိုးမြင့်က ဆိုသည်။

မတ် ၉ ရက်တွင် ကမ္ဘာ့ရွှေစျေး ၂၀၄၈ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ ကျပ် ၂၀၆၂၀၀၀ ဝန်းကျင်သို့ရောက်ရှိလာပြီး တစ်ရက်အတွင်း ကျပ်ငါးသောင်းကျော် ခုန်တက်ခဲ့သည်။

မတ် ၈ ရက် နံနက်ခင်းက ၁၆ ပဲရည် အခေါက်ရွှေ စျေးနှုန်းမှာ ကျပ် ၁၉၈၉၀၀၀ ဝန်းကျင်ဖြင့်စျေးဖွင့်ခဲ့မှ မတ် ၈ရက်နေ့လည်တွင် ၂၀၁၂၀၀၀ ဝန်းကျင်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ မတ် ၉ ရက်တွင် ပြည်တွင်း ရွှေစျေးနှုန်းမှာ ကျပ် ၂၀၆၂၀၀၀ ဝန်းကျင်သို့ရောက်ရှိလာခြင်းဖြစ်သဖြင့် နှစ်ရက်အတွင်း ကျပ်ငါးသောင်းကျော် ခုန်တက်ခဲ့ခြင်းဖြစ်သည်။

အလားတူ နိုင်ငံခြားငွေလဲနှုန်း ဒေါ်လာစျေးလည်း မြင့်တက်လာပြီး  မတ် ၉ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၇၈၆ ဝန်းကျင်သာရှိသော်လည်း ငွေလဲကောင်တာနှင့် ပြင်ပစျေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၂၀၄၀ ကျော်ဖြင့် ရောင်းချခဲ့ကြသည်။

 

မီးပုံမှန်မလာခြင်း၊ စက်သုံးဆီစျေး မြင့်တက်ခြင်းကြောင့် စက်ရုံအများစု အလုပ်သမားများကို အချိန်ပို အလုပ်ချိန် လျှော့ချခြင်းများရှိလာ

မီးပုံမှန်မလာခြင်း၊ စက်သုံးဆီစျေး မြင့်တက်ခြင်းကြောင့် စက်ရုံအများစုတွင် စက်သုံးဆီကုန်ကျစရိတ် ကြီးမားပြီး အလုပ်သမားများကို အချိန်ပိုအလုပ်ချိန်လျှော့ချခြင်းများ ရှိလာကြောင်း မတ် ၁၀ ရက်တွင် စက် မှုဇုန်ကော်မတီများထံမှ သိရသည်။

စက်ရုံများတွင် မကြာခဏမီးပျက်သည့်အတွက် မီးစက်များဖြင့် လည်ပတ်နေရပြီး စက်သုံးဆီစျေးနှုန်းများ မြင့်တက်နေသည့်နည်းတူ ဝယ်ယူရသည့် အခက်အခဲများဖြစ်ပေါ်နေကြောင်း၊ ထို့အတွက် အလုပ် သမားများကိုလည်း အချိန်ပိုအလုပ် ချိန်လျှော့ချခြင်းများ ရှိလာကြောင်း ရွှေလင်ဗန်းစက်မှုဇုန်ကော်မတီတာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မီးပျက်ပေမဲ့လည်း စက်ရုံတွေကတော့လည်ပတ်ကြပါတယ်။ ကျွန်တော်တို့ဆီမှာတော့ ပိတ်လိုက်ရတဲ့ အထိတော့ မရှိသေးပါဘူး။ ကျွန်တော်တို့က စက်သုံးဆီအသင်းကိုတော့ စက်ရုံအလိုက် ရောင်းချပေးဖို့ စာတင်ထားတယ်။ ဒါပေမဲ့ ခုချိန်အထိတော့မရသေးဘူး။ ဆီကလည်း စျေးကတက်လာတယ်။ အပြင်မှာလည်း သိပ်ဝယ်လို့မရတော့ဘူး။ ဒီအတိုင်းကြာလာရင်တော့ ဒုက္ခရောက်မှာပေါ့။ မီးပျက်တာများတော့ စက်ရုံတွေ ပိုထိခိုက်တာပေါ့။ ဘာလို့ဆိုပြင်ပဆီနဲ့ လျှပ်စစ်မီတာနဲ့ကျတော့ ကုန်ကျစရိတ်က အရမ်းကွာသွားတယ်လေ။ အဲဒီတော့ စက်ရုံတွေက လည်ပတ်နှုန်းကို လျှော့ချတဲ့ ပုံစံဖြစ်သွားတာပေါ့။ ဒီအတိုင်း ဆိုရင်တော့ ရေရှည်မကောင်းဘူးပေါ့နော်။ ခုဆို အချိန်ပိုမခေါ်နိုင်တော့ဘူးပေါ့။ ပုံမှန်တော့ လည်ပတ်နေကြ ပါတယ်။ အဓိကကတော့ မီးပျက်မယ့် အချိန်ကိုလည်း ကြိုမသိတာပေါ့။ ဘယ်အချိန်ကနေ ဘယ်အချိန်အထိ ပျက်မလဲဆိုတာ ကြိုမသိတဲ့အတွက် တချို့စက်ရုံတွေကျတော့ ၂၄ နာရီ လည်ပတ်တာရှိတဲ့အတွက် အဆင်မ ပြေဘူး။ အဲဒီတော့ မီးပျက်မယ့်အချိန်ကို ကြိုသိချင်တာ။ အဓိက က တော့ မီးမလာတာထက် စက်သုံးဆီ ဝယ်လို့မရတာ ပိုဆိုးတယ်။ ဆီဝယ်ခွင့်လည်း မကျသေးတော့ ပိုဆိုးတာပေါ့။ ပုံမှန်အစိုးရစျေးနှုန်းနဲ့ ဝယ်ခွင့်ရမယ်ဆိုရင်တော့ မဆိုးဘူးပေါ့။ ခုအတိုင်းသာသွားမယ်ဆိုရင် ပိုဆိုးသွားမယ်”ဟု ရွှေလင်ဗန်းစက်မှုဇုန်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရွှေသံလွင်စက်မှုဇုန်ကော်မတီမှ တာဝန်ရှိသူတစ်ဦးကလည်း ယင်းသို့ မီးပျက်သည့်အတွက် စက်ရုံများတွင် အခက်အခဲများစွာ ဖြစ်ပေါ်ရကြောင်း၊ အချို့စက်ရုံများကခံနိုင်သော်လည်း အချို့မခံနိုင်သည့်စက်ရုံ များရှိကြောင်း ပြောကြားသည်။

“အခက်အခဲတွေကတော့ မီးမရတဲ့အတိုင်း ရှိနေတာပေါ့နော်။ မီးနဲ့မှ လည်ပတ်ရတာဆိုတော့ မီးက မှန်ကိုမမှန်တော့ စက်ရုံတွေမှာ ခက်ခဲတာပေါ့။ တစ်နေ့မှာ တစ်ခါတလေကျရင် သုံးနာရီလောက်ပဲ ရတာပေါ့။ စက်ရုံတွေကတော့ တော်တော်အခက်အခဲရှိတာပေါ့။ မလာတဲ့အခါကျရင် စက်သုံးဆီနဲ့လည်ရတာ။ စက် သုံးဆီကလည်း အရမ်းစျေးတက်နေတော့ခက်ခဲတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကုန်ကျစရိတ်တွေက တက်လာ တော့ ပိုပြီးဆိုးသွားနိုင်တာပေါ့။ တချို့ခံနိုင်မယ့် စက်ရုံတွေကတော့ခံနိုင်မှာပေါ့။ တချို့မခံနိုင်တဲ့စက်ရုံ တွေကျတော့လည်း မခံနိုင်ဘူးပေါ့။ ကျွန်တော်တို့ဇုန်ထဲမှာတော့ ပိတ်လိုက်ရတဲ့အထိမရှိသေးပါဘူး။ ဒါပေ မဲ့လည်း တော်တော်တော့ညည်းညူနေကြပြီ။ တချို့စက်ရုံတွေဆို စက္ကန့်ပိုင်းလေး ပျက်တာတောင်မှ ကော်စေ့ စက်ရုံဆိုရင် တန်ပေါင်းများစွာ ပျက်စီးသွားတာ။ အဲဒါမျိုးတွေတော့ရှိတာပေါ့။ ဒီရက်ပိုင်းတွေမှာ စက် သုံးဆီစျေးတွေက တောက်လျှောက်တက်လာတော့ နောက်ပိုင်းဘယ်လိုတွေလာမလဲမသိဘူးပေါ့။ အချိန်ပို တွေဘာတွေတော့ခေါ်တာမရှိတော့ပါဘူး။ ပုံမှန်အလုပ်ချိန်ပဲလည်ပတ်နေကြတာပေါ့”ဟု ရွှေသံ လွင်စက်မှုဇုန်ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လှိုင်သာယာမြို့နယ်မှ အထည်ချုပ်စက်ရုံတာဝန်ခံတစ်ဦးကလည်း စက်ရုံ၌ မီးမကြာခဏပျက်သည့်အတွက် စက်သုံးဆီစရိတ်များစွာကုန်ကျကြောင်း ပြောကြားသည်။

“စက်ရုံတွေကတော့ ဆီစျေး  စျေးကြီးတော့ ခက်ခဲတာပေါ့။ မီးခဏခဏပျက်တော့ ဆီဖိုးနဲ့ပဲအများ ကြီးကုန်တယ်။ မီးကပျက်တော့ ကုန်တာပေါ့။ မီးကပျက်၊ ဆီကလည်း စျေးတက်တော့ ပိုခက်ခဲတာပေါ့။ အ လုပ်သမားတွေကိုတော့ ပုံမှန်အလုပ်ချိန်အတိုင်းပဲ။ ကျွန်တော်တို့ဆီမှာတော့ အလုပ်ချိန်လျှော့ချတာတွေ မရှိသေးပါဘူ။ အချိန်ပိုတွေလည်းအရင်လိုခေါ်ပါတယ်။ ဆီဖိုးကတော့ကုန်တာပေါ့”ဟု ယင်းစက်ရုံတာဝန်ခံက ပြောကြားသည်။

         

ပြောင်းစေ့၊ ပြောင်းမှုန့် အပါအဝင် ပြောင်းကို တစ်ဆင့်မြှင့်ကြိတ်ခွဲထုတ်လုပ်ထားသည့်ပစ္စည်းများ ပါဝင်သည့် ကုန်စည်လိုင်းများ ဧပြီ ၁ ရက်မှစ၍ ပို့ကုန်လိုင်စင် လျှောက်ထား ရယူပြီးမှသာ တင်ပို့ခွင့်ပြုမည်

ပြောင်း၊ နှံစားပြောင်း၊ ပြောင်းစေ့၊ ပြောင်းမှုန့်အပါအဝင် ပြောင်းကို တစ်ဆင့်မြှင့်ကြိတ်ခွဲထုတ်လုပ် ထားသည့်ပစ္စည်းများ ပါဝင်သည့် ကုန်စည်လိုင်းများ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ပို့ကုန်လိုင်စင် လျှောက်ထားရယူပြီးမှသာ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ် မတ် ၉ ရက်က ကုန်သွယ်ရေးဦးစီး ဌာနက ထုတ်ပြန်လိုက်သည်။

ပြည်ပသို့တင်ပို့သည့် ကုန်စည်လိုင်းများ နှင့်စပ်လျဉ်း၍ ပို့ကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် ထပ်တိုးသတ်မှတ်ထုတ်ပြန်ခြင်းကို စီးပွားရေးနှင့်ကူးသန်းရောငး်ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ(၃/၂၀၂၂) ဖြင့် ထုတ် ပြန်ခြင်းဖြစ်သည်။

ပြည်ပသို့တင်ပို့သည့် ကုန်စည်အချို့ကို နိုင်ငံတော်လုံခြုံရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ ပတ်ဝန်းကျင်ထိခိုက်မှုကိုကာကွယ်ရန် ရည်ရွယ်လျက် H.S Code 6 digit ဖြင့် ကုန်စည် ၇၇၈ လိုင်း သို့မဟုတ် H.S  Code 10 digit ဖြင့် ကုန်စည် ၁၂၂၄ လိုင်းကို ပို့ကုန်လိုင်စင် လျှောက်ထားရန်လိုသောကုန်စည်လိုင်းများ အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၅၁/၂၀၂၀) ဖြင့် ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် ပြောင်း၊  နှံစားပြောင်း၊ ပြောင်းစေ့၊ ပြောင်းမှုန့် အပါအဝင် ပြောင်းကို တစ်ဆင့် မြှင့်ကြိတ်ခွဲထုတ်လုပ်ထားသည့် ပစ္စည်းများ ပါဝင်သည့် ပူးတွဲပါ 2017 Customs Tariff of Myanmar  အရ H.S Code 6 digit ဖြင့် ကုန်စည် ၁၁ လိုင်း သို့မဟုတ် H.S Code 10 digit ဖြင့် ကုန် စည် ၁၂ လိုင်းကို ပို့ကုန်လိုင်စင် လျှောက်ထားရန် လိုသော ကုန်စည်လိုင်းများအဖြစ် ထပ်တိုးသတ်မှတ် ထုတ်ပြန်လိုက်သည်။

သို့ဖြစ်ရာ အထက်အပိုဒ် ၂ ပါ  လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအနက် မည်သည့် ကုန်စည်ကိုမဆို ပြည်ပမှ ပင်လယ် ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ မှတင်ပို့ရာတွင် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှစတင်၍ လုပ်ထုံးလုပ်နည်း နှင့်အညီ ပို့ကုန်လိုင်စင်လျှောက် ထားရယူပြီးမှသာ တင်ပို့ခွင့်ပြုမည် ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဂျုံစေ့နှင့် ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ ပါဝင်သည့် ကုန်စည် ၁၄၁ လိုင်းကို သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသော ကုန်စည် လိုင်းများအဖြစ် မတ် ၂ ရက် မှစ၍ ထပ်တိုးသတ်မှတ်ကြောင်း ကုန်သွယ် ရေးဦးစီးဌာနက ပို့ကုန်၊ သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ (၂/၂၀၂၂) ထုတ်ပြန်ထားသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှု  နောက်ဆက်တွဲအနေဖြင့် စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းခြင်းကို ပြန်လည်ကုစားနိုင်ရန်၊ နိုင်ငံ၏ပို့ကုန်တင်ပို့မှု၊ သွင်းကုန်တင်သွင်းမှုများ စနစ်တကျရှိစေရန်နှင့် ပြည်ပမှကုန် စည်များ တင်သွင်းမှုအတွက် နိုင်ငံခြားငွေကြေးအသုံးပြုမှုကို ထိန်းညှိဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြည် ပမှတင်သွင်းသည့်ကုန်စည်အချို့ကို သွင်းကုန်လိုင်စင်စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ် ၆၈/၂၀၂၀ အရ သွင်းကုန်လိုင်စင် လျှောက်ထားရန်လိုသော HS. Code 10 digit ဖြင့် ကုန်စည်လိုင်း ၃၉၃၁ လိုင်း၊ ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ (၁၈/၂၀၂၁) ဖြင့် ထုတ်ပြန်ထားသော HS. Code 10 digit ဖြင့် ကုန်စည်လိုင်း ၃၀၇၀ လိုင်း၊ သတင်းလွှာ (၁/၂၀၂၂) ဖြင့် ထုတ်ပြန်ထားသော HS. 10 Code digit  ဖြင့် ကုန်စည် ၈၂၆ လိုင်းအပါအဝင် ပူးတွဲပါ HS. Code များဖြင့် သတ်မှတ်ထားသော ကုန်စည်များသည် သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းများဖြစ်ကြောင်းနှင့် အထက်အပိုဒ် ၂ ပါ လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအနက် မည်သည့်ကုန်စည်ကိုမဆို ပြည်ပမှပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တင်သွင်းရာတွင် ၂၀၂၂ခုနှစ် မတ် ၂ ရက်မှစတင်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ သွင်းကုန်လိုင်စင်လျှောက်ထားရ ယူပြီးမှသာ တင်သွင်းခွင့်ပြုလျက်ရှိသည်။

Most Read

Most Recent