မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးနေစဉ် (ဓာတ်ပုံ - ကြည်နိုင်)
ကိုဗစ် ထပ်ဆင့်မြှင့်ကာကွယ်ဆေးဆိုတာ ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူတို့ရဲ့ ခုခံအားစနစ်က ဗိုင်းရပ်ပိုးကိုပြန်လည်မှတ်မိအောင် ကာကွယ်ဆေးထပ်ထိုးရတဲ့ တတိယမြောက် ကာကွယ်ဆေးပဲဖြစ်ပါတယ်။ မူလထိုးနှံထားတဲ့ ကိုဗစ်ကာကွယ်ဆေးက အချိန်တစ်ခုအကြာမှာ ဗိုင်းရပ်ကိုမှတ်မိနိုင် စွမ်းကျဆင်းသွားတဲ့အတွက် မှတ်ဉာဏ်ပြန်လည်ရရှိအောင် ထပ်ဆင့်မြှင့်ကာကွယ်ဆေး ထပ်မံထိုးနှံထားရခြင်းပဲ ဖြစ်ပါတယ်။
အသက်၁၈ နှစ်ကျော်သူတိုင်း နောက်ထပ်ကိုဗစ်မဖြစ်ရလေအောင် ထပ်ဆင့်မြှင့် ဆေးထိုးနိုင်ပါတယ်။အသက် ၆၀ ကျော်သူ တွေ၊ နာတာရှည်ရောဂါရှိသူတွေနဲ့ ကျန်းမာ ရေးလုပ်သားများ ဦးစားပေးထိုးပါတယ်။ထပ်ဆင့်မြှင့်ကာကွယ်ဆေးက ရောဂါဖြစ်စေတဲ့ဗိုင်းရပ်ကို ခုခံအားစနစ်က ပြန်လည်မှတ်မိအောင် ကူညီပေးပြီး ပိုးကူးစက်ခံရရင် တိုက်ထုတ်ဖို့ အဆင်သင့်အနေအထားဖြစ်စေပါတယ်။ မူလထိုးနှံထားတဲ့ကာကွယ်ဆေးရဲ့ထိရောက်မှု ကျဆင်းလာချိန်မှာထပ်ဆင့်မြှင့် ကာကွယ်ဆေးထိုးဖို့လိုအပ်ပါတယ်။ အိုမီခရွန် ကူးစက်မှုနှုန်းမြင့်မားလာချိန်မှာ ပြင်းပြင်းထန်ထန်ဝေဒနာမခံစားရတာက ထပ်ဆင့်မြှင့်ကာကွယ်ဆေးရဲ့အကျိုးဆက်ကြောင့် ဖြစ်ပါတယ်။
ထပ်ဆင့်မြှင့်ဆေးရဲ့အကျိုးသက်ရောက်မှုက ၁၀ ပတ်ကြာမှာ လျော့ကျသွားတတ်ပေမဲ့ ရောဂါဆိုးရွားမှုကို ကာကွယ်နိုင်စွမ်းက ကျန်ရှိနေပါတယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။ နောက်ဆုံးလေ့လာထားမှုအရ မူလ ကာကွယ်ဆေး နှစ်ကြိမ်ထိုးအပြီး ၂၀ ပတ်အ ကြာမှာရောဂါ အပျော့စားကိုကာကွယ်နိုင်စွမ်း ပျောက်ကွယ်သွားတတ်လို့ သိရပါတယ်။ ထပ် ဆင့်ကာကွယ်ဆေးထိုးပေးပြီး ရောဂါကာ ကွယ်နိုင်စွမ်း (၆၅-၇၀ ရာခိုင်နှုန်း) အထိ မြင့် တက်လာပေမဲ့ ဆေးထိုးအပြီး၁၀ ပတ်ကြာမှာ (၄၅-၅၀ ရာခိုင်နှုန်း)အထိပြန်လည်ကျဆင်း သွားပါတယ်။
ထပ်ဆင့်မြှင့်ဆေးရဲ့ဆိုးရွားတဲ့ ရောဂါကို ကာကွယ်နိုင်စွမ်းက ၁၀ ပတ်အကြာမှာ ၈၃ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်သေးတယ် လို့ ဗြိတိန်မှသုတေသီတွေက ဇန်နဝါရီ ၁၄ ရက်က ထုတ်ဖော်လိုက်ပါတယ်။
၂၀၂၁ ခုနှစ် သြဂုတ်လမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီအထိ အရေးပေါ်ဌာနကိုရောက်ရှိလာတဲ့လူနာပေါင်း ၂၄၁၂၀၁၄ ဦးနဲ့ ဆေးရုံ တက် လူနာပေါင်း ၉၃၄၀၈ ဦးကို အမေရိကန် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာ က ပြုလုပ်ထားတဲ့လေ့လာမှုများလည်း ကာ ကွယ်ဆေးသုံးကြိမ်ထိုးထားသူတွေက ဆေး ထိုးပြီး နှစ်ပတ်ကြာမှာ ဆေးရုံတက်ရနိုင်ခြေ ရာခိုင်နှုန်း ၉၀ လျှော့ချနိုင်ပြီး ဆေးထိုးပြီး လေး ပတ်အကြာမှာ ဆေးရုံတက်ရနိုင်ခြေ ၇၈ ရာ ခိုင်နှုန်းလျှော့ချနိုင်ကြောင်း တွေ့ရှိထားပါတယ်။
ကိုဗစ်ကာကွယ်ဆေးတွေက ကိုရိုနာဗိုင်း ရပ်အတွက် အကောင်းဆုံးကာကွယ်မှုပဲဖြစ်ပါ တယ်။ တတိယအကြိမ် ထိုးနှံသင့်ပါတယ်။ကိုဗစ်စည်းမျဉ်းတွေဖြစ်တဲ့ နှာခေါင်းစည်း တပ်ခြင်း၊ လက်ကိုရေဆပ်ပြာနဲ့စက္ကန့် ၂၀ ကျော် ကြာပွတ်တိုက်ဆေးကြောခြင်း၊ ဟန်းဂျယ်သုံး ခြင်း၊ လူတစ်းနဲ့တစ်းခြောက်ပေခွာခြင်း၊ လူစု လူဝေးရှောင်ခြင်း၊ လေဝင်လေထွက် ကောင်း စေခြင်း စတဲ့နည်းလမ်းတွေနဲ့ကြိုတင်ကာကွယ် နိုင်ပါတယ်။
ကိုဗစ် ကာကွယ်ဆေးထိုးနှံတာကြောင့်ရုတ်တရက် အကြားအာရုံ ဆုံးရှုံးနိုင်ခြေပုံမှန် ထက်ပိုမြင့်မားလာမှုမရှိဘူးလို့ အမေရိကန် သုတေသီ ဒေါက်တာအဲရစ်မော်မီစတာက ဆိုပါတယ်။ အမေရိကန်နိုင်ငံမှာ ကာကွယ်ဆေး ထိုးနှံသူ ၁၈၅ သန်းကျော်မှာ ရုတ်တရက်အကြား အာရုံပိုင်းဆိုင်ရာဆုံးရှုံးမှုခံစားခဲ့ရသူ ၅၅၅ ဦး ရှိခဲ့ကြောင်း စာရင်းဖော်ပြထားပါတယ်။ အမေ ရိကန်မှာ ခုလိုရုတ်တရက် အကြားအာရုံစနစ် ချို့ယွင်းဆုံးရှုံးမှုက နှစ်စဉ်လူတစ်သိန်းမှာ ၂၈ ဦးမျှရှိနေခဲ့တာဖြစ်ပြီး ယခုဖော်ပြစာရင်းအရ ကပ်ရောဂါမတိုင်မီကာလတွေမှာနဲ့ ဖြစ်ပွားမှု နှုန်းက မကွာခြားတာ တွေ့ရတယ်လို့ ဂျားမား ခွဲစိတ်ဗေဒရဲ့လေ့လာမှုအရ ဆိုပါတယ်။
ကာကွယ်ဆေးထိုးနှံမှုနဲ့ အကြားအာရုံ ဆုံးရှုံးမှုမျိုးတိကျတဲ့ အဖြေမတွေ့ရဘူးလို့ ဒေါက်တာအဲရစ်က ဆိုပါတယ်။ ကာကွယ် ဆေးထိုးပြီး နောက်ပိုင်းမှာ အကြားအာရုံဆုံး ရှုံးမှုခံစားလာရတဲ့ ၅၅၅ ဦးထဲမှာ ၃၀၅ ဦးက အမျိုးသမီးတွေဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်ဒီဇင်ဘာ ၁၄ ရက်မှ ၂၀၂၁ ခုနှစ် ဇူလိုင် ၁၆ ရက်အထိရောဂါထိန်း ချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာကို ကာကွယ် ဆေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးနဲ့သက်ဆိုင်တဲ့ အစီရင်ခံစာမှုစာ တစ်စောင်ထဲမှာစာရင်းတင် ပြလာရာမှာ ရုတ်တရက်အကြားအာရုံချို့ယွင်း ဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီး ပထမဆုံးအကြိမ် အဖြစ် သုတေသီတွေက ခွဲခြမ်းစိတ်ဖြာလေ့ လာခဲ့ကြတာပဲဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါကြောင့် မိဘနဲ့အုပ် ထိန်းသူဆုံးရှုံးသွားရတဲ့ ကလေး ၅ ဒသမ ၂ သန်းရှိလာကြောင်း ဆိုပါတယ်။ ကပ်ရောဂါ ကြောင့် မိဘနဲ့အုပ်ထိန်းသူတွေ ဆုံးပါးသွားခဲ့ ရပြီး ၎င်းင်းတို့အပေါ် သင့်လျော်မှန်ကန်တဲ့စောင့်ရှောက်မှု အမြန်ဆုံး ကူညီပံ့ပိုးပေးဖို့လို အပ်တယ်လို့ သုတေသန ဦးဆောင်သူ ဆူဆန် ဟေလစ်က ဆိုပါတယ်။
ကပ်ရောဂါကြောင့် မိဘတွေနဲ့အုပ်ထိန်း သူတွေဆုံးပါးသွားခဲ့ရပြီး သင့်လျော်မှန်ကန် တဲ့စောင့်ရှောက်မှု အမြန်ဆုံး ပံ့ပိုးကူညီပေးဖို့ လိုအပ်တယ်လို့ သုတေသန ဦးဆောင်သူ ဆူဆန်ဟေလစ်က ဆိုလိုရင်းဖြစ်ပါတယ်။
နိုင်ငံတိုင်းရဲ့ကပ်ရောဂါဆိုင်ရာတုံ့ပြန် ရေးအစီစဉ်တိုင်းမှာ မိဘအုပ်ထိန်းသူဆုံးရှုံးခဲ့ ရတဲ့ကလေးတွေကို ကူညီစောင့်ရှောက်ပံ့ပိုး မှုတွေပါ ချက်ချင်းထည့်သွင်း ဆောင်ရွက်ပေး ဖို့လိုအပ်တယ်လို့ ဆိုပါတယ်။ မိဘအုပ်ထိန်း သူ ဆုံးရှုံးခဲ့ရတဲ့ကလေးတွေထဲမှာ ကလေး ဦး ရေ ၂ ဒသမ ၁ သန်းရှိနေပြီး အသက်ငါးနှစ်မှ ကိုးနှစ်အရွယ် အုပ်စုထဲမှာ ၇၄၀၀၀ ဦး၊ အသက် ၁၀ နှစ်မှ ၁၇ နှစ်အရွယ်အုပ်စုထဲက ၂ ဒသမ ၁ သန်း၊ အသက်ငါးနှစ်ထက်ပိုငယ်တဲ့ ကလေးငယ်တွေမှာ ၅၀၀၀၀၀ နီးပါးရှိတယ် လို့ သိရပါတယ်။ ၂၀၂၀ ပြည့်နှစ်မတ်လ မှ ၂၀၂၁ ခုနှစ်အောက်တိုဘာ ၃၁ ရက်ကြား စု ဆောင်းရရှိတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အခြား ၁၉ နိုင်ငံက အချက်အလက်တွေအခြေ ပြုပြီးတွက်ချက်လေ့လာခဲ့ရာ မိဘအုပ်ထိန်း သူ ဆုံးရှုံးရတဲ့ ကလေးတွေမှာနာမကျန်းမှု အဖြစ်မျ ားလာန ိုင်တဲ့အပြင် ဆင်းရဲမှုဒဏ်၊ အနိုင်ကျင့် ခေါင်းပုံဖြတ်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ အိပ်ချ်အိုင်ဗီ၊ အေအိုင်ဒီ အက်ရောဂါကူးစက်မှု၊ စိတ်ထိခိုက်မှုနဲ့စိတ်
ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေ အကြမ်း ဖက်အဖွဲ့အစည်းမှာ လူသစ်စုဆောင်းခံရတာ တွေရှိလာနိုင်တာကြောင့် တတ်နိုင်သမျှအမြန် ဆုံးစနစ်တကျ ကာကွယ်စောင့်ရှောက်မှုအကူ ညီပေးသင့်တယ်လို့ ဆူဆန်က ဆိုပါတယ်။
ကိုဗစ်ကာကွယ်ဆေးကို ဖိုင်ဇာကုမ္ပဏီက ခြောက်လမှ ငါးနှစ်အတွင်းကလေးများ ထိုးနှံဖို့ အစားအသောက်နဲ့ဆေးဝါးကွယ်ကဲမှု ဌာနထံတင်ပြထားပါတယ်။
ခွင့်ပြုချက်ရရှိရင် မတ်လအတွင်းထိုးနှံသွားမှာဖြစ်ပါတယ်။ အသက် ၅-၁၀ နှစ်ကြား ကလေးအုပ်စုမှာ ကိုဗစ်ဖိုင်ဇာကထိရောက်မှု နည်းတာတွေ့ရတယ်လို့ အမေရိကန်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာက ဆိုပါတယ်။ ဆယ်ကျော်သက်အုပ်စုတွေနဲ့ ယှဉ်ရင် ၅-၁၁ နှစ်ကြား အုပ်စုကကလေးတွေမှာ ကိုဗစ် ကာကွယ်ဆေးက အရေးပေါ်ကုသဆောင်မှာ ကုသရမှုတွေကနေကာကွယ်ပေးနိုင်မှု လျော့နည်းတာ တွေ့ရပါတယ်။ ကာကွယ်ဆေးထိုးပြီးနောက်ဗိုင်းရပ်ကူးစက်ချိန်ရောဂါ လက္ခဏာ ပြင်းထန်မှုကြောင့် ဆေးရုံတက်
ကုသရမှုကနေကာကွယ်ပေးနိုင်မှုကို လေ့လာ ခဲ့ကြတာလို့ သိရပါတယ်။ အသက် ၁၂-၁၇ နှစ်အရွယ် ဆယ်ကျော်သက်အုပ်စုမှာ ကာကွယ် ဆေးနှစ်လုံးထိုးပြီးချိန် ပထမဆုံးကာလအ တွင်း ရောဂါပြင်းထန်နိုင်ခြေ ၈၃ ရာခိုင်နှုန်းကာကွယ်ပေးနိုင်တာတွေ့ရပြီး ငါးလကျော် နောက်ပိုင်းမှာ ၁၂-၁၅ နှစ်ကြား အစောပိုင်း ဆယ်ကျော်သက်အုပ်စုမှာ ကာကွယ်ဆေး ထိ ရောက်မှု ၃၈ ရာခိုင်နှုန်းအထိ ကျဆင်းပြီး ၁၆-၁၇ နှစ်တွေမှာကာကွယ်ဆေးရဲ့ထိရောက် မှု ၄၆ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း သိရတယ်။
အသက် ၅-၁၁ နှစ်ကြား ကလေးအုပ်စု တွေမှာ ကာကွယ်ဆေးထိရောက်မှု ၁၀၀ ရာ ခိုင်နှုန်းကနေ ၄၈ ရာခိုင်နှုန်းအထိကျဆင်း သွားတယ်လို့ သိရတယ်။
စာသင်ကျောင်းတွေမှာ ကျောင်းတက် နေသူတွေ နှာခေါင်းစည်းတပ်ဖို့ ထုတ်ပြန် ချက်ကို ဖြေလျှော့ပေးဖို့စီစဉ်ကြပေမဲ့ နာမ ကျန်းမှု ပြင်းထန်တာ၊ ဆေးရုံတက်ကုသရတာ၊ သေဆုံးနိုင်ခြေတွေကို ကာကွယ်ထားနိုင်ဖို့ ကာကွယ်ဆေးထိုးနိုင်ကြဖို့ဆက်ပြီး အကြံပြု တိုက်တွန်းထားတယ်လို့ (CDC) ကဆိုတယ်။
အိုမီခရွန်က ကာကွယ်ဆေးမထိုးနှံရ သေးသူတွေ၊ ဆီးချိုစတဲ့ရောဂါအခံရှိသူတွေ၊ အေအိုက်ဒီအက်စ်ရောဂါ၊ ကင်ဆာရောဂါ အခံရှိသူတွေမှာ ရောဂါပြင်းထန်တတ်ပါ တယ်။ အိမ်မှာ တစ်ယောက်ဖြစ်ပြီဆိုရင် နှာ ခေါင်းစည်းမတပ်ထားမိလို့ တစ်အိမ်လုံးကုန် သလောက် ဖြစ်သွားတတ်ပါတယ်။ အိုမီခရွန် ရောဂါ လက္ခဏာတွေက ဖျားတာ၊ အသက်ရှူ ရခက်ခဲတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာ တာ၊ နှာစေးတာ၊ ဝမ်းလျှောတာ၊ ကိုယ်လက် ကိုက်ခဲတာ၊ နုန်းချိတာ၊ ခေါင်းကိုက်တာစတာ တွေဖြစ်နိုင်ပါတယ်။ အိုမီခရွန်က ဒယ်တာ လောက် ပြင်းပြင်းထန်ထန် မဖြစ်ဘူးဆိုပေမဲ့ ကာကွယ်ဆေးမထိုးထားရင် အိမ်ကလူကြီး တွေ ပိုပြီးခံစားရပါတယ်။ ဆေးရုံတက်ရနိုင်ပါ တယ်။ အောက်ဆီဂျင် ရှူရနိုင်ပါတယ်။ သေ ဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာ မွေးကင်းစကလေး ကိုဗစ် ကူးစက်လို့ သေဆုံးမှုတွေ့နေရပြီး အသက်ကြီး ရောဂါအခံရှိသူတွေ ရောဂါပြင်းထန်လို့ဆေး ရုံ တက်ကုသမှုတွေရှိနေပါပြီ။ ၂၀၂၂ ခုနှစ် မတ် ၁၀ ရက်အထိ ကမ္ဘာပေါ်မှာ ကိုဗစ်ကူး စက်သူ ၄၅၁ သန်း၊ ကိုဗစ်ကြောင့် သေဆုံး ခြောက်သန်းနဲ့မြန်မာနိုင်ငံမှာ ကိုဗစ်ဖြစ်ပွား သူ ၆၀၂၃၂၁ ဦး၊သေဆုံးသူ ၁၉၃၉၈ ဦးရှိလာ ပြီဖြစ်လို့ မပေါ့ဆသင့်ပါဘူး။ ကိုဗစ်စည်း မျဉ်း များလိုက်နာကာ ကိုဗစ်ကာကွယ်ဆေး သုံး ကြိမ် ထိုးနှံထားကြဖို့လိုအပ်လာပြီပဲဖြစ်တယ်။










