ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် သိန်း ၂၀ ကျော်ရောက်ရှိ၊ ရန်ကုန်စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ကျပ် ၂၁၃၀ သို့မြင့်တက်

ရွှေဈေး တစ်ကျပ်သားလျှင် ကျပ် သိန်း ၂၀ ကျော်ရောက်ရှိ၊ ရန်ကုန်စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ကျပ် ၂၁၃၀ သို့မြင့်တက်
Published 8 March 2022

ရွှေစျေး တစ်ကျပ်သားလျှင် ကျပ် သိန်း ၂၀ ကျော်ရောက်ရှိ၊ ရန်ကုန်စက်သုံးဆီစျေးနှုန်းမှာ ၉၂ တစ်လီတာလျှှင် ကျပ် ၂၁၃၀ သို့ မြင့်တက်လာကြောင်း စျေးကွက်အတွင်းမှ သိရသည်။

ရွှေစျေးနှုန်းမှာ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ မွန်းလွဲပိုင်း ထုတ်ပြန်ချက်အရ တစ်ကျပ်သားလျှင် ကျပ် ၂၀၁၂၀၀၀ သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ရွှေစျေးမှာ မွန်းလွဲပိုင်းထုတ်ပြန်ချက်အရ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၀၁၄ သို့ ရောက်ရှိလာခဲ့သည်။

မြန်မာ့ရွှေစျေးနှုန်းမှာ မတ် ၇ ရက် အပိတ်စျေးအရ ၁၉ သိန်း ကိုးသောင်းကိုးထောင်ဖြင့် ပိတ်ခဲ့ရာ ယနေ့တွင် ကျပ် ၂၂၀၀၀ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

စက်သုံးဆီစျေးနှုန်းမှာလည်း လွန်ခဲ့သည့် နှစ်ရက်ခန့်က ၉၂ တစ်လီတာလျှင် ၁၉၃၀ ကျပ်သာရှိခဲ့ရာမှာ မတ် ၈ ရက်တွင် ရန်ကုန်စက်သုံးဆီစျေးကွက်အတွင်း ဆီဆိုင်အများစု၏ စျေးဖွင့်မှုအရ ၉၂ တစ်လီတာလျှင် ကျပ် ၂၁၃၀ သို့ မြင့်တက်လာခဲ့သည်။ ယင်းကြောင့် စက်သုံးဆီစျေးနှုန်းမှာ ကျပ် ၂၀၀ အထိမြင့်တက်လာခြင်းဖြစ်သည်။

မတ် ၈ ရက်တွင် ရန်ကုန်စက်သုံးဆီစျေးကွက်အတွင်း ရောင်းချနေသည့် စက်သုံးဆီစျေးနှုန်းများမှာ ၉၅ တစ်လီတာလျှင် ၂၁၉၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၂၃၂၅ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၂၃၃၅ ကျပ် ရှိကြောင်း သိရသည်။

 

Most Read

Most Recent