ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ၎င်း၏ နျူကလီးယား တပ်ဖွဲ့များကို အသင့်အနေအ ထားတွင် ရှိစေရန် တပ်လှန့်နှိုးဆော်ထားပြီး ယင်းအပေါ် အနောက်နိုင်ငံများက အပြင်းအထန် ကန့်ကွက်အပြစ်တင်ခဲ့သည်။
ယူကရိန်းအား ရုရှားက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်မှာ ငါးရက်မြောက်သို့ ရောက်ရှိလာသည့်တိုင် ယူကရိန်း၏ ကြံ့ကြံ့ခံ ခုခံမှုနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။
ဖေဖော်ဝါရီ ၂၈ ရက်၌ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ကြုံတောင့်ကြုံခဲအဖြစ် အရေးပေါ် အစည်းအဝေးတစ်ရပ် ပြုလုပ်ကာ ၎င်းစစ်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးအဖြေရှာ သွားမည်ဖြစ်သည်။
ရုရှား၏ ထိုးစစ်ဆင်မှု ကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီး နေရပ်စွန့်ခွာ ထွက်ပြေးရသည့် စစ်ဘေးရှောင် ပြည်သူ သန်းနှင့်ချီ ရှိလာမည်ကို စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
ယူကရိန်း အစိုးရကလည်း ဘီလာရုစ်နှင့် နယ်စပ်တွင် ရုရှားကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ စေလွှတ်ရန် သဘောတူခဲ့သည်။
ယင်းသည် စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် ပိုင်း နှစ်နိုင်ငံအကြား ပထမဆုံးအကြိမ် လူသိရှင် ကြား ထိတွေ့ဆက်ဆံမှု ဖြစ်လာမည်ဖြစ် သည်။
ဖေဖော်ဝါရီ ၂၄ ရက်တွင် ရုရှားက ယူက ရိန်းကို စတင်ကျူးကျော်ခဲ့ပြီး ယူကရိန်း၏ အဓိက စစ်ဖက်ဆိုင်ရာ အဆောက်အအုံများ ကို ဖျက်ဆီးခဲ့ကြောင်း ကြေညာခဲ့သော်လည်း ယင်းနောက်ပိုင်းမှစ၍ ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားမှုများ ပိုမိုအရှိန်မြင့်လာခဲ့သည်။
အနောက်နိုင်ငံများက စစ်လက်နက်များ ထောက်ပံ့ထားသည့် ယူကရိန်း စစ်တပ်သည် ရုရှားတပ်များ၏ ထိုးစစ်ဆင်မှုကို ပိတ်ဆို့ဟန့် တားလျက် ရှိသည်ဟု အမေရိကန်ပြည်ထောင် စုက ပြောကြားခဲ့သည်။ အမေရိကန်သည် ရု ရှားအပေါ် အနောက်နိုင်ငံများ၏ ပြစ်တင် ရှုတ်ချမှုကို ဦးဆောင်ခဲ့ပြီး ဒဏ်ခတ်ပိတ်ဆို့ မှုများကိုလည်း ချမှတ်ခဲ့သည်။
ရုရှားသမ္မတ ပူတင်သည် အနောက်နိုင်ငံများ၏ မိတ်ဆွေမပီသသော လုပ်ရပ်များဟု ဆိုထားသော အစီအစဉ်များကို တုံ့ပြန်ရန်အ တွက် ၎င်း၏နျူကလီးယား တပ်ဖွဲ့ကို အသင့် အနေအထားတွင် ရှိစေရန် တပ်လှန့်ခဲ့သည်။ ရုရှားသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး နျူ ကလီးယားလက်နက် အင်အားကို ပိုင်ဆိုင် ထားသကဲ့သို့ ပဲ့ထိန်းဒုံးလက်နက် အများအ ပြားကိုလည်း ပိုင်ဆိုင်ထားသည်။
ကမ္ဘာပေါ်တွင် ဒုတိယမြောက် နျူကလီးယားလက်နက် အင်အားအကြီးဆုံးဖြစ်သော အမေရိကန် ပြည်ထောင်စုက သမ္မတပူတင်၏ လုပ်ရပ်သည် လုံးဝလက်သင့်မခံနိုင်စရာဖြစ် ကြောင်း ပြင်းထန်စွာ ဝေဖန်ခဲ့သည်။
ဂျာမနီနိုင်ငံကမူ ပူတင်၏ ထိုးစစ်မှာ ရပ်တန့်သွားပြီဖြစ်ပြီး နောက်ထပ် အစီအမံ များ မရှိတော့သဖြင့် ယင်းကဲ့သို့ အမိန့်ပေးခဲ့ ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ရုရှားနှင့် ပြုလုပ်ရန် စီစဉ်ထားသော ဆွေးနွေးမှုများ မတိုင်မီ ယူကရိန်း တပ်ဖွဲ့ဝင် များသည် အဓိက မြို့ကြီးများကို ကာကွယ်နိုင် ခဲ့သည်ဟု ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီ ထရို ကူလီဘာက ပြောကြားခဲ့သည်။ မိမိတို့ အနေဖြင့် လုံးဝအရှုံးပေးမည် မဟုတ်ဘဲ မိမိ တို့၏ ပိုင်နက်နယ်မြေကို တစ်လက်မတောင် အပါခံမည် မဟုတ်ဟုလည်း ၎င်းင်းက ဆိုသည်။
ယူကရိန်း၏ ဒုတိယအကြီးဆုံး မြို့ဖြစ် သော ခါကိဗ်အား ရုရှား၏ ထိုးစစ်ဆင်မှုကို တွန်းလှန်နိုင်ခဲ့သည်ဟု ဖေဖော်ဝါရီ ၂၇ ရက် တွင် ယူကရိန်းစစ်တပ်က ဆိုသည်။














